- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
- ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ
- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
ကျိန္တလီကမ်းခြေတွင် လိပ်သားပေါက် ၁၄၀ ကျော် လွှတ်ပေး
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်အတွင်းရှိ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်တွင် သားပေါက်ထားသည့် လိပ်အကောင်ရေ ၁၄၅ ကောင်ကို ကမ်းခြေတွင် လွှတ်ပေးခဲ့ကြောင်း လိပ်ထိန်းသိမ်းရေးဇုန် တာဝန်ရှိသူထံမှ သိရသည်။
09 Apr 2023

DMG ၊ ဧပြီ ၉
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်အတွင်းရှိ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်တွင် သားပေါက်ထားသည့် လိပ်အကောင်ရေ ၁၄၅ ကောင်ကို ကမ်းခြေတွင် လွှတ်ပေးခဲ့ကြောင်း လိပ်ထိန်းသိမ်းရေးဇုန် တာဝန်ရှိသူထံမှ သိရသည်။
ကျိန္တလီမြို့နယ်အတွင်း ပုန်းညက်ကမ်းခြေ၊ ပလ္လိင်မှော်ကမ်းခြေ၊ ဂျိုင်ကြီးကမ်းခြေတို့တွင် လိပ်ထိန်းသိမ်းရေးဇုန် ၃ ခု သတ်မှတ်ထားပြီး ယခုနှစ်တွင် လိပ်ထိန်းသိမ်းရေးဇုန်အတွင်း လိပ်ဉကျင်း ၁၂ ခုထိ တွေ့ရှိထားရာမှ ဦးစွာကျင်း ၂ ခုမှ ပေါက်ဖွားလာသော လိပ်သားပေါက်များကို ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက ပင်လယ်ထဲသို့ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
“မနှစ်ကဆိုရင် ဥကျင်း နှစ်ကျင်းကိုပဲ တွေ့ရှိခဲ့တယ်။ ဒီနှစ်ကတော့ ၁၂ ကျင်းအထိ တွေ့ရပြီးတော့ ဒါကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ဒီနှစ် ဥကျင်းထဲက တချို့လိပ်သားပေါက် တွေကိုတော့ ကျနော်တို့ ဒီကနေ့ မနက်ကပဲ ပင်လယ်မှာ လွှတ်ပေးခဲ့ပါတယ်” ဟု လိပ်ထိန်းသိမ်းရေးဇုန်တာဝန်ရှိသူ ကိုသားကြီးက ပြောသည်။
လွှတ်ပေးလိုက်သည့် လိပ်များမှာ လိပ်လှောင်းခေါ် ပင်လယ်လိပ်မျိုးစိပ် ဖြစ်သည်။ အဆိုပါလိပ်များမှာ ဇန်နဝါရီလကနေ မတ်လတို့တွင် ကမ်းစပ်သို့တက်ကာ ဥချတတ်ပြီး ရက်ပေါင်း ၅၀ ကျော်ခန့်တွင် သားပေါက်လေ့ရှိကြောင်း သိရသည်။

ကျိန္တလီလိပ်ထိန်းသိမ်းရေးဇုန်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က အရပ်ဘက်အဖွဲ့များ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းသမားများဖြင့် ဖွဲ့စည်းခဲ့ပြီး ကျိန္တလီမြိုနယ်အတွင်း လိပ်ဥကျင်းများရှာဖွေပြီး ထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်စဉ် ဆောင်ရွက်လျက်ရှိသည်။
ရခိုင်တွင် လိပ်ဥနှင့် လိပ်မျိုးစိပ်များကို သတ်ဖြတ်ရောင်းချမှုများကြောင့် မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်နှင့် တွေ့ကြုံနေရသဖြင့် လိပ်ကာကွယ်ထိန်းသိပ်းရေစခန်းများ အများကြီး လိုအပ်နေကြောင်း ပြောဆိုနေကြသည်။
“ကျနော်တို့ ငယ်ငယ်တုန်းကဆို လိပ်ဥတွေရော၊ လိပ်သားပေါက်ကလေးတွေကိုရော မကြာခဏ မြင်တွေ့ခဲ့ဖူးတယ်။ အခုက အဲလို မတွေ့တာ တော်တော်ကြပါပြီ။ ဒါကြောင့် ရခိုင်မှာ လိပ်ထိန်းသိမ်းရေးအတွက် အများကြီးလုပ်ဖို့ လိုအပ်နေပါတယ် ” ဟု သံတွဲဒေသခံ ကိုနိုင်ဦးက ပြောသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ အမိန့်တွင် လိပ်နှင့် လိပ်ဥများကို တူးဖော် သတ်ဖြတ် ရောင်းချခြင်းတွေ့ရှိပါက ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်ထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သတ်မှတ်ထားသည်။
နိုင်ငံတော်မှ လုံးဝ ကာကွယ်ရန် သတ်မှတ်ထားသည့် ရှားပါးတောရိုင်းတိရစ္ဆာန် (၅၇၇) မျိုးထဲတွင် လိပ်မျိုးစိပ်များလည်း ပါဝင်သည်။