- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
ဗီအိုအေဝန်ထမ်း ၁၃၀၀ အပါအဝင် အမေရိကန်အစိုးရ ရန်ပုံငွေဖြင့် လည်ပတ်သည့် မီဒီယာများကို ထရမ့်အမိန့်ဖြင့် ဆိုင်းငံ့
အမေရိကန်အစိုးရ၏ ရန်ပုံငွေ ထောက်ပံ့ငွေဖြင့် လည်ပတ်နေသည့် VOA ၊ RFA ၊ RFE အပါအဝင် အခြား အသံလွှင့်ဌာနများမှ ဝန်ထမ်းအများအပြားသည် ၎င်းတို့ကို လုပ်ငန်းဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း အသိပေးစာများ ရရှိခဲ့ပြီး ဝန်ထမ်းကဒ်နှင့် ရုံးလုပ်ငန်းပစ္စည်းကိရိယာများကို ပြန်အပ်ကြရန်ပါ အသိပေးခံခဲ့ရခြင်း ဖြစ်သည်။
16 Mar 2025

သမ္မတထရမ့်အစိုးရအဖွဲ့သည် မတ်လ ၁၅ ရက်နေ့က ဗီအိုအေ အမေရိကန်အသံလွှင့်ဌာန အပါအဝင် မီဒီယာအများအပြားမှ သတင်းသမားများအား ခွင့်ပေးပြီး လုပ်ငန်းချက်ချင်း ရပ်ဆိုင်းလိုက်ကြောင်း သတင်းဌာန အများအပြား၏ ဖော်ပြချက်များအရ သိရသည်။ ရုရှားနှင့် တရုတ်ကို သတင်းအချက်အလက် တန်ပြန်ရေးအတွက် အထူးအရေးပါပြီး ဆယ်စုနှစ်များစွာ လည်ပတ်လာခဲ့သည့် သတင်းမီဒီယာများအား ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်းလည်း ဖြစ်သည်။
အမေရိကန်အစိုးရ၏ ရန်ပုံငွေ ထောက်ပံ့ငွေဖြင့် လည်ပတ်နေသည့် VOA ၊ RFA ၊ RFE အပါအဝင် အခြား အသံလွှင့်ဌာနများမှ ဝန်ထမ်းအများအပြားသည် ၎င်းတို့ကို လုပ်ငန်းဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း အသိပေးစာများ ရရှိခဲ့ပြီး ဝန်ထမ်းကဒ်နှင့် ရုံးလုပ်ငန်းပစ္စည်းကိရိယာများကို ပြန်အပ်ကြရန်ပါ အသိပေးခံခဲ့ရခြင်း ဖြစ်သည်။
၂၀၂၅ မတ်လ ၁၅ ရက် စနေနေ့က ခွင့်ပေးပြီး လုပ်ငန်းရပ်ဆိုင်းခံရသူများအနက် မိမိလည်း ပါဝင်ကြောင်း VOA ညွှန်ကြားရေးမှူး မိုက်ကယ် အေဘရာမိုဝစ်က ပြောကြားသည်။
“VOA ဟာ အမြော်အမြင်ရှိရှိနဲ့ ပြန်လည်တည်ဆောက်ရေး လိုအပ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ တိုးတက်မှုတွေ ရှိထားပါတယ်။ ဒါပေမဲ့ ဒီကနေ့ လုပ်ရပ်ကတော့ ဗီအိုအေကို သူ့ရဲ့ အရေးကြီးစီမံချက်ကို ဆက်လက် မဆောင်ရွက်နိုင်အောင် ဖြစ်စေခဲ့ပါပြီ” ဟု အေဘရာမိုဝစ်က ဖေ့စ်ဘုတ်ပေါ်တွင် ရေးသားထားသည်။
ဗီအိုအေသည် ကမ္ဘာတစ်ဝန်းသို့ ဘာသာစကား ၄၈ မျိုးဖြင့် ထုတ်လွှင့်နေပြီး အားပေးနေသည့် ပရိသတ်သည် တစ်ပတ်လျှင် သန်း ၃၆၀ ခန့်အထိ ရှိသည်ဟုလည်း သူက ရေးသားထားသည်။
စစ်အေးကာလအတွင်း ဆိုဗီယက်သို့ ဦးတည်ကာ စတင်ထုတ်လွှင့်ခဲ့သည့် RFE အကြီးအကဲကတော့ ယခုလိုရပ်ဆိုင်းမှုသည် “အမေရိက၏ ရန်သူများအတွက် ဧရာမလက်ဆောင်ကြီး” ဟု ခေါ်ဆိုသုံးနှုန်းသည်။
၁၉၉၆ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သည့် RFA အသံလွှင့်ဌာနဆိုလျှင်လည်း မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယားနှင့် ဗီယက်နမ်တို့ အပါအဝင် လွတ်လပ်သော မီဒီယာများ မရှိသည့် နိုင်ငံများအတွက် ရည်ရွယ်ပြီး စတင်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ထောက်ပံ့ငွေ ဖြတ်တောက်လိုက်ခြင်းသည် “အခွန်ထမ်းပြည်သူများ အနေဖြင့် အစွန်းရောက် ဝါဒဖြန့်ချိရေးမှိုင်းအောက်တွင် ရှိမနေတော့” ကြောင်း အာမခံပေးလိုက်ခြင်းဟု အိမ်ဖြူတော်က ဆိုသည်။
အိမ်ဖြုတော် သတင်းထုတ်ပြန်ရေး အရာရှိ ဟယ်ရီဆင်ဖီးကလည်း VOA က ဘာသာစကား အများအပြားဖြင့် ထုတ်လွှင့်နေသည်ကို ထေ့ငေါ့သည့် သဘောဖြင့် X လူမှုကွန်ရက်ပေါ်၌ “နှုတ်ဆက်ပါတယ်” ဆိုသည့် စကားလုံးကို ဘာသာစကား အမျိုး ၂၀ ဖြင့်ရေးသားထားသည်။