- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာနှင့် လောင်စာဆီဈေး မြင့်တက်လာမှု ကုလသတိပေး
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော် စစ်အာဏာရယူပြီးကတည်းက အစားအစာနှင့် လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဆင်းရဲသော အခြေခံမိသားစုများ စားနပ်ရိက္ခာရရှိနိုင်မှု အခက်အခဲများကြုံတွေ့နေ ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီက မတ်လ ၁၆ ရက်တွင် သတိပေးလိုက်သည်။
18 Mar 2021

DMG ၊ မတ် ၁၈
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော် စစ်အာဏာရယူပြီးကတည်းက အစားအစာနှင့် လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဆင်းရဲသော အခြေခံမိသားစုများ စားနပ်ရိက္ခာရရှိနိုင်မှု အခက်အခဲများကြုံတွေ့နေ ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီက မတ်လ ၁၆ ရက်တွင် သတိပေးလိုက်သည်။
ရန်ကုန်မြို့အနီးဝန်းကျင် နေရာအချို့တွင် ဖေဖော်ဝါရီလအစတည်းက စားအုန်းဆီ ဈေးနှုန်း ၂၀ ရာခိုင်နှုန်း မြင့်တက်လာပြီး စားသောက်ကုန်ဈေးနှုန်းများ မြင့်လာကြောင်း၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ဖေဖော်ဝါရီလကုန်မှစပြီး ဆန်ဈေးနှုန်းမှာ ၄ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကပြောကြားသည်။
ကချင်ပြည်နယ် အချို့နေရာများတွင် ဆန်ဈေးနှုန်းမှာ ၃၅ ရာခိုင်နှုန်း တက်ခဲ့ပြီး ရခိုင်ပြည်နယ် နေရာအများအပြားတွင် ဆီနှင့်ပဲမျိုးစုံဈေးနှုန်းမှာ သိသိသာသာမြင့်တက်ခဲ့ကြောင်း WFP ကြေညာချက်တစ်ခု တွင် ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး လောင်စာဆီဈေးနှုန်းသည် နိုင်ငံတစ်ဝန်းလုံးတွင် ၁၅ ရာခိုင်နှုန်း အထိ တက်ခဲ့ပြီး အစား အစာဈေးနှုန်း ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်ရကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။