ဇွန်လကုန်အထိ ချေးငွေပြန်မဆပ်ပါက စာချုပ်ပါဥပေဒအဆိုင်း ဆောင်ရွက်မည်

02 Jun 2018

မာန်အောင်မြို့နယ်တွင်း မိုးစပါးချေးငွေ ပြန်ဆပ်တဲ့အခြေအနေဟာ ဇွန်လ (၁) ရက်နေ့ အထိ ၇၃.၄၇ ရာခိုင်နှုန်းထိ ပေးဆပ်ပြီးဖြစ်ကာ ဇွန်လကုန်တဲ့အထိ ချေးငွေပေးဆပ်မှုမရှိသူတွေကိုတော့ စာချုပ်ပါဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ မာန်အောင်မြို့နယ်၊ မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။

မိုးရွာသွန်းမှုကြောင့် ပန်းနီလာကျေးရွာအနီး ကားလမ်းပိတ်ဆို့

စိမ်းကိုကို 02 Jun 2018

ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာနှင့် ကြံခင်းကျေးရွာအနီးမှာ မိုးရွာသွန်းမှုကြောင့် ခရီးသည်တင် ကားတွေနဲ့၊ ကုန်တင်ကားတွေဟာ မေလ ၃၁ ရက်နေ့ မနက် ၇ နာရီ အချိန်ခန့်ကစတင်ပြီး ပိတ်ဆို့နေခဲ့တယ်လို့ သိရပါတယ်။

ငပပွေ့ဆိပ်ကမ်းမှာ ဖြစ်ပွားလာတဲ့မှုခင်းတွေကို ဖြေရှင်းဖို့ခက်ခဲနေ

02 Jun 2018

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်အတွင်း ငပပွေ့ဆိပ်ကမ်းမှာ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းလှေတွေဟာ အစီးရေ ၅၀ အထက် ကမ်းကပ်နေကြတာဖြစ်ပြီး အဲဒီနေရာမှာ ငါးဖမ်းလုပ်သားတွေ ခိုက်ရန် ဖြစ်ပွားတာ၊ မှုခင်းဖြစ်ပွားတာတွေမှာ ဘယ်သူ ဘယ်ဝါတွေကျူးလွန်သွားတယ်ဆိုတာ မသိရှိနိုင်ဘဲ ဖြေရှင်းတဲ့အခါ အခက် အခဲတွေရှိနေတယ်လို့ ငလပွေ့ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဒေါက်တာအေးမောင်ကို စွဲဆိုထားတဲ့အမှု ၃ မှု ချေဖျက်ပေးဖို့ လျောက်ထားချက်ပယ်ချခံရ

ခိုင်ရိုးလ 02 Jun 2018

ဒေါက်တာအေးမောင်ကို စွဲဆိုထားတဲ့အမှု ၃ မှုလုံးကို ချေဖျက်ပေးဖို့လျှောက်ထားချက်အပေါ် ရခိုင်ပြည်နယ် တရားလွှတ်တော်ကနေ မေလ ၃၁ ရက်နေ့မှာ ပလပ်လိုက်တာဟာ စွဲဆိုထားတဲ့အမှုတွေမှာ တရားလိုတစ်ဦးတည်းကိုသာ စစ်ဆေးရသေးတဲ့အတွက် အမှုမြောက်၊ မမြောက်ကို သုံးသပ်ဆုံးဖြတ်လို့ မရနိုင်သေးတဲ့အတွက်ဖြစ်တယ်လို့

တစ်ဖက်နိုင်ငံက ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၆၀ ကျော်ကို မူလနေထိုင်ခဲ့တဲ့ ကျေးရွာတွေမှာ နေရာချထားပေးသွားမယ်

31 May 2018

တစ်ဖက်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၆၂ ဦးကို သူတို့မူလက နေထိုင်ခဲ့တဲ့ကျေးရွာ ဒါမှမဟုတ် မူလကျေးရွာနဲ့ အနီးစပ်ဆုံးနေရာတွေမှာ နေရာချထားပေးသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။

ရခိုင်အမျိုးသားနေ့ကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်တွေက ပုဂ္ဂိုလ်တွေ ဥပက္ခာပြုထားကြ

31 May 2018

dtv news - မေလ ၃၀ ရက်နေ့မှာကျရောက်တဲ့ ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ်အတွင်းက စစ်တွေ အပါအဝင် မြို့နယ်အချို့မှာကျင်းပပြုလုပ်ခဲ့ကြပြီး ရခိုင်အမျိုးသားနေ့ကိုကျင်းပလာတာ ယခုနှစ်မှာ ၅ နှစ်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။

သတင်း - နေဝင်းစံ

မုန်တိုင်းဖြတ်သန်းမှုကြောင့် ရခိုင်ပြည်နယ်တစ်ဝှမ်းမှာ လူနေအိမ် ၁၉၈ လုံးခန့် ဆုံးရှုံး

စိမ်းကိုကို 31 May 2018

dtv news - မေလ ၂၉ ရက်နေ့က ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် တစ်ဝှမ်းလုံးမှာ လူနေအိမ် ၁၉၈ လုံးအပါဝင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကနဦးစာရင်းများအရ ငွေကျပ်သိန်းပေါင်း ၄၂၀ ကျော်ရှိကြောင်း ရခိုင်ပြည်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးက သိရပါတယ်။

လူမျိုးရေးအရ နှိပ်ကွပ်ချင်တာနဲ့ နိုင်ငံရေးအရ လုပ်ကြံချင်တာကြောင့် ဖမ်းဆီးတာဟု ဝေဟင်အောင်ဆို

ခင်သရဖီဦး 30 May 2018

သူတို့ကို ဖမ်းဆီးတာဟာ လူမျိုးရေးအရ နှိပ်ကွပ်ချင်တာနဲ့ နိုင်ငံရေး လုပ်ကြံချင်တာကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ ပုဒ်မသုံးခုနဲ့ အမှုရင်ဆိုင်နေရတဲ့ စာရေး ဆရာဝေဟင်အောင်က ပြောဆိုလိုက်ပါတယ်။ စာရေးဆရာဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့ကို မေလ ၃၀ ရက်နေ့က ၁၂ ကြိမ်မြောက်ရုံးထုတ်အပြီးမှာ

မရမာကြီးတိုင်းရင်းသားများ၏ တတိယအကြိမ်မြောက် အမျိုးသားနေ့ကို စစ်တွေမြို့မှာပြုလုပ်

ခိုင်ရိုးလ 30 May 2018

ရခိုင်မျိုးနွယ်စုဝင်တွေထဲမှာပါဝင်တဲ့ မရမာကြီးတိုင်းရင်းသားတွေရဲ့ တတိယအကြိမ်မြောက်အမျိုးသားနေ့ကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာရှိတဲ့ မရမာကြီးကျောင်းဟောင်း ပရိယတ္တိစာသင်တိုက်မှာ ဒီကနေ့ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

မာန်အောင်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်ပိမိပြီး လူတစ်ဦးသေဆုံး

အောင်ကောင်းဇော် 30 May 2018

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မျော်တော်ဦးအထက်ကျေးရွာမှာ ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ လေပြင် တိုက်ခတ်တဲ့အတွက် အုန်းပင်ပြိုလဲကျရာမှ ပိမိပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။

မြို့ရွာသန့်ရှင်းသာယာရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း ရခိုင်စည်ပင်ဝန်ကြီး ပြော

စိမ်းကိုကို 30 May 2018

စည်ပင်သာယာရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်လာတာ နှစ်လ ကျော်ပြီဖြစ်ကာ သူတာဝန်ယူတဲ့အချိန်က စပြီး မြို့ရွာ စည်ပင်သာယာ၊ သန့်ရှင်းရေးအတွက် အမှိုက်ကျင်းမရှိသေးတဲ့ မြို့တွေ အမှိုက်ကျင်းရအောင် ရှာပြီး သတ်မှတ်ပေးဖို့ ဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးဝင်းမြင့်ကပြောပါတယ်။

ဒေါက်တာအေးမောင်အား စွဲဆိုထားတဲ့အမှုတွေကို မေလ ၃၁ ရက်နေ့ အမိန့်ချမှတ်မယ်

ခိုင်ရိုးလ 29 May 2018

dtv news - ဖမ်းဆီးခံအမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ချေဖျက်ပေးဖို့ ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို မေလ ၃၁ ရက်နေ့မှာ ရခိုင်ပြည်နယ်တရားလွှတ်တော်က အမိန့်ချမှတ် သွားမယ်လို့ သိရပါတယ်။

သီတာထွေးသေဆုံးခြင်း ၆ နှစ်ပြည့် အောက်မေ့ဖွယ်ဆုတောင်းပွဲ ကျောက်ဖြူမှာပြုလုပ်

29 May 2018

သီတာထွေးသေဆုံးခြင်း ၆ နှစ်ပြည့် အောက်မေ့ဖွယ်ဆုတောင်းပွဲ အခမ်းအနားကို ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှာရှိတဲ့ ရွှေသာလျောင်းဘုရားကြီးမှာ ဒီကနေ့ နံနက် ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

ကျန်းမာရေးမကောင်းတဲ့အတွက် ဒေါက်တာအေးမောင်ကို စစ်တွေဆေးရုံကြီးမှာ ဓာတ်မှန်ရိုက် ပြီးရောဂါရှာဖွေ

ခိုင်ရိုးလ 29 May 2018

ပုဒ်မသုံးခုနဲ့ တရားရင်ဆိုင်နေရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဒီကနေ့ မေလ ၂၈ ရက် နံနက် ၈ နာရီကျော်အချိန်ခန့်က စစ်တွေဆေးရုံကြီးမှာ ဓာတ်မှန်ရိုက်ရောဂါရှာခဲ့ရတယ်လို့ မိသားစုဝင်တွေထံမှ သိရပါတယ်။

ရခိုင်အမျိုးသားပါတီ မျက်နှာစုံညီအစည်းအဝေးတစ်ခုကို ကျောက်ဖြူမှာ ပြုလုပ်

28 May 2018

dtv news - ပါတီတွင်းလျော့နည်းနေတဲ့ ပါတီဝင်အားတွေကို ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် ရခိုင်အမျိုးသား ပါတီရဲ့ မျက်နှာစုံညီအစည်းအဝေးတစ်ခုကို ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ ကျောက်ဖြူမြို့ မူလာရာမ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲပါတယ်။

ပြည်တွင်းပြည်ပ ဘာသာရေးခေါင်းဆောင်များ စစ်တွေမြို့သို့ရောက်ရှိလာ

စိမ်းကိုကို 28 May 2018

dtv news - ငြိမ်းချမ်းမေတ္တာအဖွဲ့ Religions for Peace Myanmar အပါအဝင် ပြည်တွင်းပြည်ပ ဘာသာရေးခေါင်းဆောင်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြန်မာ လေကြောင်းဖြင့် စစ်တွေမြို့ကိုရောက်ရှိလာခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ သစ်တောက အခွန်ရရှိမှု ပြီးခဲ့တဲ့ နှစ်ကထက်လျာ့နည်း

ခိုင်ရိုးလ 26 May 2018

dtv news - သစ်တောထွက်ပစ္စည်းထုတ်လုပ်မှု အကောက်ခွန်အဖြစ် ရခိုင်ပြည်နယ်မှာ နှစ်စဉ်သစ်တောက ရရှိတဲ့ အခွန်ကျပ်သိန်းပေါင်း ၂၁၆၆ သိန်းကျော်ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ အခွန်ရရှိမှု အနည်းငယ် လျော့နည်းခဲ့တယ်လို့ ပြည်နယ်သစ်တော ဦးစီးဌာနကသိရပါတယ်။

သတင်း - ခိုင်ရိုးလ

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားကို လက်ရှိသုံးစွဲနေတာထက် ၅ မီဂါဝပ်လျော့ချသွားမည်

26 May 2018

dtv news - ရခိုင်ပြည်နယ်အတွင်းမှာ လျှပ်စစ်ဓါတ်အားသုံးစွဲမှုကို လက်ရှိသုံးစွဲမှုထက် လျော့ချသုံးစွဲဖို့အတွက်ကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

ဘင်္ဂါလီဒုက္ခသည်စခန်း ပိတ်သိမ်းနိုင်ရေး နေအိမ်ဆောက်လုပ်နေမှု ၅၀ % ပြီးစီး

26 May 2018

dtv news - ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာရှိတဲ့ နိဒင် ဘင်္ဂါလီဒုက္ခသည်စခန်းကို ပိတ်သိမ်းနိုင်ရေး အတွက် နေအိမ်တွေဆောက်လုပ်နေမှုဟာ လက်ရှိမှာ ၅၀ ရာခိုင်နှုန်းအထိ ပြီးစီနေပြီဖြစ်တယ်လို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။

လုပ်အားခ မရှင်းပေးနိုင်တဲ့အတွက် အလုပ်သမားခေါင်းဆောင်ကို ရိုက်နှက်မှုဖြစ်ပွား

25 May 2018

dtv news - မောင်တောမြို့နယ်မှာ တည်ဆောက်နေတဲ့ လှဖိုးခေါင် လူနေအိမ်တည်ဆောက်ရာမှာ လုပ်အားခ မရှင်းပေးနိုင်တဲ့အတွက် အလုပ်သမားခေါင်းဆောင်ကို ပေါက်ပြားဖြင့် ရိုက်နှက်မှုတစ်ခု မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

သတင်း - ဝံသ (မောင်တော)

Showing 141-160 of 358 items.