ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ ရွာသား ၉ ဦးထက်မနည်း ရက်စက်စွာသတ်ဖြတ်ခံရ

Admin 10 Nov 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်) ညဉ့်အချိန်တွင် ရွာသား ၉ ဦးထက်မနည်း ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၁၀ ဆောင်ခန့်မှာလည်း မီးရှို့ခံခဲ့ရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လူသားများသာမက ဘုရားပျော်မျောက်များပါ ဒုက္ခကြုံရပြန်

Admin 10 Nov 2022

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေခြင်းကြောင့် ကျောက်တော်တောင်ပေါ်မှာ ဘုရားဖူးဧည့်သည်များကို အမှီပြုနေထိုင်နေသည့် မျောက်များမှာ အစာရေစာငတ်ပြတ်မှုနှင့် ထပ်မံကြုံတွေ့နေကြရသည်ဟု ဂေါပကအဖွဲ့ထံမှ သိရသည်။

ဗဟိုကော်မတီဝင်တစ်ဦးကို AA က ဖမ်းဆီးထားဟု ALP ထုတ်ပြန်၊ ဖမ်းဆီးထားခြင်း မရှိဟု AA တုန့်ပြန်

Admin 10 Nov 2022

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုကော်မတီဝင်တစ်ဦးအား ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖမ်းဆီးသွားသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ALP က ယနေ့(နိုဝင်ဘာလ ၁၀ ရက်)တွင် ထုတ်ပြန်လိုက်သည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးကျ၍ ဒေသခံ (၃)ဦး ဒဏ်ရာရ

Admin 10 Nov 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် ယနေ့(နိုဝင်ဘာလ ၁၀ ရက်) နံနက်ပိုင်းက စစ်ကောင်စီကားတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက် လေကြောင်းအသုံးပြု တိုက်ခိုက်

Admin 10 Nov 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့(နိုဝင်ဘာလ ၁၀ ရက်) နံနက် ၆ နာရီခန့်က ရိက္ခာလာပို့သည့် စစ်ကောင်စီကားကို ရန်ကုန်-စစ်တွေကားလမ်းမပေါ်ရှိ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြား အရောက်တွင် ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

အမ်းမြို့နယ်တွင် မြန်မာစစ်တပ်နှင့် AAတို့ တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့

Admin 09 Nov 2022

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ယမန်နေ့(နိုဝင်ဘာလ ၈ ရက်နေ့)က အမ်းမြို့နယ်အတွင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံရာနှင့်ချီထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ ၇ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

Admin 09 Nov 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ ၇ ဦးကို မြန်မာစစ်တပ်က  ယမန်နေ့ နိုဝင်ဘာလ ၈ ရက်၊ ညနေ ၈ နာရီခွဲခန့်တွင်  ဖမ်းဆီးသွားပြီး ခမရ ၅၅၀ တပ်ရင်းတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကျောက်တော်စစ်ဆေးရေးဂိတ်တွင် ဓာတ်ပုံဆရာတစ်ဦးပျောက်ဆုံးနေ၊ဖမ်းဆီးထားခြင်းမရှိဟု စစ်တပ်က တုန့်ပြန်ထား

Admin 09 Nov 2022

ပျောက်ဆုံးသွားသူမှာ  စစ်တွေမြို့ ၊ ပြည်တော်သာရပ်ကွက်မှ ဦးစိုးမိုးကျော်ဖြစ်ပြီး မင်းပြားမှ စစ်တွေသို့အပြန် ကျောက်တော်တပ်မ စစ်ဆေးရေးဂိတ်၌  စစ်ဆေးမှုခံယူနေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက DMGသို့ပြောသည်။

ဖမ်းဆီးခံရသည့် မောင်တော ရွက်ညိုတောင်ကျောင်းထိုင်ဆရာတော်ပြန်လွတ်လာ

Admin 09 Nov 2022

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရွက်ညိုတောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်မှာ ဖမ်းဆီးခံရပြီး (၅) ရက်အကြာ ယနေ့ (နိုဝင်ဘာ ၉) ရက်နေ့၊ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ဆရာတော်နှင့်နီးစပ်သူ တစ်ဦးထံမှ သိရသည်။

ခရီးသွားလျှင် သေနတ်ဖြင့်လှမ်းပစ်ခတ်နေမှုကြောင့် မင်းပြားက ရွာ ၂၀ ကျော် သွားလာရေးခက်ခဲနေဟုဆို

Admin 09 Nov 2022

မင်းပြားမြို့သို့ သွားလာရေး အခက်အခဲဖြစ်နေသည့် ကျေးရွာများမှာ ဖလောင်းပြင်၊ရေငန်ဆည်၊ ချောင်းဝ၊ လက်ဝါးခတ်၊ချောင်းဖျား၊နန်းချောင်၊ ကန်ချောင်၊ ကျားပိုက်ကေ၊ ချော်ချောင်း၊ အိုင့်ရွာ၊ သစ်ပုတ်တောင်၊ ကျောက်ခုပ်၊ သင်္ဂနက်၊သာယာကုန်း၊ ပြိုင်းတော၊ မြောင်ချောင်း၊ ရန်တိုင်၊ခမောင်းတော၊တောင်ရှည်ပြင်၊ ရင်းဘွေ ၊သအင်းရွာသစ်နှင့် သအင်းရွာဟောင်းတို့ဖြစ်ကြသည်။

စစ်တွေတွင် အိမ်ခြံမြေဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ အိမ်ငှားခများလည်း ဈေးမြင့်တက်လာနေ

Admin 09 Nov 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အိမ်ခြံမြေများ ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ အိမ်ငှားခဈေးများမှာလည်း ယခင်နှစ်များထက် သိသိသာသာမြင့်တက်လာနေကြောင်း အိမ်ငှားနေထိုင်သူအချို့ထံမှ သိရသည်။

တစ်ပတ်အတွင်းရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ)

Admin 09 Nov 2022

ရခိုင်ပြည်နှင့် ပလက်ဝြ  မို့နယ်တို့တွင် လက်နက်ကြီး၊လက်နက်ငယ် ထိမှန်မှု၊ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတို့ကြောင့် အောက်တိုဘာလအတွင်း သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃၁ ဦးအထိ ရှိခဲ့သည်။

တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်တွင် အမျိုးသမီးနှင့် ကလေးငယ်သေဆုံးမှု လစဉ်မြင့်တက်လာ

Admin 09 Nov 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်အတွင်းတွင် အမျိုးသမီးနှင့် ကလေးငယ်ထိခိုက်သေဆုံးမှုများမှာ လစဉ်မြင့်တက်လျက်ရှိနေသည်။

တောင်ကုတ်ဒေသခံ ကိုဇေယျာကျော်ကို မြန်မာစစ်တပ်ဖမ်းဆီး

Admin 08 Nov 2022

ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ အသက် (၄၇) အရွယ် ကိုဇေယျာကျော်ကို ယနေ့ နိုဝင်ဘာလ (၈ )ရက်၊ ညနေ (၃)နာရီခန့်က မြန်မာ စစ်တပ်ကဖမ်းဆီးသွားကြောင်း သိရှိရသည်။

ရွေးကောက်ပွဲကာလ အသွားအလာဆင်ခြင်ကြရန် မလေးရောက်ရခိုင်များကို ARRC အသိပေး

Admin 08 Nov 2022

မလေးရှားနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်သောကြောင့် ယင်းကာလအတွင်း ရခိုင်ပြည်သူများ အသွားအလာဆင်ခြင်ကြရန် ရက္ခိုင့်လူမူကယ်ဆယ်ရေးကော်မတီ (ARRC) ယနေ့(နိုဝင်ဘာ ၈ရက်)တွင် ထုတ်ပြန်လိုက်သည်။

ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန အရာရှိ ပစ်ခတ်ခံရပြီးနောက် စစ်တွေ ဒေသခံနှင့် စစ်ဘေးရှောင်တို့ကို စစ်ကောင်စီက ဖမ်းဆီး

Admin 08 Nov 2022

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရသည့် နောက်ပိုင်း စစ်တွေမြို့မှ ဒေသခံတစ်ဦးနှင့် စစ်ဘေးရှောင်တစ်ဦးတို့ကို နိုဝင်ဘာ ၆ ရက်နေ့နှင့် ၇ ရက်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကျည်ထိမှန်ဒဏ်ရာရရှိသွားသူများကို ထောက်ပံ့ကူညီပေးရန်လိုအပ်

Admin 08 Nov 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာမှုနှင့်အတူ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှု၊ မြေမြုပ်မိုင်းပေါက်ကွဲမှုတို့ကြောင့် ရခိုင်ပြည်တွင်းရှိ အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုအရေအတွက်မှာ တဖြည်းဖြည်းမြင့်တက်လာသည်။

ဝန်ထမ်းအင်အားနည်းနေ၍ ရခိုင်ပြည်ရှိ အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အခက်တွေ့နေရ

Admin 07 Nov 2022

မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ပေါင်း ၈၀ ခန့် လာရောက်ကျက်စားလေ့ရှိသည့် ရခိုင်ပြည်မှ အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဝန်ထမ်းအင်အား နည်းပါးလျက်ရှိကြောင်း သိရသည်။

မောင်တောတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထား 

Admin 06 Nov 2022

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းအမှတ်(၂၄) စစ်ဆေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့က အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ 

Admin 06 Nov 2022

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးမှာ ယနေ့(နိုဝင်ဘာလ ၆ ရက်) ည ၈ နာရီအချိန်ခန့်တွင် စစ်တွေမြို့ ကမ်းနားလမ်း၌ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

Showing 2,701-2,720 of 8,660 items.