မြန်မာ့ပြည်တွင်းစစ်မှာ တိုက်ပြီးပြေးဗျူဟာနဲ့ အလုပ်ဖြစ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့များ
01 Mar 2020
မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တိုးနိုင်ဖို့ ရုန်းကန်နေရချိန်မှာပဲ ကိုယ်ပိုင်အာဏာတစ်ရပ်နဲ့ ရပ်တည်နေတဲ့ မြန်မာ့တပ်မတော်ဟာလည်း တိုက်ခိုက်နှိမ်နင်းရခက်တဲ့ ခေတ်ပေါ်လက်နက်ကိုင်တပ်ဖွဲ့တွေကြောင့် ခေါင်းခဲနေရပါတယ်။ ဒီခေတ်ပေါ်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ယခင်လက်နက်ကိုင်အဖွဲ့ဟောင်းတွေလို နေရာတစ်ခုမှာ အခိုင်အမာတပ်စွဲပြီး နယ်မြေရယူထားတာမျိုးမလုပ်ဘဲ ချုံခိုတိုက်ခိုက်တာနဲ့ တိုက်ပြီးပြေးတဲ့နည်းဗျူဟာတွေကို အသုံးပြုလျက်ရှိတာကြောင့် တပ်မတော်ရဲ့ ပုံမှန်လုပ်ဆောင်နေကျ အင်အားသုံးထိုးစစ်ဆင်တဲ့ဗျူဟာနဲ့ ချေမှုန်းအနိုင်ယူဖို့ ခက်ခဲနေတာပဲဖြစ်ပါတယ်။