- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
နေရပ်မပြန်နိုင်သေးသည့် မောင်တော စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်ကြုံနေ
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် နေရပ်မပြန်နိုင်သေးသည့် မွတ်ဆလင်စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှု၊ အကူညီအထောက်ပံ့ နည်းပါးမှုတို့ကြောင့် စားဝတ်နေရေးအခက်ကြုံနေကြောင်း ပြောကြသည်။
28 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် နေရပ်မပြန်နိုင်သေးသည့် မွတ်ဆလင်စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှု၊ အကူညီအထောက်ပံ့ နည်းပါးမှုတို့ကြောင့် စားဝတ်နေရေးအခက်ကြုံနေကြောင်း ပြောကြသည်။
ထို့အတူ မောင်တောဒေသတွင် မိုင်းအန္တရာယ်နှင့်စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်တို့ကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးမှာ ကြန့်ကြာနေသည်။
"စားသောက်ကုန်တွေ ဈေးကြီးတာနဲ့ အလုပ်အကိုင်မရှိဘဲ ထိုင်စားရတာကြာလာတော့ တကယ့်ကို အကျပ်အတည်းဆိုက်နေပြီ။ မကြာခင် ကျနော်တို့ ဥပုသ်လလည်း ရောက်တော့မယ်။ ကိုယ့်ဒေသကိုပြန်ပြီး လုပ်ကိုင်စားသောက်ရရင်တော့ အခုလောက်အကျပ်အတည်းဆိုက်မှာ မဟုတ်ဘူး " ဟု မောင်တောမြို့မှ မွတ်ဆလင်စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။
မောင်တောမြို့နယ် ပေါင်းဇား၊ လှဘောဇား၊ မင်္ဂလာကြီး၊ ကျောက်လှေကားနှင့် သရက်အုပ်ကျေးရွာတို့တွင် နေရပ်မပြန်ရသည့် မွတ်ဆလင်စစ်ဘေးရှောင် တစ်သောင်းခန့်ရှိကြောင်း သိရသည်။
လက်ရှိမှာ စစ်ဘေးရှောင်အများစုမှာ ဆွေမျိုးအိမ်များတွင် မှီခိုနေရပြီး အလုပ်အကိုင်ရှားပါးခြင်းနှင့် စားနပ်ရိက္ခာ ထောက်ပံ့ရရှိမှုနည်းပါးသောကြောင့် အခက်ကြုံနေကြောင်း ပြောကြသည်။
" စစ်ဘေးရှောင်အများစုက စစ်ဘေးရှောင်စခန်းတွေမှာနေတာရှိသလို ဆွေမျိုးအိမ်တွေမှာ မှီခိုပြီး နေကြတာ များတယ်။ ဒီက ဒေသခံတွေမှာလည်း မိုးတွင်းကလည်းလယ် မလုပ်လိုက်ရတော့ စစ်ဘေးရှောင်လာသူတွေကို အများကြီးမကူညီနိုင်ဘူး။ အဖွဲ့အစည်းတွေဆီက အကူအညီအထောက်အပံ့ရတာလည်း နည်းတော့ ကျပ်တည်းကြတာပေါ့ " ဟု ပေါင်းဇားကျေးရွာမှဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မောင်တောမြို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံသောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ စစ်ဘေးရှောင်များနေရပ်ပြန်ရေးကို အာရက္ခတပ်တော်က စိစစ်ပြီး ပြန်ပို့နေသော်လည်း အချို့မှာ မပြန်နိုင်သေးကြပေ။
မောင်တောမြိုတွင် အာရက္ခတပ်တော်က ပြီးခဲ့သည့် ၂၀၂၅ ဇန်နဝါရီလအတွင်းက ရခိုင်၊ မွတ်ဆလင် ဟိန္ဒူဒေသခံ ၆,၀၀၀ ကျော်နေရပ်ပြန်နေထိုင်နိုင်ရန် စနစ်တကျသွင်းပေးခဲ့ပြီး လက်ရှိမှာလည်း စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို ဆောင်ရွက်နေကြောင်း သိရသည်။