ဖမ်းဆီးထိမ်းသိန်းခံထားရသူတွေကို ICRC က ကူညီရန် အသင့်ရှိကြောင်း ထုတ်ပြန်

စိမ်းကိုကို 25 May 2018

dtv news - ရခိုင့်တပ်တော် AA ကနေ ဖမ်းဆီးထားတဲ့ တပ်မတော်သား ၃ ဦးနှင့်ပတ်သက်ပြီး ICRC က တဆင့်လွှဲပြောင်းပေးနိုင်ရေး ကူညီရန် အသင့်ရှိကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ကမေလ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးဦးကျော်အေးသိန်းကို တာဝန်ကနေရပ်စဲမယ့်ကိစ္စ နှင့်ပတ်သက်ပြီး အဖွဲ့အစည်းတစ်ချို့က ကန့်ကွက်

ခိုင်ရိုးလ 25 May 2018

ရခိုင်ပြည်နယ်၊ ဘဏ္ဍာအခွန်၊စီကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ရာထူးကနေ ရပ်စဲနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတာကို ကန့်ကွက်ကြောင်း အဖွဲ့အစည်းတစ်ချို့က သဘောထား ထုတ်ပြန်လိုက်ပါတယ်။

ဒဏ်ငွေရိုက်နေပေမယ့် ယာဉ်စည်းကမ်းမလိုက်နာမှုတွေ ဆက်လက်ရှိနေဆဲ

ခိုင်ရိုးလ 25 May 2018

dtv news - ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သူတွေကို ပြစ်မှုတစ်ခု ငွေကျပ်သုံးသောင်းနဲ့ ဒဏ်ရိုက်နေပေမယ့် လက်ရှိအချိန်ထိ ယာဉ်စည်းကမ်း မလိုက်နာမှုတွေဟာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

အခွန်အများဆုံးထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၁၀၇ ဦးကို ဂုဏ်ပြုချီးမြှင့်

25 May 2018

dtv news - အခွန်အများဆုံးထမ်းဆောင်တဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းရှင်း ၁၀၇ ဦးကို  စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမမှာ ဂုဏ်ပြုချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

စအောင်ဒိုင်ဆည်ကနေတဆင့် ရေဖြည့်ကူစနစ်နဲ့ ရေပေးဝေနိုင်ရေးဆောင်ရွက်သွားမည်

စိမ်းကိုကို 25 May 2018

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်က ရပ်ကွက်အများစုမှာ ရေရှားပါးမှုဖြစ်ပေါ်နေတဲ့အတွက် သက်ဆိုင်ရာဌာနတွေက ရေရရှိရေးဆောင်ရွက်နေကြရပြီး အလားတူ ရေရှားပါးမှုကို ဖြေရှင်းဖို့ အောင်ဒိုင်ကျေးရွာမှာရှိတဲ့ ဆည်ကတစ်ဆင့် ရေဖြည့်ကူစနစ်ဖြင့် ဆောင်ရွက်နိုင်ရေးကို စီစဉ်သွားမယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။

ARSA မီးရှို့ဖျက်ဆီးခဲ့တဲ့ Video သက်သေကို ပြည်ပမီဒီယာအဖွဲ့ကို ပြသ

25 May 2018

dtv news - သြဂုတ်လ ၂၅ ရက်နေ့ရဲ့ မောင်တောအကြမ်းဖက်ဖြစ်စဉ်အတွင်းမှာ ဘင်္ဂါလီနေအိမ်တွေကို ARSA အကြမ်းဖက်သမားတွေ မီးရှိုးဖျက်စီးခဲ့တဲ့ Video မှတ်တမ်းဖိုင်ကို မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြည်ပ မီဒီယာအဖွဲ့ကို သက်သေပြလိုက်ပါတယ်။

မာန်အောင်ကျွန်း ဖွံ့ဖြိုးရေးစီမံကိန်း ၁၀ ခုကို အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေ

24 May 2018

dtv news - ရခိုင်ပြည်နယ် မာန်အောင်ကျွန်းရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ၁၀ ခုကို လုပ်ဆောင်ဖို့အတွက် ပြည်နယ်အစိုးရနဲ့ သဘောတူလက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေတယ်လို့ မာန်အောင်အများပိုင်ကုမ္ပဏီက ပြောပါတယ်။

သတင်း - အောင်ကောင်းဇော်

ကျောက်ဖြူ ငလပွေ့ဆိပ်ခံတံတား ပျက်စီးယိုယွင်းလာတဲ့အတွက် ခရီးသွားတွေစိုးရိမ်နေကြ

24 May 2018

နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်နေပြီဖြစ်သည့် ကျောက်ဖြူမြို့၏ ငလပွေ့ဆိပ်ခံတံတားသည် လက်ရှိအချိန်မှာ ပျက်စီးယိုယွင်း လာနေပြီး ဖြစ်သည့်အတွက် ခရီးသွားများအနေဖြင့် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

ရခိုင်မှာ နှစ်လအတွင်း တရားမဝင်ခိုးထုတ်တဲ့ သစ်တန်ချိန် ၁၈၀ ကျော်ဖမ်းဆီးရမိ

ခိုင်ရိုးလ 24 May 2018

dtv news - ရခိုင်ပြည်နယ်မှာ ၂ လအတွင်း တရားမဝင်ခိုးထုတ်တဲ့ သစ်တန်ချိန် ၁၈၀ ကျော်ကို သစ်တောဦးစီးဌာနက ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်သစ်တောဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးကပြောပါတယ်။

ရာမောင်ကြိုးတံတား ဖြတ်သန်းခွင့် သတ်မှတ်တန်ချိန်ထက် လျော့ချဖို့ ညွှန်ကြား

စိမ်းကိုကို 24 May 2018

dtv news - ရန်ကုန်-စစ်တွေကားလမ်းမှာရှိသည့် ရာမောင်ကြိုးတားတံတားမှာ ကြိုးများရေဝင်ကာ ပျက်စီးနေသည့်အတွက် ဖြတ်သန်းသွားလာနေသည့် ယာဉ်များအား ယခင်သတ်မှတ်တန်ချိန်လျော့ချ မောင်းနှင်းရန် ရခိုင်ပြည်နယ် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားလိုက်သည်ဟု သိရသည်။

ကျေးရွာသားများကိုယ်တိုင် စီမံကိန်းရေးဆွဲလုပ်ကိုင်နိုင်စေရန် သင်ကြားပို့ချ

ခိုင်ရိုးလ 23 May 2018

ကျေးရွာတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ကျေးရွာသားတွေကိုယ်တိုင် စီမံကိန်းရေးဆွဲပြီးလုပ်ကိုင်နိုင် စေဖို့အတွက် စစ်တွေမြို့နယ်အတွင်းက ကျေးရွာ ၇ ရွာရဲ့ကိုယ်စားပြုသူ ၁၄ ဦးကို စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ သင်တန်းပို့ချပေးလျက်ရှိပါတယ်။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က ဦးဆောင်ပြီး စာသင်ကျောင်းဆောက်လုပ်လှူဒါန်း

ခင်သရဖီဦး 23 May 2018

dtv news - မင်းပြားမြို့နယ်၊ လိပ်ကျောက်ရကျေးရွာမှာ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က ဦးဆောင်ပြီး စာသင်ကျောင်း ဆောင်တစ်ခုကို မေလ ၂၂ ရက်နေ့ စတင်ဆောက်နေပါတယ်။

သတင်း - ခင်သရီဖီဦး

မာန်အောင်လေကြောင်းလိုင်းကို မေလ ၃၀ ရက်ကနေ ၄ လကြာ ရပ်နားမည်

အောင်ကောင်းဇော် 23 May 2018

dtv news - မာန်အောင်လေကြောင်းလိုင်းကို မေလ ၃၀ ရက်နေ့ကနေ ဇွန်၊ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလတွေအထိ ရပ်နားသွားမယ်လို့ အဲဒီလေကြောင်းလိုင်းကို တာဝန်ယူထားတဲ့ မာန်အောင် အများပိုင်ကုမ္ပဏီရဲ့ တာဝန် ရှိသူတွေဆီက သိရပါတယ်။

တရားလိုမရောက်လာတဲ့အတွက် ဖမ်းဆီးခံထားရသူတွေနဲ့ မိသားစုဝင်တွေက မေးခွန်းထုတ်

ခိုင်ရိုးလ 22 May 2018

dtv news - စစ်တွေပေါက်ကွဲမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူနှစ်ဦးကို မေလ ၂၁ ရက်နေ့ ရုံးထုတ်မှာ တရားလို မရောက်လာတဲ့အပေါ် ဖမ်းဆီးခံထားရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက အမှုကိုအချိန်ကြန့်ကြာအောင် ဆွဲထားတယ်ဆိုပြီး ပြောဆိုနေ ကြတာဖြစ်ပါတယ်။

ရှေးဟောင်းမြောက်ဦးမြို့သန့်ရှင်းရေး လူငယ်များ ကမ်ပိန်းပြုလုပ်

ခင်သရဖီဦး 22 May 2018

ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်ယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့သန့်ရှင်းသာယာရေးအတွက် အမှိုက်နဲ့ပတ်သက်တဲ့ Keep Mrauk Oo Clean ကမ်ပိန်းတစ်ခုကို မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ မြောက်ဦးလူငယ်တွေစုပေါင်း လုပ်ဆောင်နေကြပါတယ်။

ဂွမြို့နယ်မှာ ဆင်ရိုင်းဝင်ရောက်မှုအန္တရာယ်ကို ဆိုးဝါးစွာကြုံတွေ့နေရ

22 May 2018

ရခိုင်ပြည်နယ်ဂွမြို့နယ်အတွင်းက ကျိန္တလီမြို့နယ်ခွဲ ဘဝင်ကျေးရွာမှာ ဆင်ရိုင်းဝင်ရောက်မှုအန္တရာယ်ကို ဆိုးဝါးစွာကြုံတွေ့နေရတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

စစ်တွေမှာကျင်းပမည့် အနုပညာစုံညီပွဲတော် ရက်ရွေ့ဆိုင်းလိုက်ရ

စိမ်းကိုကို 22 May 2018

ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ် တိုင်းရင်းသားစာပေယဉ်ကျေးမှုဦးစီးဌာနတို့က ကြီးမှူးပြီးကျင်းပမယ့် တိုင်းရင်းသားလူမျိုးစုများ စုံညီပွဲတော်ကို ရက်ရွေ့ဆိုင်းလိုက်ပြီး ထပ်မံညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

စာချုပ်ပါစည်းကမ်းအတိုင်း မလိုက်နာတဲ့ ရခိုင်ကဆောက်လုပ်ရေးလုပ်ငန်းတွေကို တရားစွဲမယ်

21 May 2018

dtv news - စာချုပ်ပါစည်းကမ်းအတိုင်း မလိုက်နာတဲ့ ရခိုင်ပြည်နယ်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရားစွဲဆိုမယ့်အဆင့်ထိ အစီအစဉ်တွေရှိတယ်လို့ ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက DMG ကို ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသားကျေးရွာတွေ ပြန်လည်ထူထောင်ရေး မောင်တောမှာ အစည်းအဝေးပြုလုပ်

21 May 2018

dtv news - မောင်တောခရိုင်အတွင်း တိုင်းရင်းသားကျေးရွာတွေ ရေရှည်တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားကျေးရွာတွေ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို မေလ ၁၉ ရက်နေ့က မောင်တောမြို့ မြို့မကျောင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - ဝံသ (မောင်တော)

ထင်းအစား လောင်စာတောင့်ကို အသုံးပြုခြင်းအားဖြင့် သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်

စိမ်းကိုကို 21 May 2018

dtv news - စပါးခွံကနေ ထုတ်လုပ်တဲ့ လောင်စာတောင့်တွေကို ထင်းအစား အသုံးပြုနိုင်ပါက ရခိုင်ပြည်နယ်မှာ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်တယ်လို့ လောင်စာတောင့်ထုတ်လုပ်သူတွေဆီက သိရပါတယ်။

Showing 161-180 of 358 items.