- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ နွားကောင်ရေ ၁၀၀ တင်ပို့မည်
သြဂုတ်လ ၁၁ ရက်နေ့က နွား ၂၅ ကောင်ကို တစ်ကောင်လျှင် ဒေါ်လာ ၁၂၀၀ နှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအသုတ်တင်ပို့ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးသာထွန်းစိန်က ပြောသည်။
12 Aug 2019
သြဂုတ် ၁၂ ၊ မောင်တော
ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် နွားအကောင်ရေ ၁၀၀ တင်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။
သြဂုတ်လ ၁၁ ရက်နေ့က နွား ၂၅ ကောင်ကို တစ်ကောင်လျှင် ဒေါ်လာ ၁၂၀၀ နှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအသုတ်တင်ပို့ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးသာထွန်းစိန်က ပြောသည်။
“အခုတင်ပို့တာကတော ပထမဆုံးအကြိမ်တင်ပို့တာပါ၊ နွားအကောင်ရေ ၁၀၀ တင်ပို့မှာပါ။ အခု ပထမအသုတ်အနေနဲ့ ၂၅ ကောင် တင်ပို့လိုက်တာဖြစ်တယ်” ဟု ဦးသာထွန်းစိန်က ပြောသည်။
ယခုတင်ပို့နေသည့် နွားများမှာအထီးများဖြစ်ပြီး ဒေသထွက်နွားများဖြစ်ကြောင်း သိရသည်။ အဆိုပါနွားများကို မိုးလင်းထွန်းကုမ္ပဏီမှ ဒေါ်လာသုံးသောင်းဖိုးတင်ပို့ခဲ့ခြင်းဖြစ်သည်။
ယခင်က ကျွဲ၊ နွားများကိုတင်ပို့မည့် ကုမ္ပဏီများမရှိသဖြင့် တင်ပို့နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။