- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- စစ်ကောင်စီ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းဒေသခံ ထောင်နှင့်ချီ ထပ်မံ စစ်ရှောင်ရ
- စစ်ကောင်စီ ပိတ်ဆို့ထား၍ ကျောက်ဖြူတွင် ခရီးသည် ၃၀၀ ခန့် သောင်တင်နေ
- ရခိုင်ရေပြင်တွင် ငါးဝင်ဖမ်းသည့် ငါးဖမ်းသမား ၁၂၂ ဦးအထိ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ဖမ်းဆီး
တပ်ချထားသဖြင့် ကော့ဘဇားကို အေအေလက်ထဲမရောက်အောင် ကာကွယ်နိုင်ခဲ့ခြင်းဟု ဘင်္ဂလားဒေ့ရှ် လွှတ်တော်အမတ်ပြော
ကော့ဘဇားခရိုင် မဲဆန္ဒနယ်မြေအမှတ် (၃) ၏ လွှတ်တော်အမတ်ဖြစ်သူ ၎င်းက ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် အဆိုပြုဆွေးနွေးရာတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
24 Jun 2024
စစ်တပ်သာမရှိပါက ကော့ဘဇားသည် အာရက္ခတပ်တော် (အေအေ) ထံတွင် အသိမ်းခံသွားရပြီဟု လက်ရှိအာဏာရ အာဝါမီလိဂ်ပါတီ၏ လွှတ်တော်အမတ်ဖြစ်သလို လွှတ်တော်တွင်း၌လည်း တက်တက်ကြွကြွ ဆောင်ရွက်နေသူ ရှိုင်မွမ်ဆာဝါကာမယ်က ဇွန်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
ကော့ဘဇားခရိုင် မဲဆန္ဒနယ်မြေအမှတ် (၃) ၏ လွှတ်တော်အမတ်ဖြစ်သူ ၎င်းက ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် အဆိုပြုဆွေးနွေးရာတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အေအေသည် မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်နေပြီး အေအေတည်နေရာသည် မိမိ၏ မဲဆန္ဒနယ်မြေနှင့် နှစ်ကီလိုမီတာသာ ကွာဝေးသည်ဟု သူကဆိုသည်။
“ဝန်ကြီးချုပ်ကသာ တပ်နေရာချထားဖို့ ခွင့်မပြုခဲ့ဘူးဆိုရင် ကော့ဘဇားဟာ ဒီနေ့အချိန်အခါမှာ မလုံမခြုံ ရှိနေမှာဖြစ်ပါတယ်။ အခုအချိန်မှာ သူတို့ (အေအေ) က သိမ်းသွားလောက်ပါပြီ။ တပ်နေရာအတွက် ဘတ်ဂျက်အသုံးစရိတ်ကို ဝန်ကြီးချုပ်က တာကာငွေ သန်းပေါင်းနှစ်သိန်း (Tk 20,000 crore) သတ်မှတ်ထားပြီး ဖြစ်ပါတယ်” ဟုလည်း လွှတ်တော်တွင် သူကပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ မော်လဒိုက်နှင့် သီရိလင်္ကာနိုင်ငံတို့ ပါဝင်သည့် ဒေသတွင်း လုံခြုံရေးကောင်စီတစ်ရပ် ဖွဲ့စည်းရန်လည်း ကာမယ်က တောင်းဆိုသည်။
ပြည်ပနိုင်ငံများရှိ အကျဉ်းထောင်များတွင် ကော့ဘဇားဒေသခံ ထောင်ပေါင်းများစွာ ရှိနေပြီး မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မိမိဧရိယာမှ ဒေသခံများကိုလည်း ပြန်လည်ခေါ်ယူထားပြီဟု သူက ဖြည့်စွက်ပြောကြားသည်။
နိုင်ငံခြားတွင် ထိန်းသိမ်းခံထားရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ပေးရန်လည်း သူက တောင်းဆိုကြောင်း ဒေလီစတား သတင်းတွင် ဖော်ပြထားသည်။
“ဆော်ဒီ၊ မလေးရှားတို့မှာရောက်နေတဲ့ ကော့ဘဇားဒေသခံတွေ ပတ်စပို့ သက်တမ်းတိုးဖို့ သွားရင် သက်ဆိုင်ရာ ရုံးကဝန်ထမ်းတွေက သူတို့ကို မမှတ်မိဘူး၊ မင်းတို့ဟာ ရိုဟင်ဂျာတွေပဲလို့ ပြောကြတယ်” ဟု သူကဆိုသည်။ သံရုံးသည် ကော့ဘဇားစကားနှင့် ရိုဟင်ဂျာစကားကို ခွဲခြား၍မသိဟုလည်း သူကပြောသည်။
အစိုးရအနေဖြင့် ပြည်သူများ နိုင်ငံခြားတွင် မျက်နှာပျက်အရှက်ရခြင်းများ မဖြစ်စေရန် ကော့ဘဇားစကားကို သိသည့်အရာရှိများကို ခန့်ထားရန်လိုအပ်သည်ဟု ကာမယ်က တိုက်တွန်းပြောကြားသည်ဟု သတင်းတွင် ဖော်ပြထားသည်။