လေးမြို့မြစ်အတွင်း ကျောက်ထုတ်လုပ်မှုကြောင့် ကိုင်းမြေများ ပျက်စီးလာ

ခိုင်ရိုးလ 21 May 2018

ရခိုင်ပြည်နယ်အတွင်းက လေးမြို့မြစ်အထက်ပိုင်းတစ်လျောက်မှာ ကျောက်ထုတ်လုပ်မှုတွေ များလာနေပြီးတော့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ကမ်းပါးပြိုကျမှုတွေရှိလာပြီး ကိုင်းမြေတွေ ပျက်စီးဆုံးရှုံးနေတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။

မြောက်ဦး- ကျောက်တော် ရထားလမ်းပိုင်းကို ဖျက်သိမ်းပြီး တောင်သူတွေအတွက် မြေညှိပေး

စိမ်းကိုကို 21 May 2018

dtv news - စစ်တွေ - မင်းဘူးရထားလမ်းမှာ ပါဝင်တဲ့ ကျောက်တော်- မြောက်ဦးရထားလမ်းပိုင်းအဖြစ် သိမ်းယူထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေဆီပေးအပ်ပြီး လမ်းမြေသားတွေကို ပြန်လည်မြေညှိပေးတာတွေ ဆောင်ရွက်နေတယ်လို့ ရထားလမ်းစီမံကိန်းရံုံးက သိရပါတယ်။

သတင်း - စိမ်းကိုကို

ရခိုင်ဘဏ္ဍာရေးဝန်ကြီးကို အချက် ၆ ချက်ဖြင့် စွဲချက်တင်စစ်ဆေး

21 May 2018

dtv news - ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးရဲ့ လက်မှတ်ရေးထိုးတိုင်ကြားမှုကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို အချက် ၆ ချက်နဲ့ စွဲချင်တင်ပြီး မနေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာခေါ်ယူ စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

သတင်း - နေဝင်းစံ

ရခိုင်ဆားလုပ်ငန်း နည်းပညာအဆင့်မမြှင့်နိုင်သည့်အတွက် စားသုံးသူအကြိုက် မလုပ်နိုင်သေး

စိမ်းကိုကို 21 May 2018

dtv news - ရခိုင်ပြည်နယ်အတွင်းက ထုတ်လုပ်တဲ့ဆားတွေဟာ နည်းပညာအဆင့်မမြှင့်နိုင်သေးတဲ့အတွက်၊ ဆားထုတ်လုပ်မှုအပိုင်းမှာလည်း အရည်အသွေးမကောင်းသလို စားသုံးသူအကြိုက် မလုပ်နိုင်သေး တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းရဲ့ အတွင်းရေးမှူး ဦးသန်းဝင်းက ပြောပါတယ်။

သတင်း - စိမ်းကိုကို

ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေ လိုင်စင်ရရှိရေးကို လိုလားနေကြ

19 May 2018

ရခိုင်ပြည်နယ်အတွင်းက သံတွဲခရိုင်၊ ငပလီမြို့အပါအဝင် ဘေးတွဲဆိုင်ကယ်ရှိတဲ့မြို့နယ်တစ်ချို့က ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေဟာ လိုင်စင်မရှိတဲ့အတွက် လွတ်လပ်စွာမောင်းနှင်ခွင့်မရှိဘဲ ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြတဲ့အတွက် လိုင်စင်ရရှိရေးကို လိုလားနေကြတာဖြစ်ပါတယ်။

လယ်ယာထွက်ကုန်တွေကို ပုံမှန်တင်ပို့နိုင်မယ့် ဈေးကွက်တွေ ဖော်ဆောင်ပေးဖို့ လိုအပ်

19 May 2018

dtv news - ရခိုင်ပြည်နယ်အတွင်းက လယ်ယာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက်ဆိုရင် လယ်ယာထွက်ကုန်တွေကို ပုံမှန်တင်ပို့နိုင်မယ့်ဈေးကွက်တွေ ဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ရခိုင်ပြည်နယ်ဘဏ်ခွဲမန်နေဂျာက

ရခိုင် နှင့် မျိုးနွယ်စုဝင်များပါဝင်သည့် အနုပညာစုံညီပွဲတော် ကျင်းပမည်

ခိုင်ရိုးလ 19 May 2018

ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေပေါင်းစုံပါဝင်တဲ့ စုံညီပွဲတော်တစ်ခုကို လာမယ့် မေလ ၂၆ ရက်နေ့မှာ စစ်တွေမြို့ပေါ်၌ ကျင်းပသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာက သိရပါတယ်။

စစ်တွေရေပြတ်လပ်မှု နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်ပေးနေ

စိမ်းကိုကို 19 May 2018

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်မှာ ရေရှားပါးမှုကြုံတွေ့နေရတဲ့ ရပ်ကွက်တွေကို သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ကနေ နည်းလမ်းသုံးမျိုးဖြင့် စီစဉ်ကာ ရေရရှိရေး ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

မီးဘေးဒုက္ခသည်တွေ အစိုးရရဲ့ အထောက်အပံ့ကို မျှော်လင့်နေ

ခိုင်ရိုးလ 18 May 2018

dtv news - ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က စစ်တွေမြို့ ဆတ်ရိုးကျကယ်ဆယ်ရေးရပ်ကွက်မှာ မီးလောင်မှုကြောင့်၊ ဆတ်ရိုးကျဓမ္မရုံမှာ ယာယီတည်းခိုနေကြတဲ့ မီးဘေးဒုက္ခသည် လူဦးရေ ၉၀ ဟာ အနေထိုင် အစားသောက်အခက်ခဲတွေနဲ့ ကြုံတွေ့နေရပြီး သူတို့ရဲ့ ပြန်လည်တည်ဆောက်မယ့် လုပ်ငန်းတွေအတွက် အစိုးရရဲ့ အထောက်အပံ့တွေကို မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။

သက်ဆိုင်ရာက တားမြစ်ထားသော်လည်း မီးလောင်ပြင်မှာ ဘင်္ဂါလီတွေ နေအိမ်ဆောက်လုပ်နေ

18 May 2018

dtv news - ဘူးသီးတောင်မြို့နယ် ဂူတာပြင်(ဘင်္ဂါလီ)ကျေးရွာမီးလောင်မြေမှာ အခုလအတွင်း ဘင်္ဂါလီတွေ နေအိမ် ဆောက်လုပ်နေထိုင်မှုတွေ ရှိနေတဲ့အတွက် သက်ဆိုင်ရာက တားမြစ်ခဲ့ပေမဲ့ ဆက်လက်ပြီး တိုးချဲ့ ဆောက်လုပ်လာနေကြတယ်လို့ ဂူတာပြင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြေတိုင်းစာရေးက ဧကအပြည့်မပေးဘဲ ရောင်းစားထား

အောင်ကောင်းဇော် 18 May 2018

မာန်အောင်မြို့နယ် ရဲကျွန်းအုပ်စု၊ ရဲကျွန်းကျေးရွာက ဒေါ်မသန်းချစ် ပိုင်ဆိုင်တဲ့ လယ်မြေဧကကို မြို့နယ်မြေစာရင်းဦးစီးက ပုံစံ (၇) ထုတ်ပေးတဲ့အခါ ဧကအပြည့်အတိုင်းဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပေမဲ့ မြေတိုင်းစာရေးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဧကအပြည့်မပေးဘဲ ရောင်းစားထားတယ်လို့ တောင်သူ ဒေါ်မသန်းချစ်က ပြောပါတယ်။

အစိုးချေးငွေယူပြီး ပြန်မဆပ်သေးတဲ့ လယ်သမားတွေကို တရားစွဲဆိုသွားမယ်

ခိုင်ရိုးလ 18 May 2018

dtv news - ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၇ ခုနှစ်က မိုးရာသီစပါးစိုက်ပျိုးရေးစရိတ်အတွက် အစိုးရဆီကနေချေးငွေယူပြီး လက်ရှိအချိန်ထိ ပြန်မဆပ်သေးတဲ့ တောင်သူလယ်သမားတွေကို ဥပဒေအရ တရားစွဲဆိုသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့

စည်ပင်အမှိုက်ပုံကြီး မီးလောင်ရာကထွက်တဲ့ မီးခိုးတွေကြောင့် လူသေဆုံးမှုရှိလာ

18 May 2018

dtv news - သံတွဲမြို့ရှိ သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးနောက်မှာရှိတဲ့ စည်ပင်အမှိုက်ပုံကြီး မတ်လကနေ တမြေ့မြေ့စွဲလောင်နေတာဟာ သုံးလာကြာမြင့်နေပြီး မီးခိုးတွေရဲ့ အနံဆိုးတွေကြောင့်လည်း အဘွားကြီးတွေ သေဆုံးမှုရှိတယ်လို့ အမှိုက်ပုံအနီးက ဒေသခံတွေက ပြောဆိုကြပါတယ်။

သတင်း - မျိုးမြင့်ဇော်

ပုဒ်မ မတရားသဖြင့် ထောင်ထဲမှာ အချုပ်ခံနေရတာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြော

ခိုင်ရိုးလ 17 May 2018

dtv news - ကြီးလေးတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခံထားရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ဒီကနေ့ စစ်တွေခရိုင် တရားရုံးနဲ့ မြို့နယ်တရားရုံးတွေမှာ ၁၁ ကြိမ်မြောက်ရုံးထုတ်ခဲ့ပါတယ်။

သတင်း - ခိုင်ရိုးလ

ကျူးကျော်နေအိမ်တွေကို ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အသိပေး

17 May 2018

dtv news - ကျောက်ဖြူမြို့နယ်၊ ပြင်ဖြူမော်ကျေးရွာမှာရှိတဲ့ ယခင်ဘင်္ဂါလီတွေ နေထိုင်တဲ့နေရာမှာ နေအိမ်တွေ ကျုးကျော်တည်ဆောက်ထားကြတဲ့အတွက် သက်ဆိုင်ရာကနေဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က သွားရောက်အသိပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

ခိုးဝင်လာတဲ့ဘင်္ဂါလီတွေကို လဝကဥပဒေနဲ့အရေးယူသွားမယ်

16 May 2018

dtv news - တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်လာတဲ့ဘင်္ဂါလီတွေကို လဝကဥပဒေနဲ့အရေးယူသွားမယ်လို့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

သတင်း - ဝံသ(မောင်တော)

နံ့သာတောင်ပရဟိတကျောင်းမှ ကျောင်းသားများနေဖို့ အဆောင်များလိုအပ်နေ

16 May 2018

dtv news - မောင်တောမြို့နယ်၊ နံ့သာတောင်ကျေးရွာက နံ့သာတောင်ပရဟိတ ဘုန်းတော်ကြီးကျောင်းကို ပြန်လည်တည်ဆောက်နေပေမဲ့ ကျောင်းသား၊ ကျောင်းသူတွေနေထိုင်ဖို့ အဆောင်တွေနဲ့ စားနပ်ရိက္ခလိုအပ်နေတယ်လို့ ကျောင်းထိုင် ဆရာတော်ဆီက သိရပါတယ်။

သတင်း - ဝံသ (မောင်တော)

ဆတ်ရိုးကျရပ်ကွက်မှာ မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ၉၀ ခန့် အကူအညီလိုအပ်

ခိုင်ရိုးလ 16 May 2018

စစ်တွေမြို့နယ် ဆတ်ရိုးကျရပ်ကွက် (၁) ကယ်ဆယ်ရေးစခန်းစခန်းမှာ မေလ ၁၅ ရက်နေ့ ၁၁ နာရီကျော်အချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ နေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခဲ့ကာ ၂ လုံးမှာ မီးမကူးစက်နိုင်အောင် ဖြိုဖျက်လိုက်ရတယ်လို့ သိရပါတယ်။

အသံချဲ့စက်အသုံးပြုပြီး ဆန္ဒပြတဲ့အမျိုးသမီးတစ်ဦး အမှုဖွင့်ခံထားရ

15 May 2018

dtv news - ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီတွေကို NV ကဒ်ထုတ်ပေးတဲ့အခါမှာ သက်ဆိုင်ရာဌာနတွေဘက်က သေချာစွာစိစစ်ပြီးမှပေးကြဖို့အတွက် မေလ ၁၃ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - နေဝင်းစံ

အုပ်ချုပ်ရေးမှူးနဲ့ဇနီးကို ယခင်အုပ်ချုပ်ရေးမှူးဟောင်းက ဓားဖြင့်ခုတ်

စိမ်းကိုကို 15 May 2018

dtv news - မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာမှာ မေလ ၁၅ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇနီးတို့ကို ယခင်အုပ်ချုပ်ရေးမှူးဟောင်းက ဓားဖြင့်ခုတ်တဲ့အတွက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စစ်တွေပြည်သူ့ဆေးရုံးကြီးမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ သ

သတင်း - စိမ်းကိုကို

Showing 181-200 of 358 items.