- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
အမေရိကသို့ နှစ်စဉ် မွတ်ဆလင်ဒုက္ခသည် ၂၀,၀၀၀ ပို့နိုင်အောင် ဘင်္ဂလားဒေ့ရှ် ကြိုးပမ်း
မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေး အစီအစဉ် အထမမြောက်ဘဲ ရှိနေသော်လည်း အမေရိကန်အစိုးရသည် ၂၀၂၂ ခုနှစ်မှ စတင်၍ ဒုက္ခသည်များ အခြေချ နေထိုင်နိုင်ရေးအတွက် ပုံမှန် ဆောင်ရွက်လျက်ရှိသည်။
10 Sep 2024

မွတ်ဆလင်ဒုက္ခသည်များ တတိယနိုင်ငံတစ်ခုခုတွင် အခြေချနိုင်ရေး အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် အမေရိကန်ပြည်ထောင်စုသို့ နှစ်စဉ် မွတ်ဆလင်ဒုက္ခသည် ၂,၀၀၀၀ စီ ပို့နိုင်အောင် ကြိုးစားလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး တိုဟစ်ဟူစိန်က စက်တင်ဘာလ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
“ဒီပမာဏဟာ အလွန်နည်းတဲ့ အရေအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ကသာ ၂၀,၀၀၀ စီ နှစ်စဉ်ခေါ်ယူမယ် ဆိုရင် ဆယ်နှစ်ဆိုရင် စုစုပေါင်း နှစ်သိန်းဖြစ်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ ဒီအရေအတွက်လောက် ဖြစ်နိုင်ခြေ ရှိတယ်ဆိုရင် ကျွန်တော်တို့ ကြိုးစားလို့ ရနိုင်ပါတယ်” ဟူ သူက ပြောသည်။
မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေး အစီအစဉ် အထမမြောက်ဘဲ ရှိနေသော်လည်း အမေရိကန်အစိုးရသည် ၂၀၂၂ ခုနှစ်မှ စတင်၍ ဒုက္ခသည်များ အခြေချ နေထိုင်နိုင်ရေးအတွက် ပုံမှန် ဆောင်ရွက်လျက်ရှိသည်။
အမေရိကန်က ရွေးချယ်ထားသူများအတွက် လိုအပ်သည်များ စီစဉ်ပေးနိုင်ရန် လာမည့်ရက်အနည်းငယ်အတွင်း အာဏာပိုင်များ ဆောင်ရွက်သွားမည်ဟုလည်း သူက ပြောသည်။
“ဒါကတော့ တစ်ကြိမ်မှာ ရာဂဏန်းအနည်းငယ်စီနဲ့ ကနဦး အစမ်းအဆင့်မှာပဲ ရှိပါသေးတယ်။ အခုထိတော့ အယောက် ၂၅၀၀ လောက် ရွေးထားပါပြီ။ ဒီလုပ်ငန်းစဉ်ကို ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်နေကြပါတယ်” ဟုလည်း တိုဟစ်က ပြောသည်။
အမေရိကန်သို့ ရောက်ရှိသွားသည့် မွတ်ဆလင်ဒုက္ခသည် စုစုပေါင်းလည်း ၂,၅၀၀ ခန့်ရှိပြီဟု တိုဟစ်၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်အရ ဆိုရင်တော့ နေရပ်ပြန်ရေးဟာ လတ်တလောမှာ သဘောကျစရာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဘယ်ပုံစံမျိုးပဲ ဖြစ်ဖြစ်၊ အာရက္ခတပ်တော်က စိန်ခေါ်မှုတွေ မရှိတော့ဘဲ ခိုင်ခိုင်မာမာ ထိန်းချုပ်လိုက်နိုင်ပြီ ဆိုဦး၊ တည်ငြိမ်ရေးက လိုအပ်ပါတယ်” ဟုလည်း တိုဟစ်ဟူစိန်က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ လက်ရှိတွင် မွတ်ဆလင်ဒုက္ခသည် စုစုပေါင်း တစ်သန်းကျော်ရှိသည်။