ကလေးသုံးဦး ရေနစ်သေဆုံးပြီးနောက် စစ်တွေပွိုင့်ကမ်းခြေတွင် အန္တရာယ်မဖြစ်စေရေးအတွက် စီစဉ်ပေးရန် ဒေသခံများတောင်းဆို

ကလေးသုံးဦး ရေနစ်သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တွေပွိုင့်ကမ်းခြေတွင် အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် စစ်တွေဒေသခံများက တောင်းဆိုကြသည်။

By Admin 29 Oct 2022

ကလေးသုံးဦး ရေနစ်သေဆုံးပြီးနောက် စစ်တွေပွိုင့်ကမ်းခြေတွင် အန္တရာယ်မဖြစ်စေရေးအတွက် စီစဉ်ပေးရန် ဒေသခံများတောင်းဆို

DMG ၊ အောက်တိုဘာ ၂၉

ကလေးသုံးဦး ရေနစ်သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တွေပွိုင့်ကမ်းခြေတွင် အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် စစ်တွေဒေသခံများက တောင်းဆိုကြသည်။

အဆိုပါ စစ်တွေကမ်းခြေတွင် အောက်တိုဘာလ ၂၂ ရက်နေ့က အသက် ၁၁ နှစ်အရွယ် စတုတ္ထတန်းကျောင်းသား သုံးဦး ရေကစားရာမှ နစ်မြုပ်သေဆုံးခဲ့သည်။

အဆိုပါ စစ်တွေကမ်းခြေတွင် အောက်တိုဘာလ ၂၂ ရက်နေ့က အသက် ၁၁ နှစ်အရွယ် စတုတ္ထတန်းကျောင်းသား သုံးဦး ရေကစားရာမှ နစ်မြုပ်သေဆုံးခဲ့သည်။

ထို့ကြောင့် ဒေသခံမိဘပြည်သူများ အနေဖြင့်သော်လည်းကောင်း၊ အစိုးရ အနေဖြင့်ဦးဆောင်၍သော်လည်းကောင်း ပွိုင့်ကမ်းခြေတွင် တားမြစ်ဧရိယာသတ်မှတ်ခြင်း (သို့မဟုတ်) နောင်တွင် ရေနစ်သေဆုံးမှုများ မဖြစ်ပေါ်စေရေး အစီအမံများ ပြုလုပ်ဆောင်ရွက်သင့်ကြောင်း အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဗဟိုကော်မတီမှ အောက်တိုဘာလ (၂၈)ရက်နေ့တွင်ထုတ်ပြန်ထားသည်။

စစ်တွေမြို့ခံတစ်ဦးဖြစ်သည့် ကိုသန့်ဇင်ဦးက “သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ နောက်ထပ် အခုလိုဖြစ်စဉ်မျိုး မဖြစ်ရအောင် ဘယ်လိုမျိုး လုပ်ဆောင်ပေးမလဲဆိုတာကို ဒေသခံတွေအနေနဲ့သိချင်တယ်”ဟု ပြောသည်။

အခြားနိုင်ငံများရှိ ကမ်းခြေများတွင် ရေစီးကြမ်းသည့်နေရာ၊ အန္တရာယ်ရှိသည့်နေရာများကို ကန့်သတ်ပြီး ဆိုင်းဘုတ်စိုက်ထူထားခြင်းများတွေ့ရသော်လည်း စစ်တွေပွိုင့်ကမ်းခြေတွင် ထိုသို့လုပ်ဆောင်ထားခြင်းများ မရှိကြောင်း ကိုသန့်ဇင်ဦးက ဆက်ပြောသည်။

စစ်တွေပွိုင့်ကမ်းခြေသို့ လာရောက်သူများ အသက်အန္တရာယ်မဖြစ်စေရန်နှင့် ကမ်းခြေတွင် ရေနစ်သေဆုံးမှုများ တစ်စုံတစ်ရာ လျော့ကျလာစေရန် အသိပေးဆိုင်းဘုတ်များ စိုက်ထူသွားရန် စီစဉ်နေသည်ဟု မေတ္တာရောင်ခြည်အသင်း ဥက္ကဌ ကိုလင်းလင်းကပြောသည်။

“စစ်တွေပွိုင့်ရဲ့ ကျောက်ဆောင်တွေပေါ်မှာ ရေကိုမဆင်းရ ဆိုင်းဘုတ်တွေလုပ်ဖို့ စီစဉ်နေပါတယ်။ နောက်ထပ် အစိုးရနဲ့ပူးပေါင်းပြီးတော့ ရေနစ်တာတွေ တစ်စုံတစ်ရာလျော့ပေါ့နိုင်အောင် ဗဟုသုတအနေနဲ့ ဧည့်သည်တွေရော အကုန်လုံးမြင်နိုင်အောင် စာတွေရေးပြီးတော့ ကမ်းပိန်းတွေလုပ်ဖို့ စီစဉ်ထားပါတယ်။ ဆိုင်းဘုတ်ကပ်မယ့်နေရာတွေက ရေသိပ်မရောက်တဲ့နေရာတွေ၊ ကျောက်ဆောင်တွေရှိတဲ့နေရာတွေ လိုင်းအမြဲပုတ်တဲ့နေရာတွေ အဲဒီလိုနေရာမှာ အခိုင်အမာ သံတွေနဲ့သေချာလည်းလုပ်မှာပါ”ဟု ၎င်းကဆိုသည်။

စစ်တွေပွိုင့်ကမ်းခြေတွင် CCTV တပ်ဆင်ထားမှုများ ရှိသော်လည်း ပြည်သူများလုံခြုံရေးအတွက် စောင့်ကြည့်မှုများ လုပ်ဆောင်ရန် လိုအပ်နေသည်ဟု စစ်တွေဒေသခံ ကိုညီခိုင်သွီးကပြောသည်။

“CCTV ရှိတယ်ဆိုပေမယ့် ဘာရည်ရွယ်ချက်နဲ့ တပ်ထားရတယ်ဆိုတာက အရေးကြီးတာပေါ့။ ပြောရမယ်ဆိုရင် လုံခြုံရေး လိုတာပေါ့။ တစ်ဖက်မှာ အစိုးရပိုင်းနဲ့ပတ်သက်တဲ့ လုံခြုံရေးရှိသလို ပြည်သူတွေဘက်ကလည်း လုံခြုံရေးလိုတာပေါ့”ဟု ၎င်းကဆိုသည်။

စစ်တွေပွိုင့်ကမ်းခြေတွင် ကလေးသုံးဦး ရေနစ်သေဆုံးမှုအပါအဝင် အဆိုပါကမ်းခြေအတွင်း မည်သို့ဆောင်ရွက်သွားမည်ကို ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများထံ DMG မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး လတ်တလောတွင် တုန့်ပြန်ချက် တစ်စုံတစ်ရာ မရရှိသေးပေ။

၂၀၂၂ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအထိ ၂ လအတွင်း စစ်တွေပွိုင့်ကမ်းခြေတွင် ရေနစ်သေဆုံးသူ ၅ ဦးထိရှိခဲ့ကြောင်း မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းမှ ကောက်ယူထားသည့် စာရင်းများအရသိရသည်။

ဗီဒီယိုများ