- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
အယ်ဂျာဇီးရားက ရိုက်ကူးသည့် ရုပ်သံမှတ်တမ်းဖိုင်အား အွန်လိုင်းမှပယ်ဖျက်ရန် ဘင်္ဂလားဒေ့ရှ်ဆုံးဖြတ်
အယ်ဂျာဇီးရားသတင်းဌာနက ရိုက်ကူးပြီး ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ် အပေါ် ပြင်းထန်သောစွပ်စွဲချက်များ ပါဝင်သည့် ရုပ်သံမှတ်တမ်းဖိုင်တစ်ခုအား အင်တာနက်မှ ဖယ်ရှားရန် ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့တွင် အမိန့်ချမှတ်လိုက်သည်။
19 Feb 2021
အယ်ဂျာဇီးရားသတင်းဌာနက ရိုက်ကူးပြီး ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ် အပေါ် ပြင်းထန်သောစွပ်စွဲချက်များ ပါဝင်သည့် ရုပ်သံမှတ်တမ်းဖိုင်တစ်ခုအား အင်တာနက်မှ ဖယ်ရှားရန် ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့တွင် အမိန့်ချမှတ်လိုက်သည်။
ဒိုဟာအခြေစိုက် အဆိုပါသတင်းဌာန၏ ရုပ်သံမှတ်တမ်းဖိုင်သည် တစ်နာရီကြာမြင့်ပြီး ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့နှင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာတို့သည် ရာဇဝတ်ဂိုဏ်တစ်ခုနှင့် ဆက်စပ်မှုရှိနေကြောင်း ရိုက်ကူးဖော်ပြချက်များ ပါဝင်သည်။
“အယ်ဂျာဇီးရား၏ ရုပ်သံမှတ်တမ်းဖိုင်အား ဖေ့စ်ဘုတ်၊ တွစ်တာ၊ Youtube၊ အင်စတာဂရမ်အပါအဝင် ထိုဖိုင်ကို မျှဝေထားသည့် အခြားသော ဒီဂျစ်တယ်ပလက်ဖောင်းများပေါ်မှ ဖယ်ရှားရန်” ဘင်္ဂလားဒေ့ရှ်တရားရုံးက ဆက်သွယ်ရေးဝန်ကြီးဌာနအား အကြောင်းကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဤဗီဒီယိုဖိုင်သည် ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့် နိုင်ငံ၏အကြီးဆုံး အစ္စလာမ္မစ်ပါတီ Jamaat-e-Islami ၏ “သွားပုပ်လေလွင့်စွပ်စွဲသည့် လုပ်ရပ်” ဟု ပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်ကလည်း ဤရုပ်သံမှတ်တမ်းဖိုင်တွင် “မှားယွင်းပြီး လီဆယ်ဖန်တီးထားသော အကြောင်းအရာ အများအပြား” ပါဝင်သည်ဟု ပြောကြားထားသည်။
ရုပ်သံဖိုင်အား ရိုက်ကူးခဲ့သည့် အယ်ဂျာဇီးရား သတင်းဌာန၏ ထုတ်ပြန်ချက်၌မူ မိမိတို့၏ ရုပ်သံမှတ်တမ်းသည် သတင်းကျင့်ဝတ်ကို ရာနှုန်းပြည့် လိုက်နာပြီး ပုဂ္ဂိုလ်ရေးနှင့် မိသားစုအရေးတို့ကို ရင်းကာ အကျင့်ပျက်မှုကို ရဲရင့်စွာမှတ်တမ်းတင်ခဲ့သူများ ဘက်မှ ရပ်တည်ကြောင်း ဖော်ပြထားသည်။
အယ်ဂျာဇီးရား သတင်းဌာနသည် ရုပ်သံမှတ်တမ်းဖိုင်အား Youtube တွင်လည်း တင်ထားပြီး ကြည့်ရှုသူ ၇ သန်းနီးပါး ရှိနေပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ယခုဗီဒီယိုဖိုင်အား မည်ကဲ့သို့ ဖယ်ရှားသွားမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အယ်ဂျာဇီးရား သတင်းဌာန၏ ရုပ်သံကေဘယ်လိုင်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း၌ ဖမ်းယူကြည့်ရှုနိုင်သည်။ လက်ရှိအချိန်ထိ ဗီဒီယိုဖိုင် မဖော်ပြရေးအတွက် ရုပ်သံလိုင်းကို အမိန့်ထုတ် တားမြစ်ခြင်းမျိုး မတွေ့ရသေးပေ။