စားသောက်ကုန်လုပ်ငန်းရှင်တွေကို FDA မှာ လုပ်ငန်းလိုင်စင်လျှောက်ပြီးလုပ်ကြဖို့ အသိပညာပေး

26 Jan 2018

အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေးဦးစီးဌာန (FDA) မှ ဦးစီးပြီး ကျောက်ဖြူမြို့မှာ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်းတွေ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတစ်ခုကို ကျောက်ဖြူပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမမှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ရခိုင်တေးသံရှင် ကိုကိုနိုင်(ဗျာလ) ရဲ့ နောက်ဆုံးခရီး

23 Jan 2018

ရခိုင်အမျိုးသားကိုယ်စားပြု ဗျာလသီချင်းဖြင့် နာမည်ကြီးလူသိများလာတဲ့ ရခိုင်တေးသံရှင် မာန်အောင်ဇာတိ ကိုကိုနိုင်(ဗျာလ)ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်က ရန်ကုန်မြို့ ရေဝေးသုဿန်မှာ သင်္ဂြိုဟ်ခဲ့ပြီး သူ့ရဲ့နောက်ဆုံးခရီးကိုတော့ အနုပညာအသိုင်းအဝိုင်း အပါအဝင် လူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ကိုကိုနိုင် (ခ) ဦးတင်ထွန်းနိုင် (အသက် ၄၇ နှစ်) ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်မြို့ Green Cross Hospital မှာ သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားတာဖြစ်ပြီး သူကွန်လွန်သွားတဲ့အပေါ် အရမ်းစိတ်မကောင်းဖြစ်မိတယ်လို့ ရခိုင်တေးသံရှင်တစ်ဦးဖြစ်တဲ့ မစိမ်းလဲ့လဲ့ က ပြောပါတယ်။

ရခိုင် - ဗမာ မုန်းတီးရေးကို မလုပ်ဆောင်ကြဖို့ ရခိုင်ပြည်နယ်အစိုးရတိုက်တွန်း

23 Jan 2018

မြောက်ဦးမြို့ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး အပြင်လူ့အဖွဲ့အစည်းမှာရော၊ လူမှုကွန်ယက်စာမျက်နှာမှာရော ရခိုင်၊ ဗမာ မုန်းတီးရေးကို သွေးထိုးလှုံ့ဆောင်မှုတွေ၊ ပြောဆိုရေးသားနေတာတွေကို မလုပ်ဆောင်ကြဖို့ ရခိုင်ပြည်နယ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ စစ်တွေရှိ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ လတ်တလေဖြစ်နေတဲ့ ရသေ့တောင်ကိစ္စနဲ့ မြောက်ဦးပဋိပက္ခတို့ကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲအပြီးမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ရခိုင်ဗမာမုန်းတီးရေးကို မလုပ်ကြဖို့ ပြောကြားခဲ့ပါတယ်။

ခေတ်ဟောင်းကလိုမျိုး ကျင့်သုံးတယ်ဆိုရင် ဒီမိုကရေစီဆိုတာဘာထူးသလဲလို့ အစိုးရကိုမေးခွန်းထုတ်

22 Jan 2018

မြောက်ဦးဖြစ်စဉ်အတွင်း အရပ်သား ၇ ဦးအထိ သေဆုံးမှုတွေရှိခဲ့တဲ့အတွက် အခုဖြစ်စဉ်အတွင်း အစိုးရဟာ ငြိမ်ဝပ်ပိပြားရေးကိုဆောင်ရွက်တဲ့အခါမှာ ခေတ်ဟောင်းကကျင့်သုံးသလိုမျိုး လုပ်တယ်ဆိုရင် ဒီမိုကရေစီဘာထူး မလဲလို့ မေးခွန်းထုတ်လိုက်သလို ပြည်သူတွေပေးဆပ်ခဲ့တာ ဘာထူးမလဲလို့လည်း စစ်တွေအရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက အစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။

မှားယွင်းတာတွေရှိခဲ့ရင် အရေးယူခံဖို့ အဆင်အသင့်ရှိကြောင်း ဝန်ကြီးချုပ် ဦးညီပု ဆို

22 Jan 2018

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တာတွေအားလုံးဟာ မိမိအပေါ်တာဝန်ရှိပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေအပေါ် တာဝန်ကျေပွန်အောင် လုပ်ဆောင်နေပြီး အကယ်၍ ပျက်ကွက်ခဲ့ပါက အရေးယူခံဖို့ အဆင်အသင့်ရှိတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားလိုက်ပါတယ်။

မာန်အောင်က ကျောင်းသားမိဘတွေ အစိုးရကျောင်းတွေအပေါ်မှာ ယုံကြည်ချက်ကင်းမဲ့နေတယ်လို့ဆို

21 Jan 2018

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်က အစိုးရကျောင်းတွေမှာ ပညာရေးနိမ့်ကျမှုတွေ ရှိနေတာဟာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေက အစိုးရကျောင်းတွေအပေါ်မှာ ယုံကြည်ချက် ကင်းမဲ့နေတာကြောင့် ဖြစ်တယ်လို့ မာန်အောင်ရွှေပန်းထိမ်လူငယ်များအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ဒေါက်တာအေးမောင်ရဲ့နေအိမ်အတွင်း သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့ပေမယ့် သက်သေတစ်စုံတစ်ရာမတွေ့ရှိခဲ့

21 Jan 2018

ဒေါက်တာအေးမောင်ကို ဖမ်းဆီးပြီး ၂ နာရီခန့်အကြာမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဒေါက်တာအေးမောင်ရဲ့နေအိမ်အတွင်း မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)နဲ့ လိုအပ်တဲ့ သက်သေအထောက်အထားတွေကို အသိသက်သေတွေနဲ့ အတူ လာရောက်ရှာဖွေခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရမ်းဗြဲမြို့သစ်စီမံကိန်းကို အစိုးရရဲ့ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေ

21 Jan 2018

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့မှာ လူဦးရေထူထပ်လာနေတဲ့အတွက် မြို့သစ်စီမံကိန်းတစ်ခုကို ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလလောက်ကနေ စတင်လုပ်ဆောင်နေတာဖြစ်ပြီးတော့ စီမံကိန်းပြီးတဲ့အခါမှာလည်း ပိုလျှံတဲ့မြေတွေကို ပြန်လည်ရောင်းချပေးသွားမယ်လို့ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က DMG ကို ပြောဆိုလိုက်ပါတယ်။

မြောက်ဦးပဋိပက္ခနဲ့ပတ်သက်ပြီး ရခိုင် ၁၇ မြို့နယ်မှာ လုံခြုံရေးတိုးမြှင့်ချထား

21 Jan 2018

မြောက်ဦးမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့နယ် ၁၇ မြို့နယ်မှာ လုံခြုံရေးကိုတိုးမြှင့်ချထားတယ်လို့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း နေရာ ၁၀ ခုကို ဖြန့်ခွဲပြီးတော့ လုံခြုံရေးတိုးမြှင့်ချထားတာဖြစ်ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒေါက်တာအေးမောင်ကို ပုဒ်မ ၃ ခုနဲ့ဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းချုပ်ထား

18 Jan 2018

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဇန်နဝါရီလ ၁၈ ရက် နေ့လည် ၁ နာရီက စစ်တွေမြို့ အိုးတန်းရပ်ကွက်မှာရှိတဲ့ သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားပြီး စစ်တွေမြို့အမှတ်(၁)ရဲစခန်းကို ခေါ်ဆောင်သွားကာ စစ်ဆေးမှုတစ်ချို့ပြုလုပ်ခဲ့ပြီးတော့ စစ်တွေအကျဉ်းထောင်မှာထိန်းချုပ်ထားဖို့ ဆက်လက်ခေါ်ဆောင်သွားခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက် အထိမ်းအမှတ်စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ ဒေါက်တောအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင် တို့နှစ်ဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ မတရားအသင်းဆက်နွယ်မှုတွေနဲ့ ရသေ့တောင်မြို့နယ် ရဲစခန်းက တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးသွားသူတွေအတွက် ပြည်နယ်အစိုးရအနေနဲ့ ထိရောက်စွာအရေးယူပေးဖို့ မိသားစုဝင်တွေတောင်းဆို

17 Jan 2018

မြောက်ဦးမြို့မှာ ရဲတွေနဲ့ မြို့လူထုတွေ ပဋိပက္ခဖြစ်ပွားရာမှာ ရဲတွေ သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားတဲ့ ဒေသခံ ၇ ဦးအတွက် သက်ဆိုင်တဲ့သူတွေကို ထိရောက်စွာ အရေးယူပေးဖို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုပ်ပေးစေချင်တယ်လို့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အခမ်းအနားမှာ ဒေါက်တာအေးမောင် စာပေဟောပြောမယ်လို့ သိရတဲ့အတွက် ဗဟုသုတရအောင်ဆိုပြီး နားထောင်ဖို့ လာရောက်တဲ့အခါမှာ ဟောပြောခွင့်မပြုတဲ့အတွက် ဆန္ဒပြရာကနေ လူအုပ်စုကို ရဲတွေက သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် သေဆုံးရာမှာ မောင်တစ်ဦးပါဝင်သွားတယ်လို့ အစ်မဖြစ်သူက DMG ကို ပြောပါတယ်။

မောင်တောမြို့နယ်မှာ တပ်မတော်သားတွေကို တင်ဆောင်လာတဲ့ကားတစ်စီး ဆွဲမိုင်းဖောက်ခွဲခံရ

05 Jan 2018

နယ်စပ်ခြံစည်းရိုးအနီးမှာရှိတဲ့ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ကနေ တပ်မတော်သားတွေကို တင်ဆောင်လာတဲ့ တေဘာကားတစ်စီးမှာ တရိန်းကျေးရွာနဲ့ ကျွန်းပေါက်ကျေးရွာကြားတွင် ဒီကနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆွဲမိုင်းဖောက်ခွဲခံရပြီး စစ်ဗိုလ်ကြီးတွေ ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ တရိန်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
နယ်စပ်ခြံစည်းရိုးကို တည်ဆောက်နေတဲ့ GE တပ်သားတွေဟာ စစ်ဗိုလ်အရာရှိတစ်ဦးကို ဆေးကုဖို့ လုပ်ငန်းခွင်အတွင်းက သဲ၊ ကျောက်သယ်ဆောင်နေတဲ့ တေဘာကားတစ်စီးနဲ့ မောင်တောမြို့သို့ လာရောက်ရာမှာ ဆွဲမိုင်းဖောက်ခွဲခံခဲ့ရတာပါ။

ဒေါက်တာအေးမောင်ရဲ့နုတ်ထွက်စာအပေါ် ရခိုင်အမျိုးသားပါတီဝင်တွေဆီက အမြင်သုံးမျိုးထွက်ပေါ်လာ

နေဝင်းစံ 05 Jan 2018

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ရဲ့ နုတ်ထွက်စာအပေါ်မှာ ရခိုင်အမျိုးသားပါတီဝင်တွေဆီက အမြင်သုံးမျိုး ထွက်ပေါ်လာတယ်လို့ သိရပါတယ်။

ဒေါက်တာအေးမောင်ကို ပါတီကနှုတ်ထွက်ခွင့်ပေးသင့်တယ်ဆိုတဲ့အမြင်၊ ပါတီမှာ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင် ဖို့အတွက် ရဟန်း၊ လူ့ပုဂ္ဂိုလ်တွေပါဝင်တဲ့ကြားခံအဖွဲ့တစ်ခုဖွဲ့ပြီးတော့ သွားရောက်ဆွေးနွေးသင့်တယ်ဆိုတဲ့အမြင်နဲ့ ဒေါက်တာအေးမောင်ရဲ့နှုတ်ထွက်စာတင်မှုအပေါ် ပြန်လည်စဉ်းစားဖို့ အချိန်ပေးသင့်တယ်ဆိုတဲ့ အမြင်တွေ ထွက်ပေါ် လာတာဖြစ်ပါတယ်။

မောင်တောဒေသသို့ မိသားစုအလိုက် ပြောင်းရွှေ့အခြေချနေထိုင်သူ များလာ

03 Jan 2018

အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ မျှော်လင့်ချက်နဲ့ မောင်တောဒေသကို မိသားစုအလိုက် ပြောင်းရွှေ့အခြေချနေထိုင်လာမှုဟာ တစ်ဖြည်းဖြည်းများလာနေတာကို တွေ့ရပါတယ်။

မောင်တောဒေသက တိုင်းရင်းသားကျေးရွာတွေမှာ ရေချိုငါးမွေးမြူရေးကန်တွေ ပြုလုပ်ပေးဖို့စီစဉ်ထား

03 Jan 2018

ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းက တိုင်းရင်းသားကျေးရွာတွေမှာ အစိုးရအစီအစဉ်နဲ့ ရေချိုငါးမွေးမြူရေးကန်တွေ ပြုလုပ်ပေးဖို့ စီစဉ်ထားတယ်လို့ မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

မောင်တောဒေသဟာ ရေခံမြေခံလည်းကောင်းပြီး မိုးရေချိန်လက်မလည်း မြင့်တဲ့အတွက် ရေချိုငါးမွေးမြူလို့ရှိရင် ဒေသစားသုံးမှုဖူလှုံပြီးတော့ နိုင်ငံတကာကိုလည်းတင်ပို့နိုင်မှာဖြစ်တာကြောင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင် က DMG ကိုပြောပါတယ်။

စည်ပင်ဝန်ကြီး ဦးမင်းအောင်အား စွတ်စွဲပြစ်တင်မှုမှန်ကန်ကြောင်း ရခိုင်လွှတ်တော်က အတည်ပြု

နေဝင်းစံ 02 Jan 2018

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးရဲ့ စွတ်စွဲပြစ်တင်ချက်တွေဟာ မှန်ကန်ကြောင်းကို ဒီကနေ့မှာ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို စွတ်စွဲပြစ်တင်မှုအပေါ် စုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဒီကနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာပြုလုပ်တဲ့ ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ လျှို့ဝှက်မဲစနစ်နဲ့ ဆုံးဖြတ်ခဲ့ပြီး မဲပေးခွင့်ရှိတဲ့ ကိုယ်စားလှယ် ၄၅ ဦးအနက် စွတ်စွဲပြစ်တင်မှုမှန်ကန်ကြောင်း ထောက်ခံမဲ ၃၇ မဲနဲ့ ကန့်ကွက်မဲ့ ၈ မဲ ရှိခဲ့ပါတယ်။

မောင်တောဒေသမှာ သွေးအားနည်းတဲ့ရောဂါတွေ အများဆုံးတွေ့နေရတယ်လို့ ဆရာဝန်ကြီးတွေပြောဆို

01 Jan 2018

ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတဲ့ မောင်တောမြို့နယ်မှာ မြန်မာနိုင်ငံ ဆရာဝန်များအသင်း (ဗဟို)မှ အထူးကုဆရာဝန်ကြီး ၁၈ ဦး၊ ကျန်းမာရေးဆရာမ ၁၂ ဦးနဲ့ ကျန်းမာရေး ကျွမ်းကျင်လုပ်သား ၆ ဦးတို့က အခမဲ့ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

မောင်တောမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က စပြီး သုံးရက်တာ ဆေးကုသပေးနေတာ ဖြစ်ပြီး ဆေးလာကုတဲ့ဒေသခံတွေမှာ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေကို အများဆုံးတွေ့နေရတယ်လို့ မြောက်ဥက္ကလာ ဆေးရုံကြီးက သွေးရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ အေးအေးကြီးက ပြောပါတယ်။

၂၁ ပင်လုံညီလာခံမှာ ရခိုင်လူမျိုး ခွဲခြားဆက်ဆံခံနေရတယ်လို့ AASYC ထုတ်ပြန်

31 Dec 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းဝေးမှာ ရခိုင်လူမျိုးတွေ ခွဲခြားဆက်ဆံခြင်း ခံနေရတယ်လို့ ၂၃၃ နှစ်ပြည့် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က သဘောထား ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အစိုးရအနေနဲ့ NCA စာချုပ်ပါကတိအတိုင်း NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးနွေးပွဲတွေ ပြုလုပ်ခွင့်ရှိပေမယ့် ရခိုင်ပြည်နယ်မှာ ပြုလုပ်မှာကို အကြောင်းအမျိုးမျိုးပြကာ ငြင်းပယ်ခံနေရတဲ့အတွက် နိုင်ငံရေးအရ နစ်နာမှူတွေရှိနေပြီး ရခိုင်လူမျိုးတွေ ခွဲခြားဆက်ဆံခြင်းခံနေရတာဖြစ်တယ်လို့ AASYC က ထုတ်ပြန်ပါတယ်။

တရိန်းကျေးရွာသားတွေ မကြာခဏသတ်ဖြတ်ခံနေရတဲ့အတွက် ကျေးရွာပြောင်းရွေ့ချင်နေကြ

30 Dec 2017

မောင်တောမြို့နယ်၊ တရိန်းကျေးရွာမှာ မကြာခဏဆိုသလို ဒေသခံတိုင်းရင်းသားတွေ သတ်ဖြတ်ခံနေကြရတဲ့အတွက် လက်ရှိနေထိုင်တဲ့ကျေးရွာမှာ နေထိုင်ဖို့မသင့်တော်တော့တာကြောင့် လုံခြုံတဲ့နေရာတစ်ခုမှာ ပြောင်းရွေ့နေထိုင်ချင်တယ်လို့ တရိန်းကျေးရွာသားတွေက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်းက ရခိုင်နှင့်တခြားတိုင်းရင်းသားတွေဟာ အလိုက်အငိုက်တွေမှာ သတ်ဖြတ်ခံတာတွေကို မကြာခဏကြုံတွေ့နေရပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ငါးရှာပြီးပြန်လာတဲ့ တရိန်းကျေးရွာက မြိုတိုင်းရင်းသားတစ်ဦး သတ်ဖြတ်ခံခဲhရတာနှင့်ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူမှုကို ဆိုင်းငံ့ထားဖို့ ရခိုင်ဝန်ကြီးချုပ် ညှိနှိုင်းစာပို့

မောင်ဇော်ခိုင် 30 Dec 2017

 ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးကိစ္စကို လွှတ်တော်အတွင်း ဆွေးနွေးနိုင်ရန်အတွက် ဇန်နဝါရီလ ၂ ရက် နေ့မှာ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအခေါ်ယူမှုကို ဆိုင်းငံ့ထားပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်ဥက္ကဌထံ ညှိနှိုင်းစာတစ်စောင် ပေးပို့လိုက်တယ်လို့ သိရပါတယ်။

စည်ပင်ဝန်ကြီး ဦးမင်းအောင်ဟာ ဥပဒေအရပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာမထမ်းဆောင်နိုင်တဲ့အတွက် နိုင်ငံတော်နှင့်ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတယ်လို့ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက တိုင်ကြားခဲ့တဲ့အပေါ် ပြည်နယ်လွှတ်တော်ကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးပြီး ဥက္ကဌထံသို့ တင်ပြထားတဲ့အပေါ် ဥပဒေအရ ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်အစည်ဝေး ခေါ်ယူရတာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးမြသန်း က ပြောပါတယ်။

Showing 281-300 of 358 items.