- မြောက်ကိုရီးယားတွင် တောင်ကိုရီးယားဇာတ်ကားများနှင့် ဗီဒီယိုဖိုင်များ မျှဝေကြည့်ရှုမှုကြောင့် ကွပ်မျက်ခံရမှုများရှိ
- တစ်နိုင်ငံလုံး ဒေသထုတ်ကုန်ပြိုင်ပွဲတွင် ရခိုင်ဓနိဖူးထုတ်ကုန် ပထမအဆင့်ရရှိ
- စစ်ရေးပဋိက္ခနှင့်ပတ်သက်ပြီး မြို့နယ် ၄၅ ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထား
- မကွေး တော်လှန်ရေးအဖွဲ့ PRA ကို AA ချီးကျူး
- မင်းပြားမှ AA သံသယဖြင့်တရားစွဲခံရသူအမှု အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၈ လထိ ကြာမြင့်လာ
မြန်မာ-အိန္ဒိယ-ထိုင်း ချိတ်ဆက်ရေးစီမံကိန်းတွင် ပါဝင်ရန် ဘင်္ဂလားဒေ့ရှ်ဘက်က စိတ်ဝင်စား
မြန်မာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ ပူးတွဲဆောင်ရွက်နေသည့် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက မတ်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
15 Mar 2023

မြန်မာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ ပူးတွဲဆောင်ရွက်နေသည့် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက မတ်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့အကြား တတိယအကြိမ် နိုင်ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲအပြီးတွင် ဒါကာမြို့၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် မာဆက်ဘင်မိုမန်က ပြောကြားလိုက်ခြင်း ဖြစ်သည်။
“မြန်မာ-အိန္ဒိယ-ထိုင်း ချိတ်ဆက်ရေးစီမံကိန်းမှာ ဘင်္ဂလားဒေ့ရှ်လည်း ပါဝင်လိုပါတယ်။ အိန္ဒိယ၊ ထိုင်းတို့နဲ့ ကျွန်တော်တို့ ပြောပြီးပါပြီ။ သူတို့ဘက်က အဆင်ပြေပါတယ်” ဟု မိုမန်က ပြောကြားကြောင်း ဒါကာထရီဗျူးန်သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
“ချိတ်ဆက်ဆောင်ရွက်ရေးကို BIMSTEC ခေါင်းစဉ်အောက်ကလည်း ဆောင်ရွက်လို့ ရပါတယ်။ ကုန်းလမ်းတစ်ခုတည်းတော့ မဟုတ်ဘူးပေါ့လေ။ လေကြောင်းနဲ့ ရေကြောင်း ချိတ်ဆက်ရေး တွေလည်း ကျွန်တော်တို့ လိုလားပါတယ်” ဟု မိုမန်က ပြောကြားသည်။
သဘောတူညီချက် အများအပြားကို ဆွေးနွေးလျက်ရှိပြီး မြန်မြန်ဆန်ဆန် အပြီးသတ် ဆောင်ရွက်လိုသည်ဟုလည်း ဘင်္ဂလားဒေ့ရှ်အတွင်းဝန်က ပြောကြားသည်။
“ထိုင်းနိုင်ငံဟာ BIMSTEC (ဘင်္ဂလားပင်လယ်အော် နည်းပညာနှင့်စီးပွားရေး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ရဲ့ လက်ရှိဥက္ကဌဖြစ်ပြီး မကြာခင်မှာ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာပါ။ ဒီမဟာမိတ်အဖွဲ့နဲ့ စနစ်ထဲမှာ ကျွန်တော်တို့ မြန်မြန်ဆန်ဆန်ပဲ ပါဝင်လိုပါတယ်” ဟုလည်း မိုမန်က ပြောသည်။
ထိုင်းနိုင်ငံ အတွင်းဝန် ဆရန်ချာရွန်ဆွန်ကလည်း ဘင်္ဂလားဒေ့ရှ်သည် မြန်မြန်ဆန်ဆန် တိုးတက်လာနေပြီး အနာဂတ်တွင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများစာရင်းတွင် ပါတော့မည်မဟုတ်ဟု ပြောကြားထားသည်။
စီမံကိန်း၏ လက်ရှိ ကုန်သွယ်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဘီလျံရှိပြီး မိမိတို့၏ စီးပွားရေးသမားများ ၏ ရည်မှန်းချက်များ ပိုမိုမြင့်တက်လာမည် ဆိုပါက ကုန်သွယ်ငွေပမာဏသည် ရှေ့အနာဂတ်တွင် ၂ ဘီလျံအထိ မြင့်တက်သွားမည်ဟုလည်း ဘင်္ဂလားဒေ့ရှ်အတွင်းဝန်က ပြောကြားကြောင်း ဒါကာထရီဗျူးန်သတင်းတွင် ဖော်ပြထားသည်။