- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
နတ်မြစ်အတွင်းမျောနေသည့် ကိုယ်ဝန်ဆောင်နှင့် ကလေးများ အပါအဝင် ရုပ်အလောင်း ၇ လောင်းတွေ့
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြားတွင် တည်ရှိသည့် နတ်မြစ်အတွင်း မျောပါနေသည့် အလောင်း ၇ လောင်းကို သြဂုတ်လ ၂၀ ရက်နေ့က ဆယ်ယူရရှိခဲ့ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
21 Aug 2024
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြားတွင် တည်ရှိသည့် နတ်မြစ်အတွင်း မျောပါနေသည့် အလောင်း ၇ လောင်းကို သြဂုတ်လ ၂၀ ရက်နေ့က ဆယ်ယူရရှိခဲ့ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သေဆုံးသွားသူများသည် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် မွတ်ဆလင်များ ဖြစ်သည်ဟု ယူဆရသည်။ ၎င်းတို့ စီးနင်းလိုက်ပါလာသောလှေ တိမ်းမှောက်သွားပြီးနောက်တွင် ကော့ဘဇားဒေသခံများသည် ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ခြင်း ဖြစ်သည်။
ရရှိထားသော ရုပ်အလောင်းများမှာ ကလေးငယ် လေးဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။
“ရုပ်အလောင်း ခုနစ်လောင်းကို သင်္ဂြ ိုဟ်ပေးခဲ့ပါတယ်။ ဒီအထဲမှာ ကိုယ်ဝန်ဆောင်တစ်ယောက်လည်း ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာဘက်က ထွက်ပြေးလာပြီး သေဆုံးသွားသူ ၂၈၆ ယောက်အထိ ကျွန်တော်တို့ သင်္ဂြ ိုဟ်ပေးခဲ့ရပါတယ်” ဟု ဒေသခံ နာရေးကူညီမှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် အယ်လ်မာနာဟီအဖွဲ့၏ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ယခုလအစောပိုင်းကလည်း မြန်မာဘက်မှ ထွက်ပြေးလာသော စက်လှေများ နတ်မြစ်အတွင်း နစ်မြုပ်မှုကြောင့် မွတ်ဆလင် စစ်ဘေးရှောင် ၃၀ ကျော်အထိ သေဆုံးခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောဒေသတွင် အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ပြေးကြသည့် မွတ်ဆလင်အရေအတွက် အမြောက်အများ ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။
ဇူလိုင်လအလယ်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်လိုက်ပါလာသည့် စက်လှေနှစ်စီးသည် မြန်မာဘက်မှ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ရန်ကြိုးစားခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က အဝင်မခံခဲ့ပေ။