ပုဏ္ဏားကျွန်းမြို့နယ် မူလွန်ကျောင်းများမှာ သွေးလွန်တုပ်ကွေး ပညာပေးမှုများ လုပ်ဆောင်နေ

20 Jun 2017

နေရာအနှံ့ဖြစ်ပေါ်နေတဲ့ သွေးလွန်တုပ်ကွေး ကင်းဝေးရေးအတွတ် ပုဏ္ဏားကျွန်းမြို့နယ် မူလွန်ကျောင်းတွေမှာ မြို့နယ်ဆရာဝန်ကြီးဦး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကျောက်ဖြူ ဒီရေတော ပြုန်းတီးမှု

17 Jun 2017

ရခိုင်ပြည်နယ်တွင် ဒီရေတောပြုန်တီးနေရခြင်းမှာ ပုဇွန်ကန်နှင့်လယ်မြေများတိုးချဲ့နေခြင်းကြောင့်ဟု တာဝန်ရှိသူမှပြောကြားလိုက်ပါတယ်။

ပညာရေးဆိုင်ရာ ဘုံသဘောတူညီချက်များ ရရှိရန် ရခိုင်ကျောင်းသားများ ဆွေးနွေး

17 Jun 2017

ရခိုင်ပြည်နယ်မှာရှိတဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသားကိုယ်စားလှယ်တွေ စစ်တွေတက္ကသိုလ်မှာ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ နှစ်ရက်ကြာတွေ့ဆုံပွဲပြုလုပ်နေပါတယ်။ တပြည်နယ်လုံးမှာရှိတဲ့ ကျောင်းသားအရေးနဲ့ ပညာရေးကိစ္စတွေမှာ ဘုံသဘောတူညီချက်တွေ ထုတ်ဖော်နိုင်ဖို့ အခုလိုဆွေးနွေးနေတာပါ။

ဂျိတ္တောရပ်ကွက်က ပိုင်တဲနှင့်ငါးလှန်းကွင်းများကို ဟိုတယ်လုပ်ငန်းရှင်များ ဖယ်ရှင်းခိုင်း

27 May 2017

သံတွဲခရိုင်၊ ငပလီမြို့နယ်၊ ဂျိတ္တောရပ်ကွက်၊ နတ်မှော်ကမ်းခြေ တစ်လျှောက်မှာရှိတဲ့ ကျော့ပိုက်လုပ်ငန်းရှင်တွေရဲ့ ပိုက်တဲနဲ့ငါးလှန်းကွင်းတွေကို ဟိုတယ်တည်းခိုခန်းလုပ်ငန်းရှင်တွေက ဖယ်ရှားခိုင်းနေတဲ့အတွက် ကျော့ပိုက်လုပ်ငန်းရှင်တွေ အခက်တွေ့နေကြပါတယ်။

သံတွဲမြို့အတွင်းက ကျောင်းသား/သူများ ကျောင်းအပ်နှံရေးမြင်ကွင်း

25 May 2017

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ယနေ့ (မတ်လ ၂၅ ရက်နေ့) စတင်ကာ ကျောင်းစတင်အပ်နှံနေကြပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့အတွင်း ကျောင်းအပ်နှံနေတဲ့မြင်ကွင်းဖြစ်ပါတယ်။ ကျောင်းသားမိဘတွေကတော့ ကျောင်းအပ်နှံတဲ့အခါမှာ အခက်အခဲ တစ်စုံတစ်ရာ မရှိဘူးလို့လည်း ပြောဆိုကြပါတယ်။

ဆတ်ရိုးကျစက်မှုရပ်ကွက်က သိမ်းဆည်းခံလယ်ယာမြေ

22 May 2017

စစ်တွေမြို့နယ် ဆတ်ရိုးကျ စက်မှုရပ်ကွက်မှာ ပြီးခဲ့တဲ့အစိုးရလက်ထက်ဝန်ကြီးတွေနဲ့ဌာနဆိုင်ရာ အကြီးအကဲတွေ သိမ်းဆည်းထားတဲ့လယ်ယာမြေတွေနဲ့ ပတ်သတ်ပြီး တစ်ဧကကို ကျပ်ငွေသိန်း၃၀ လျှော်ကြေးပေးအပ်သွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်စုပေါင်းရုံးမှာ လယ်သမားတွေကို တွေဆုံညှိနှိူင်းပြောဆိုလိုက်ပါတယ်။

မြောက်ဦးမှာ ဗုဒ္ဓဘာသာလူငယ်များ ခေါင်းဆောင်မှုသင်တန်းပြုလုပ်

22 May 2017

ထိုင်းနိုင်ငံ ဗုဒ္ဓတက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ဆရာတော် အရှင်ပညာလင်္ကာရက ဦးဆောင်ပြီးေ မောက်ဦးမြို့ ရတနာမာန်အောင် ဘုန်းတော်ကြီးကျောင်းမှာ လူငယ်တွေကို ဗုဒ္ဓဘာသာလူငယ်များ ခေါင်းဆောင်မှူစွမ်းရည်မြှင့် သင်တန်းကို အခမဲ့သင်ကြားပေးနေပါတယ်။ 

ရခိုင်လယ်သမားတွေ လယ်မြေစွန့်ခွာမှုတွေများပြားလာ

19 May 2017

ရခိုင်ပြည်နယ်က လယ်သမားတွေအနေနဲ့ လယ်ယာမြေလုပ်ကိုင်တာဟာ အကျိုးအမြတ်မရှိသလောက် နည်းပါးနေတာကြောင့် နှစ်စဉ် လယ်ယာမြေကို စွန့်ခွါတဲ့နှုန်းထားက တဖြေးဖြေးပိုများလာနေတယ်လို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂရဲ့ ထွေထွေအတွင်းရေးမှူး ဦးကျော်ဇံက DMG ကိုပြောပါတယ်။

မဒေးကျွန်းမှာ ရေနံတင်သင်္ဘောများ ဆိုက်ကပ်နေမှုကြောင့် ရေလုပ်သားများအခက်တွေ့

18 May 2017

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာရှိတဲ့ CNPC တရုတ်ကုမဏီမှ ရေနံတင်သင်္ဘောတွေ ဆိုက်ကပ်လာနေတာကြောင့် မဒေးကျွန်းနှင့်ကျောက်ဖြူမှ ရေလုပ်သားတွေမှာ ရေလုပ်ငန်းကိုလုပ်ဖို့အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

သံတွဲမြို့က ကလေးများအတွက် အခမဲ့ ပန်းချီသင်တန်း

16 May 2017

ကလေးငယ်လေးတွေ ပျော်ရွင်စွာနဲ့ပန်းချီကို စိတ်ပါဝင်စားစွာ ရေးဆွဲနေကြတဲ့မြင်ကွင်းဟာ ကြည်နူးစရာ ကောင်းလှပါတယ်။ ကလေးငယ်လေးများဟာ တစ်ဦးနဲ့တစ်ဦး မင်းပန်းချီထက် ငါ့ပန်းချီက လှတယ်လို့သူတို့ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို ပြိုင်ဆိုင်နေကြတာဟာလည်း အလွန်ချစ်စရာ ကောင်းလှပါတယ်။ 

ရမ်းဗြဲမြို့မှာ ရခိုင်ရိုးရာလှလှော်ပြိုင်ပွဲ ကျင်းပ

15 May 2017

နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ ရမ်းဗြဲမြို့မှာ ရခိုင်ရိုးရာဓလေ့ဖြစ်တဲ့ ရမ္မာဝတီလှေလှော်ပြိုင်ပွဲနဲ့ ကျင်ကိုင်ပြိုင်ပွဲကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပနေတယ်လို့ သိရပါတယ်။ 

ရခိုင်လူငယ်ညီလာခံ ဦးဆောင်သူများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံ

15 May 2017

ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ၅ ဦးအဖွဲ့နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပါဝင်တဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ ဒီနေ့ နံနက် ၁၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

(၈၉) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား

14 May 2017

ရခိုင်ပြည်နယ်ထဲမှာ အစည်ကားဆုံး ဗုဒ္ဓပူဇနိယပွဲတော်များထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ် ဗုဒ္ဓပူဇနိယပွဲတော်မှာ ပျော်ပွဲရွင်ပွဲတွေဖြစ်တဲ့ ရိုးရာပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မှု လျှော့နည်းခဲ့ပေမယ့် ပွဲတော်ကာလတွင်း လာရောက်လည်ပတ်သူတွေကတော့ ယခင်နှစ်တွေကထက် များပြားခဲ့ပါတယ်။ 

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများပါဝင်ခွင့်ရရှိရေး ကျောက်ဖြူမှာဆွေးနွေး

13 May 2017

ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ရခိုင်အမျိုးသမီးတွေပါပတ်သက်လုပ်ဆောင်နိုင်ဖို့အတွက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ယပ်လှဲကျောင်းပရိယတ္တိ စာသင်တိုက်မှာ မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်တိုင်တိုင် ကျင်းပနေပါတယ်။

မောင်တောမှာ ရောက်ရှိနေတဲ့ ပြည်တော်ပြန်တွေ အခက်အခဲတွေနဲ့ကြုံတွေ့နေရ

12 May 2017

ရခိုင်ပြည်နယ် မောင်တောဒေသကို ရောက်ရှိခိုလှုံလာကြတဲ့ ဘင်္ဂလားဒေရှ်နိုင်ငံက ရခိုင်တိုင်းရင်းသားတွေနဲ့ မောင်တောမှာရှိနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် အချို့ဟာဆိုရင် ၂၀၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်းမှာ ရပ်တည်ရ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။

ဖဒူကျေးရွာမှာ လာမယ့် ရက်ပိုင်းအတွင်း ဆိုးရွားစွာ ရေရှားနိုင်

12 May 2017

ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်းပေါ်မှာရှိတဲ့ ဖဒူကျေးရွာမှာ ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ရေရှားပါးမှုဒဏ်ကို အကြီးအကျယ် ရင်ဆိုင်ကြုံတွေ့နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တွေမြို့မဈေးကိုပိတ်ပြီး ရခိုင်အမျိုးသားနေ့ကို ဂုဏ်ပြု

သားသျှေလေး 10 May 2017

ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှာ ကျရောက်မယ့် ရခိုင့်အငွေ့အသက်တွေ ကိန်းအောင်းနေတဲ့ (၄) နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို စစ်တွေမြို့မ ဈေးသူ၊ ဈေးသားတွေအနေနဲ့ အားလပ်ရပ်သတ်မှတ်ပြီး ဈေးပိတ်ကာ ဂုဏ်ပြုသွားမယ်လို့ သိရပါတယ်။

ကမ်းနီးမှာ ကမ်းဝေးငါးဖမ်းသင်္ဘောတွေ ငါးဖမ်းနေတာကို အစိုးရသစ်မှ ဖြေရှင်းပေးဖို့တာင်းဆို

10 May 2017

အစိုးရအဆက်ဆက်က ဂရုစိုက်ဖြေရှင်းပေးခြင်းမရှိခဲ့တဲ့ ကမ်းဝေးငါးဖမ်းသင်္ဘောတွေ ကမ်းနီးကိုဝင်ရောက် ငါးခိုးဖမ်းနေတာကို အစိုးရသစ်အနေနဲ့ ဂရုတစိုက် ဖြေရှင်းပေးသင့်တယ်လို့ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်မှ ငါးပုစွန်လုပ်ငန်းရှင်တွေက ပြောဆိုလိုက်ပါတယ်။

အစိုးရက စပါးဝယ်ယူရေး မြောက်ဦးတောင်သူများ ဒုတိယအကြိမ် ဆန္ဒပြ

08 May 2017

စပါးဈေးကျနေတဲ့အတွက် မြန်မာလယ်ယာစိုက်ပျိုးရေးဘဏ်ကို ချေးငွေပြန်ပေးဖို့အတွက် တောင်သူလယ်သမားတွေမှာ အခက်အခဲဖြစ်နေတာကြောင့် အစိုးရကပစပါးဝယ်ယူရေးအတွက် မြောက်ဦးမြို့နယ်က တောင်သူလယ်သမား ၁၀၀၀ ကျော်က မြောက်ဦးမြို့ပေါ်မှာ ဒီနေ့ မေလ ၈ ရက်နေ့ နေ့လည် ၁ နာရီက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

နိုင်ငံတကာအနုပညာပြပွဲမှာ အကောင်းဆုံးပန်းချီပညာရှင် ချန်ပီယံဆု ရခိုင်လူငယ် ပန်းချီပညာရှင်ရရှိ

08 May 2017

တရုတ်နိုင်ငံ၊ တိုင်ပေ(ထိုင်ဝွမ်)တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၇ အနုပညာလက်ရာပြပွဲမှာ နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး ပန်းချီပညာရှင် ချန်ပီယံဆုကို ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့ဇာတိ ရခိုင်တိုင်းရင်းသား ပန်းချီဇွဲရန်နိုင်က ဆွတ်ခူးရရှိခဲ့ပါတယ်။

Showing 321-340 of 358 items.