ဖိလစ်ပိုင်ရှိ အမေရိကန်စစ်စခန်းများအတွက် ကန်ဒေါ်လာ ၆၆ ဒသမ ၅ သန်း သုံးစွဲမည်

၂၀၁၄ လုံခြုံရေးသဘောတူညီချက်အရ အမေရိကန်အစိုးရသည် ဖိလစ်ပိုင်တွင်ရှိနေသည့် စစ်စခန်းသုံးခုတွင် သင်တန်းနှင့် သိုလှောင်ရုံများ စတင်ဆောင်လုပ်ရန် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၅ သန်း အသုံးပြုသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားသွားသည်။

By Admin 16 Nov 2022

ဖိလစ်ပိုင်ရှိ အမေရိကန်စစ်စခန်းများအတွက် ကန်ဒေါ်လာ ၆၆ ဒသမ ၅ သန်း သုံးစွဲမည်

ဓာတ်ပုံ - USNI

DMG ၊ နိုဝင်ဘာ ၁၆

၂၀၁၄ လုံခြုံရေးသဘောတူညီချက်အရ အမေရိကန်အစိုးရသည် ဖိလစ်ပိုင်တွင်ရှိနေသည့် စစ်စခန်းသုံးခုတွင် သင်တန်းနှင့် သိုလှောင်ရုံများ စတင်ဆောင်လုပ်ရန် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၅ သန်း အသုံးပြုသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားသွားသည်။

အဆင့်မြင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (EDCA)အရ ဖိလစ်ပိုင်ရှိ စခန်းငါးခုအနက် သုံးခုတွင် ဆောက်လုပ်ရေးစီမံကိန်းများကို နောက်နှစ်တွင် စတင်ဆောင်ရွက်သွားမည်ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

EDCA အရ အမေရိကန်သည် ဖိလစ်ပိုင်တွင် စစ်အခြေစိုက်စခန်း ထားရှိခွင့်ရထားပြီး လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအတွက် သင်္ဘောနှင့် လေယာဉ်များ ထားရှိခွင့်ရှိသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ နယ်မြေကြီးစိုးရေး ကြိုးပမ်းမှုများ မြင့်တက်လာမှုနှင့်အတူ ဖိလစ်ပိုင်နှင့် အမေရိကန် နှစ်နိုင်ငံလုံးအတွက် EDCA သဘောတူညီချက်သည် အရေးပါလျက်ရှိသည်။

အမေရိကန်အစိုးရသည် ဖိလစ်ပိုင်တွင် နောက်ထပ်အခြေစိုက်စခန်း ငါးခု ထပ်မံဆောက်လုပ်ခွင့် အဆိုပြုထားပြီး ၎င်းကို ဖိလစ်ပိုင်ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဆုံးဖြတ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ဦးစီးချုပ် ဘာတိုလိုမီဘာကာရိုက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၊ အမေရိကန် နှစ်နိုင်ငံအကြားတွင် အပြန်အလှန် စစ်ဘက်ကာကွယ်ရေး သဘောတူညီချက် ရှိထားသည်မှာ နှစ်ပေါင်း ၇၀ ကြာမြင့်ခဲ့ပြီဖြစ်သလို နှစ်စဉ်လည်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ရှိသည်။

ဗီဒီယိုများ