- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မာန်အောင်တွင် မီးတောင်ပေါက်ကွဲမှုကြောင့် လယ်ယာမြေပျက်စီး
မာန်အောင်မြို့နယ်၊ ရဲကျွန်းတောင်ဘက်ရွာ နှင့် မြောက်ဘက်ကျေးရွာ အကြားရှိ မီးတောင်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လယ်ယာမြေ တစ်ဧကခန့် ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။
17 Sep 2018
အောင်ကောင်းဇော်၊ DMG
စက်တင်ဘာ ၁၆၊ မာန်အောင်
မာန်အောင်မြို့နယ်၊ ရဲကျွန်းတောင်ဘက်ရွာ နှင့် မြောက်ဘက်ကျေးရွာ အကြားရှိ မီးတောင်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လယ်ယာမြေ တစ်ဧကခန့် ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ကျေးရွာ နှစ်ခုကြား တွင် မီးတောင် နှစ်ခုရှိပြီး ယခုပေါက်ကွဲသော မီးတောင်မှာ အကြီးဆုံး မီးတောင် ဖြစ်ကာ ဒေသခံ တစ်ဦးက ပြောသည်။
"လူနေတဲ့ နေရာတွေကတော့ ဘာမှ မဖြစ်ခဲ့ဘူး။ ဒါပေမဲ့မီးတောင် လျှော်ရေတွေ စီးဆင်းလို့ လယ် တစ်ဧကလောက်တော့ ပျက်စီး သွားတယ် " ဟု အဆိုပါ ဒေသခံက ဆိုသည်။
အဆိုပါ မီးတောင်သည် ၂၀၁၄ ခုနှစ်က တစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိုမီးတောင်မှာ သုံးနှစ်တစ်ကြိမ်စီ ပေါက်ကွဲလေ့ ရှိသည်ဟု ဒေသခံများက ပြောသည်။