၉/၁၁ ဖြစ်ရပ်ဆိုး ၂၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား အမေရိကန်နိုင်ငံတစ်ဝန်းတွင် ကျင်းပ

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၂၁ နှစ်ပြည့် အခမ်းအနားအား တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံတစ်ဝန်းတွင် ကျင်းပခဲ့ကြပြီး ပင်တဂွန်တွင်ပြုလုပ်သော အခမ်းအနားသို့ သမ္မတဘိုင်ဒန် တက်ရောက်ခဲ့သည်။

12 Sep 2022

ဓာတ်ပုံ - Time

DMG ၊ စက်တင်ဘာ ၁၂

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၂၁ နှစ်ပြည့် အခမ်းအနားအား တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံတစ်ဝန်းတွင် ကျင်းပခဲ့ကြပြီး ပင်တဂွန်တွင်ပြုလုပ်သော အခမ်းအနားသို့ သမ္မတဘိုင်ဒန် တက်ရောက်ခဲ့သည်။

နယူးယောက် မက်ဟန်တင်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားသို့ မျှော်စင်ညီနောင် တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များ၊ ရဲအရာရှိများ၊ မီးသတ်သမားများ၊ နိုင်ငံခေါင်းဆောင်များနှင့်အတူ ဒုတိယသမ္မတ ကာမာလာဟဲရစ်၊ အမိမြေလုံခြုံရေးဝန်ကြီး အဲလက်ဟန်ဒရို မာယာကက်စ်နှင့် မြို့တော်ဝန် အဲရစ်အဒမ်တို့လည်း တက်ရောက်ခဲ့သည်။

ပင်တဂွန်တွင်ပြုလုပ်သော နှစ်ပတ်လည်နေ့အခမ်းအနား၌ သမ္မတဘိုင်ဒန်က လွမ်းသူပန်းခွေချကာ မိန့်ခွန်းပြောကြားခဲ့သည်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအတွင်း သေဆုံးသူစုစုပေါင်းမှာ ၃ ထောင်နီးပါးရှိခဲ့သည်။

အယ်ကိုင်းဒါး အကြမ်းဖက်သမားများသည် လေယာဉ် လေးစင်းကို ပြန်ပေးဆွဲခဲ့သည်။ နှစ်စင်းမှာ မျှော်စင်ညီနောင်ကို ဝင်တိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း ၂၆၀၆ ဦး သေဆုံးခဲ့သည်။

တစ်စင်းမှာ ပင်တဂွန်စစ်ဌာနချုပ်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်အဆောက်အအုံကို ဝင်တိုက်ခဲ့ကာ ၁၂၅ ဦးသေဆုံးခဲ့သည်။

နောက်တစ်စင်းမှာ လေယာဉ်ပေါ်၌ ခရီးသည်များ ခုခံခဲ့ကြပြီးနောက်တွင် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ လယ်ကွင်းတစ်ခုသို့ ပျက်ကျခဲ့ကာ လေယာဉ်ပေါ်လိုက်ပါလာသူ ၂၆၅ ဦးလုံး သေဆုံးခဲ့သည်။ ပျက်ကျခဲ့သော စတုတ္ထမြောက်လေယာဉ်သည် အမေရိကန်လွှတ်တော်အဆောက်အအုံ

သို့မဟုတ် အိမ်ဖြူတော်ကို ဝင်တိုက်ရန် ဦးတည်လာခြင်းဖြစ်သည်။

ဗီဒီယိုများ