ကျောက်ဖြူမြို့နယ်မှာ လေးလအတွင်း ပြစ်မှုကြီး ၈ မှုအထိ ဖြစ်ပွားခဲ့
08 May 2018
ကျောက်ဖြူမြို့နယ်အတွင်းမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလဒီကနေ့အထိ ၄ လ အတွင်းမှာ ပြစ်မှုကြီး ၈ မှုအထိ ဖြစ်ပွားခဲ့တယ်လို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
08 May 2018
ကျောက်ဖြူမြို့နယ်အတွင်းမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလဒီကနေ့အထိ ၄ လ အတွင်းမှာ ပြစ်မှုကြီး ၈ မှုအထိ ဖြစ်ပွားခဲ့တယ်လို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
08 May 2018
မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်အခြေအနေအပေါ် ဂျာနယ်လစ်တွေ၊ အယ်ဒီတာတွေနဲ့ မီဒီယာ လုပ်ငန်းရှင်တွေရဲ့ အမြင်အယူအဆ၊ စိုးရိမ်ပူပန်မှုတွေကို အစိုးရဆီစုစည်းတင်ပြနိုင်ရေးအတွက် စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းက မီဒီယာလွတ်လပ်ခွင့်အခြေအနေတွေကိုတော့ ဧပြီလ ၂၁ ရက်နေ့က စစ်တွေမြို့မှာ ဂျာနယ်လစ် ၁၀ ဦးကျော်ဆီကနေ သဘောထားအမြင်တွေကို ကောက်ယူခဲ့ကြပါတယ်။
08 May 2018
ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောင်ဆင်ဖမ်းဆီးခဲ့တဲ့အကြောင်းကို အင်းစိန်တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ မိသားစုဝင်တွေကို သူတို့နေထိုင်တဲ့ နေပြည်တော်ရဲလိုင်းခန်းကနေ ချက်ချင်းဖယ်ပေးဖို့ ရဲတပ်ဖွဲ့အရာရှိတစ်ဦးက အကြောင်းကြားလာတယ်လို့ ဒုရဲမှူးဇနီးဖြစ်သူ ဒေါ်တူးမာက မီဒီယာတွေကို ပြောဆိုထားပါတယ်။
08 May 2018
ရခိုင်ပြည်နယ်နယ် မင်းပြားမြို့နယ်မှာ ၁၈ နှစ်ပြည့်မှတ်ပုံတင်တစ်ခုလဲလှယ်တာကို ငွေကျပ် ၁ သောင်းခွဲ တောင်းခံတယ်ဆိုပြီး လူမှုကွန်ယက်ပေါ် Post တင်ခဲ့သူကို မင်းပြားလဝကဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ လိုင်းကိုင်စာရေးတို့က ကျေးရွာရဲ့နေအိမ်အထိ လာရောက်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
08 May 2018
ကျောက်ဖြူမြို့နယ်မှ ာသင်္ကြန်တွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ လူနာ ၃၀ ကျော်ထဲက ပြင်းထန်ဒဏ်ရာရရှိတဲ့ လူနာ ၄ ဦးကိုရန်ကုန်မြို့သို့ လွှဲပြောင်းပေးထားတယ်လို့ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးက သိရပါတယ်။
08 May 2018
သင်္ကြန်ကာလအတွင်း ရခိုင်ပြည်နယ်မှာ ကာမရာဂဆေး ဖမ်းဆီးရရှိမှု ၃ မှုအထိရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။ မိန်းကလေးတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ကာမဆေးတွေကို ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ သံတွဲနဲ့ မောင်တောမြို့နယ်တွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာ ဖမ်းဆီးရရှိသူတွေကို အမျိုးသားဆေးဝါးဥပဒေနဲ့ အရေးယူထားတယ်လို့လည်း ရဲမှူးကြီးကဆိုပါတယ်။
08 May 2018
စစ်တွေပေါက်ကွဲမှုအပေါ် သံသယနဲ့ဖမ်းဆီးစစ်ဆေးမှုကနေ လွတ်မြောက်လာပြီး မြောက်ဦးမြို့နယ် တိမ်ညိုပေါက်ကွဲမှုနဲ့ ထပ်မံချုပ်နှောင်ခံထားသူနှစ်ဦးကို ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ မြောက်ဦးမြို့နယ်တရားရုံးက ချုပ်ရမန် ၁၄ ရက် ထပ်ယူခဲ့တယ်လို့ သိရပါတယ်။
08 May 2018
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဒေါ်လာ ၁၄ သန်းကျော်အထိ ပို့ကုန်တင်သွင်းနိုင်ခဲ့တယ်လို့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းက သိရပါတယ်။
08 May 2018
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရေးအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ရာထူးကနေ ရပ်စဲနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဧပြီလ ၉ ရက်နေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
08 May 2018
ပြည်သူတွေရဲ့လိုအပ်ချက်ကို ဘတ်ဂျက်မှာ ထည့်သွင်းရေးဆွဲနိုင်ဖို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟာ လွှတ်တော်တက်ဖို့လိုအပ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ပြောပါတယ်။
08 May 2018
အကြမ်းဖက်ဘင်္ဂါလီတွေရဲ့ မကြာခဏသတ်ဖြတ်တာကို ခံနေရတဲ့ မောင်တောဒေသအတွင်းက မြို၊ ခမီ၊ သက်၊ ဒိုင်းနက်(သက္ကမ)တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေးအတွက် လုံခြုံရေးအခြေအနေတိုးမြှင့် ချထားပေးဖို့ လိုလား နေကြပါတယ်။
08 May 2018
ရခိုင်ပြည်နယ်အတွင်းမှာ သင်္ကြန်ကာလအတွင်း လုံခြုံမှုရှိစေဖို့အတွက် ရဲအင်အား ၃၀၀၀ ခန့်ကို ချထားဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။ လက်ရှိမှာ လုံခြုံရေးအတွက်ကြိုတင်ပြီး လှည့်ကင်း၊ ရပ်ကင်းတွေဆောင်ရွက်နေသလို မသင်္ကာဖွယ်ရာ ဧည့်သည်စိမ်းတွေကိုလည်း စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
08 May 2018
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ငွေကျပ်သန်းပေါင်း ၁၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ စာသင်ကျောင်းအပါအဝင် ကျောင်းအဝင်လမ်း၊ ဆရာ၊ ဆရာမနားနေဆောင်နဲ့ ကျောင်းခြံစည်းရိုးတွေကို မောင်တောမြို့နယ် ကိုင်းကြီး(မြို)ကျေးရွာမှာ ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
08 May 2018
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ဆောင်ရွက်မယ့် ၆ လာတာဘတ်ဂျက်ငွေထဲက ကျပ်သန်းပေါင်း ၆၀၀၀ ကျော်ကို ရခိုင်ပြည်နယ်လွှတ်တော်ကနေ ဖြတ်တောက်လိုက်ပါတယ်။
08 May 2018
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာမှာပါဝင်သွားတဲ့ လယ်ယာမြေလျော်ကြေးငွေရရှိရေးအတွက် ဧပြီလ ၇ ရက်နေ့က အမ်းတောင်သူတွေ အစာငတ်ခံဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
08 May 2018
ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ စီပွားရေးနှင့် တစ်ခြားကိစ္စရပ်တွေဟာ အားနည်းနေဆဲဖြစ်တယ်လို့ တိုင်းရင်းသားလူမျိုးစုတွေက ပြောဆိုနေကြပါတယ်။
08 May 2018
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သျှစ်သောင်း၊ ထုက္ကန့်၊ အံတော်ဘုရားပွဲကို မေလ ၂၉ ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး အခုနှစ်မှာတော့ ညပွဲကို ထည့်သွင်းကျင်းပမှာ မဟုတ်ဘူးလို့ သိရပါတယ်။ သတင်း - စိမ်းကိုကို
01 May 2018
dtv news - ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာကနေ မောင်တောမြို့နယ်အထိ ဆက်သွယ်ဖောက်လုပ်ထားတဲ့ ကားလမ်းရဲ့ အဆင့်မြှင့်တင်ထားတဲ့ လမ်းကို၂၀၁၈ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ပြီးစီးပြီဖြစ်တဲ့ လမ်းပိုင်းကို ဖွင့်လှစ်ခဲ့ပါတယ်။
သတင်း -ခိုင်ရိုးလ