နတ်ကွန်းဧရိယာ ခြံစည်းရိုးကာရံခြင်းကို ဖျက်သိမ်းဖို့ ဆန္ဒဖော်ထုတ်

05 May 2017

စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာမှာ ရှေးနှစ်ပေါင်းများကတည်းက ယုံကြည်ကိုးကွယ်လာခဲ့ကြတဲ့ နတ်ကွန်းဧရိယာကို တပ်မတော်မှ ခြံစည်းရိုးကာရံထားပြီး သိမ်းဆည်းထားတဲ့အတွက် ပါဒလိတ်ဒေသခံ ၁၅၀၀ ခန့်လောက်က ဒီနေ့ မေလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီက ခြံစည်းရိုးဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 

ရသေ့တောင်မြို့မှာ ရခိုင်လူငယ်အကြိုညီလာခံ ရလဒ်များကို ရှင်းလင်း

25 Apr 2017

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မာန်အောင်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရခိုင်လူငယ်အကြိုညီလာခံက ရလဒ်တွေနဲ့ ညီလာခံကြီး ဖြစ်မြောက်ဖို့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေကို ရသေ့တောင်မြို့မှာ မာန်အောင်သွားတက်ရောက်ခဲ့တဲ့ လူငယ်ကိုယ်စားလှယ် ၅ ဦးက ယနေ့ ရှင်းလင်းပွဲ လုပ်ပါတယ်။ 

၇ ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ဘူးသီးတောင်မှာ ကျင်းပမယ်

25 Apr 2017

နှစ်စဉ်ကျင်းပနေတဲ့ ခမီအမျိုးသားနေ့ (၇) ကြိမ်မြောက် အခမ်းအနားကို ရခိုင်ပြည်နယ် နယ်စပ်မြို့ဖြစ်တဲ့ ဘူးသီးတောင်မြို့မှာ ဧပြီလ ၂၇ ရက်နေ့ ကျင်းပသွားမယ်လို့ သိရပါတယ်။ 

ဘင်္ဂလာဒေ့ရှ်က ရွေ့ပြောင်းလာသော ရခိုင်မျိုးနွယ်စုဝင်များ အကူအညီလိုအပ်နေ

24 Apr 2017

လူမျိုးရေးပြဿနာတွေကြောင့် ၂၀၁၄ ခုနှစ်ကတည်းကနေ မောင်တောမြို့မြောက်ပိုင်း အထက်ပြူးမကျေးရွာမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ပြောင်းရွေ့နေထိုင်နေကြတဲ့ ရခိုင်မျိုးနွယ်စုဝင်အိမ်ထောင်စုဝင်တွေဟာ စားဝတ်နေရေးအဆင်မပြေမှုတွေ ဖြစ်ပေါ်နေတာကြောင့် မောင်တောမြို့တောင်ပိုင်းကျေးရွာများသို့ ပြောင်းရွေ့နေထိုင်နေကြပြီး လက်ရှိမှာ အကူအညီတွေ လိုအပ်နေကြောင်း သိရပါတယ်။

မြောက်ဦးသင်္ကြန်တွင် နံ့သာသွေးပြိုင်ပွဲနှင့် သံချပ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်

29 Mar 2017

 

အခုနှစ် မြောက်ဦးမြို့ ရခိုင်ရိုးရာသင်္ကြန်မှာ မကျင်းပတာကြာပြီဖြစ်တဲ့ နံ့သာသွေးပြိုင်ပွဲနဲ့ သံချပ်ပြိုင်ပွဲတွေကို လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး ကျင်းပသွားမယ်လို့ ပွဲစီစဉ်နေသူတွေက ဆိုပါတယ်။

မင်းပြားမြို့တည်နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲတော် (၇) ရက်တိုင်တိုင်ကျင်းပ

27 Mar 2017

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တည်နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတော်အား မတ်လ ၂၀ ကနေ ၂၆ ရက်နေ့အထိ မြို့မဘောလုံးကွင်းမှာ ပြည်နယ်အတွင်း ဆယ်စုနှစ်ကြာတိမ်မြှပ်ပျောက်ကွယ်နေတဲ့ ရခိုင်ရိုးရာအားကစားပွဲတွေနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

သံတွဲခရိုင်၊ ငပလီမြို့မှာ ရခိုင်ရိုးရာ နွားခြေမောင်းပြိုင်ပွဲ ကျင်းပ

27 Mar 2017

 

ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်မှာ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေဖို့ကို ရည်ရွယ်ပြီး ရခိုင်ရိုးရာ နွားခြေမောင်းပြိုင်ပွဲကို မတ်လ ၂၅၊ ၂၆ နှစ်ရက်တိုင်တိုင် စည်ကားစွာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ကျောင်းသားသမဂ္ဂ ပြန်လည်အသက်ဝင်လာဖို့ လုပ်ဆောင်နေ

14 Mar 2017

ရခိုင်တက္ကသိုလ်ကျာင်းသား၊ကျောင်းသူတွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ ရခိုင်ကျောင်းသားသမဂ္ဂကို ပြန်လည်အသက်ဝင်လာနိုင်ဖို့အတွက် တက္ကသိုလ်အသီးသီးက ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီး ကျောင်းသားထုတွေကို စည်းရုံးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်မှာ လူငယ်ညီလာခံ ပြုလုပ်မည်

13 Mar 2017

ကွဲကွာနေတဲ့ လူငယ်တွေကို ပြန်လည်စုစည်းဖို့နဲ့ လူငယ်တွေအားလုံးပါဝင်တဲ့ အဖွဲ့တစ်ခုပေါ်ပေါက်လာဖို့ကို ရည်ရွယ်ပြီး ရသေ့တောင်မြို့နယ်မှာ လူငယ်ညီလာခံတစ်ခုကို ဧပြီလမှာ ကျင်းပသွားမယ်လို့ ဦးဆောင်သူတွေက ပြောဆိုကြပါတယ်။

တပေါင်းလပြည့်နေ့တွင် သဲပုံစေတီပွဲ ကျင်းပမည်

10 Mar 2017

ရခိုင်ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်တဲ့အနေနဲ့ တပေါင်းလပြည့်နေ့မှာ သံမြို့နယ် ငပလီကမ်းခြေ Public Area မှာ သျှစ်သောင်းမြောက်ပွဲခေါ် သဲပုံစေတီပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် စည်းကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပြီး စစ်တွေကမ်းခြေမှာလည်း ကျင်းပသွားမယ်လို့ ဦးဆောင်ပြုလုပ်တဲ့သူတွေက ပြောဆိုကြပါတယ်။

ရခိုင်တိုင်းရင်းသား ကိုသားငယ်ကို အားပေးမှုတွေ များပြားနေ

09 Mar 2017

မြန်မာနိုင်ငံမှာ ဂီတနဲ့ သီချင်းဆိုဝါသနာပါတဲ့ သူတွေကို အဆိုတော်တစ်ယောက်ဖြစ်အောင် ပြုလုပ်ပေးနေတဲ့ Myanmar Idol မှာ ရခိုင်ပြည်နယ် မာန်အောင်မြို့ဇာတိဖြစ်တဲ့ ရခိုင်အမျိုးသား ကိုသားငယ်က ဝင်ရောက်ယဉ်ပြိုင်နေပါတယ်။

မြောက်ဦးမှာ လူငယ်တွေ့ဆုံပွဲ ပြုလုပ်နေ

25 Feb 2017

 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊  ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တခြားလုပ်ငန်းစဉ်တွေမှာ လူငယ်တွေအနေနဲ့ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ လူငယ်တွေ့ဆုံပွဲတစ်ခုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်နေကြပါတယ်။

ကျောက်တော်မှာ လူငယ်နှင့်ငြိမ်းချမ်းရေး ဖိုရမ်ကျင်းပ

20 Feb 2017

လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ကို ရည်ရွယ်ပြီး ကျောက်တော်မြို့မှာ လူငယ် ၂၀၀ လောက်က တွေ့ဆုံဆွေးနွေးနေကြပါတယ်။

စစ်တွေမြို့က ရခိုင်ရိုးရာရထားဆွဲပွဲတော်ကြီး

08 Feb 2017

 

စစ်တွေမြို့ ၊ ဝင်္ကပါကွင်းမှာ မြို့လုံးကျွတ်ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ စတင်ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “ ရိုးရာအမွေအနှစ်တွေကို ဖော်ထုတ်ထိန်းသိမ်းတာဟာ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာတွေ၊ တန်ဖိုးတွေကို မြှင့်တင်တာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

အမ်းလူငယ်ဖိုရမ် ၃ ရက်တာကျင်းပနေ

07 Feb 2017

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ လူငယ်တွေ မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်နိုင်ဖို့၊ ပညာရေးမြှင့်တင်မှူတွေမှာ အထောက်အကူဖြစ်စေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပူးပေါင်းဝင်နိုင်ဖို့ အမ်းလူငယ်ဖိုရမ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ ၆ ရက်နေ့ထိ သုံးရက်တာ ကျင်းပနေပါတယ်။

ရက္ခပူရသာသနာ့လင်္ကာရစာမေးပွဲကြီး ကျင်းပပြီးစီး

01 Feb 2017

ရခိုင်ပြည်နယ် စစ်တွေမြို့၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲမြို့တို့မှာ ရက္ခပူရသာသနာ့လင်္ကာရအသင်းက ဦးဆောင်ပြုလုပ်တဲ့ ဒုတိယအကြိမ် ရက္ခပူရသာသနာလင်္ကာရ စာပေးပွဲကြီးကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်ထဲက သံဃာတော်တွေ အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးက သံဃာတော် ၇၀၀ ကျော် ပါဝင်ဖြေဆိုခဲ့ကြပါတယ်။

စစ်တွေမြို့နယ် ကျေးတောရွာမကျေးရွာတွင် မဟာဒုတ်ပွဲကျင်းပ

30 Jan 2017

စစ်တွေမြို့နယ် ကျေးတောရွာမကျေးရွာတွင် မဟာဒုတ်ပွဲခေါ် မဟာသံဃိက ဆွမ်းကျွေးပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် လူငယ်ဖိုရမ် သုံးရက်တာကျင်းပနေ

21 Jan 2017

လူငယ်တွေအတွက် လိုအပ်နေတဲ့ အခန်းကဏ္ဍတွေကို စုစည်းနိုင်ရန်နှင့် လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်လျှက် ပုဏ္ဏားကျွန်းမြို့နယ် အစည်းအဝေးခန်းမမှာ လူငယ်ဖိုရမ်တစ်ခုကို ကျင်းပနေပါတယ်။

Showing 341-358 of 358 items.