- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
အမေရိကန်ဆေးရုံများ၌ ကိုရိုနာကူးစက်လူနာ ၉၆ သန်းအထိ ကုသပေးနိုင်အောင် ပြင်ဆင်
အမေရိကန်က ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၉၆ သန်းအထိ လက်ခံကုသပေးနိုင်အောင် ပြန်ဆင်နေကြတယ်ဆိုပြီး ဒီနေ့ တက်လာတဲ့ Daily Mail သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံတွင်း သေဆုံးသူဦးရေဟာ ငါးသိန်းနီးပါးအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတဲ့ အစီရင်ခံစာ တစ်စောင်ကိုလည်း ဒီသတင်းဌာနက ကိုးကားဖော်ပြထားပါသေးတယ်။
07 Mar 2020

အမေရိကန်က ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၉၆ သန်းအထိ လက်ခံကုသပေးနိုင်အောင် ပြန်ဆင်နေကြတယ်ဆိုပြီး ဒီနေ့ တက်လာတဲ့ Daily Mail သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံတွင်း သေဆုံးသူဦးရေဟာ ငါးသိန်းနီးပါးအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတဲ့ အစီရင်ခံစာ တစ်စောင်ကိုလည်း ဒီသတင်းဌာနက ကိုးကားဖော်ပြထားပါသေးတယ်။
ဒီသတင်းဟာ Business Insider သတင်းဌာနမှာ ဖော်ပြထားတဲ့ Slide Show တစ်ခုအပေါ် အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။ ဒီ Slide Show ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အွန်လိုင်းနှီးနှောဖလှယ်ပွဲတစ်ခုမှာ ဒေါက်တာ ဂျိမ်းစ်လော်လာက တင်ပြခဲ့တာပါ။
ဒေါက်တာ ဂျိမ်းစ်လော်လာဟာ နီဘရာစကာတက္ကသိုလ် ဆေးပညာဌာနက ပါမောက္ခတစ်ဦးဖြစ်ပါတယ်။ ဖော်ပြပါအချက်အလက်တွေကို သူတင်ပြခဲ့တဲ့အချိန်က ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုပေါင်း ရှစ်သောင်းကျော်ရှိပါတယ်။ အမေရိကန်နိုင်ငံတွင်း ကူးစက်မှုပေါင်း ၆၀ ဝန်းကျင်ရှိပြီး သေဆုံးသူမရှိသေးပါဘူး။ တစ်ပတ်အကြာမှာတော့ အမေရိကန်နိုင်ငံတွင်း ကူးစက်မှုစုစုပေါင်း ၇၀၀ နဲ့ သေဆုံးသူ စုစုပေါင်း ၁၇ ဦးအထိ ရှိသွားပါပြီ။

ဒေါက်တာ ဂျိမ်းလော်လာရဲ့တင်ပြချက်ဟာ လွန်လွန်ကျူးကျူးတွက်ချက်ထားတယ်လို့ ယူဆချင်ရင်လည်း ယူဆလို့ ရမယ့်အခြေအနေမှာရှိပါတယ်။ ဒီသတင်းဟာ Daily Mail လို သတင်းဌာနမျိုးမှာ ဖော်ပြထားတာဖြစ်တဲ့အတွက် ချဲ့ကားထားတယ်လို့ ယူဆစရာလည်း ရှိပါတယ်။
ဒါပေမဲ့ ထည့်တွက်ထားရမှာတစ်ခုက ၂၀၁၇-၁၈ တုပ်ကွေးရာသီတုန်းက အမေရိကန်မှာ သေဆုံးသူစုစုပေါင်း ၆၀,၀၀၀ ကျော်၊ ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရသူ စုစုပေါင်း တစ်သန်းနီးပါး ရှိခဲ့တယ်ဆိုတာပါပဲ။ အမေရိကန်နိုင်ငံတွင်းမှာ ဖြစ်ခဲ့ပြီး တခြားကမ္ဘာ့နိုင်ငံတွေကို ကူးစက်မှု မရှိခဲ့တဲ့အတွက် ယခုကိုရိုနာဗိုင်းရပ်စ်လောက် လူသိမများတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အမေရိကန်ဆေးရုံများအသင်းက တင်ပြခဲ့တဲ့ စာတမ်းတစ်ခုမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ အများကြီးဆိုးဝါးနိုင်ပြီး ရေရှည်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၈၀,၀၀၀၊ ဆေးရုံတက် ကုသမှုခံယူရသူ ၄.၈ သန်းအထိ ရှိလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီတွက်ချက်မှုဟာ ပုံမှန်ဖြစ်နေကျ ရာသီတုပ်ကွေးရဲ့ အပြင်းထန်ဆုံး အခြေအနေထက်ကို ၁၀ ဆနီးပါး ပိုမိုပြင်းထန်နေပါတယ်။

ထရမ့်အစိုးရဟာ ကနဦးတုန်းကတော့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၂.၅ ဘီလျံသုံးမယ်လို့ လျာထားပါတယ်။ မတ်လ ၈ ရက် သောကြာနေ့မှာ ဒီဥပဒေကို သမ္မတထရမ့် အတည်ပြုလက်မှတ်ရေးထိုးချိန်မှာတော့ အသုံးစရိတ်ကို ၈.၃ ဘီလျံအထိ တိုးမြှင့်ထားတာကို တွေ့ရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စနေနေ့မှာ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိထားတဲ့ နိုင်ငံစုစုပေါင်း ၉၂ နိုင်ငံရှိသွားပါပြီ။ ကူးစက်မှုပေါင်း တစ်သိန်းကျော်သွားပြီဖြစ်သလို သေဆုံးသူစုစုပေါင်းဟာလည်း လည်း ၃,၄၈၃ ဦးရှိသွားပြီဖြစ်ပါတယ်။
ဆက်စပ်သတင်းများ -
■ ကိုရိုနာတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၈.၃ ဘီလျံ အမေရိကန်အစိုးရ သုံးမည်
■ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်သုံးစွဲဖို့ အသင့်ဖြစ်ပြီ
■ ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု မည်မျှအထိ ဆိုးဝါးလာနိုင်သနည်း