အမ်းမြို့နယ်တွင် အလယ်တန်းကျောင်းအုပ်တစ်ဦး ဖမ်းဆီးခံရ

Admin 14 Nov 2022

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် အလယ်တန်းကျောင်းအုပ်တစ်ဦးအား မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များဟုယူဆရသူများက ယနေ့(နိုဝင်ဘာလ ၁၄ ရက်) နေ့လယ် ၁ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တော‌မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

Admin 14 Nov 2022

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ၊ ရန်အောင်ပြင်ကျေးရွာ မြောက်ဘက်တစ် မိုင်ခန့်အကွာ တောင်တန်းများတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ယနေ့ (နိုဝင်ဘာလ ၁၄ ရက်)၊ မွန်းလွဲ (၁၁) နာရီအချိန်ခန့်က စတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် ရခိုင်တွင် သုံးရက်အတွင်း ဒေသခံ ၁၂ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ

Admin 14 Nov 2022

ရခိုင်ပြည်အတွင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သုံးရက်အတွင်း အရပ်သား ၁၂ ဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

သံတွဲမှ ရခိုင့်အားမာန်ကားဂိတ်ကို စစ်ကောင်စီက ပိတ်ခိုင်း

Admin 13 Nov 2022

ရခိုင်ပြည်အတွင်းရှိ မြို့နယ်များသို့ ပြေးဆွဲနေသည့် သံတွဲမြို့မှ ရခိုင့်အားမာန်ကားဂိတ်ကို ယာယီပိတ်ထားရန် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း ယင်းကားဂိတ် ဝန်ထမ်းများထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးရွာမှ ဒေသခံ ၄ ဦးကို မြန်မာစစ်တပ် ဖမ်းဆီး

Admin 12 Nov 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာမှ ဒေသခံ ၄ ဦးကို ယနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ညနေပိုင်းအချိန်တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်များက DMG ကိုပြောသည်။

စစ်တွေမြို့ပေါ် ဘုန်းကြီးကျောင်းများရှိ အရပ်သား ၉ ဦးကို စစ်တပ်ကဖမ်းဆီး

Admin 12 Nov 2022

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဓညဝတီ(က)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းကို မြန်မာစစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် ဝင်ရောက်လာကာ ကျောင်းတွင်နေထိုင်နေသည့် အရပ်သား ၉ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်၍ ဒေသခံများပိတ်မိနေ

Admin 12 Nov 2022

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာ အနီးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များ က ယနေ့ (နိုဝင်ဘာ ၁၂) ရက်နေ့ နေ့လယ် (၁) နာရီခန့် ဂျတ်လေယာဉ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်မှုများရှိကြောင်း ဒေသခံများထံမှသိရသည်။

မောင်တောကျီးကန်းပြင်ဌာနချုပ် စစ်ဆေးရေးဂိတ်အနီး ပျောက်ဆုံးသွားသည့် ဒေသခံနှစ်ဦးကို ရှာမတွေ့သေး

Admin 12 Nov 2022

မောင်တောမြို့နယ်၊ကျီးကန်းပြင်ဌာနချုပ်အနီးစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုခံယူပြီးနောက် ပျောက်ဆုံးနေသည့် အသက် ၂၅ နှစ်အောက် ဒေသခံနှစ်ဦးနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ သတင်းအစအနမကြားရသေးသဖြင့် မိသားစုဝင်များ စိတ်ပူနေကြသည်။

ငပလီကမ်းခြေတွင် ဆောင်းဦးပွဲတော်ကို ယခုလတတိယပတ်တွင် ကျင်းပမည်

Admin 12 Nov 2022

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတွင် ဒုတိယအကြိမ်မြောက် ဆောင်းဦးပွဲတော်ကို လာမည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မင်းပြားမြို့က သံဃာတစ်ပါးနှင့် လုပ်ငန်းရှင်နှစ်ဦးကို မြန်မာစစ်တပ်ဖမ်းဆီး

Admin 12 Nov 2022

ရခိုင်ပြည်၊ မင်းပြားမြို့တွင် ယမန်နေ့(နိုဝင်ဘာလ ၁၁ ရက်) ညနေ ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် သံဃာတော်တစ်ပါးနှင့် လုပ်ငန်းရှင်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်မရော ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီက အနီးနားသို့ လေကြောင်းဖြင့် တိုက်ခိုက်နေ

Admin 12 Nov 2022

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ နယ်မြေရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ်ကို ယနေ့(နိုဝင်ဘာလ ၁၂ ရက်) နံနက် ၅ နာရီခွဲအချိန်က ကေအန်ယူတပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြောက်ဦးတွင် ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Admin 12 Nov 2022

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် ယနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ နံနက်ပိုင်းက ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မောင်တောတွင် မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး သေဆုံး

Admin 12 Nov 2022

သေဆုံးသွားသူမှာ အသက်(၄၅)နှစ်အရွယ် ဒေါ်မဆာထိုးဖြစ်ပြီး ၎င်းမှာ ခင်ပွန်းဖြစ်သူနှင့်အတူ ကျေးရွာ၏အရှေ့ဖက် ၂ မိုင်ကျော်အကွာရှိ လယ်ကွင်းသို့သွားစဉ် မိုင်းနင်းမိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဂြိတ်ချောင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက DMG သို့ပြောသည်။

ပုဏ္ဏားကျွန်း၊ ဆင်အင်းကြီးရွာကိစ္စ လက်စားချေသွားမည်ဟု AA ထုတ်ပြန်

Admin 12 Nov 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ ဒေသခံများကို သတ်ဖြတ်ခဲ့ခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယင်း ဖြစ်ရပ်တွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူများကို အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။

ဆင်အင်းကြီးရွာဖြစ်စဉ်မှာ “ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ လူတွေက ဒီထက်ဆိုးတဲ့ပြစ်ဒဏ်တွေ ရသင့်တယ်”

Admin 11 Nov 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်) ညဉ့်အချိန်တွင် ဒေသခံ ၉ ဦး အသတ်ခံခဲ့ရကာ နေအိမ် ၁၀ ဆောင်ခန့် မီးရှို့ခံလိုက်ရသည်ဟု ရွာသားများကပြောသည်။

ကျောက်တော်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၇ ဦး ဒဏ်ရာရ

Admin 11 Nov 2022

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်(သစ်)ကျေးရွာအတွင်းသို့ ယနေ့(နိုဝင်ဘာလ ၁၁ ရက်) နေ့လယ် ၁ နာရီကျော်အချိန်ခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ရွာသား ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘုရားဖူးခရီးသည် အရောက်နည်းလာ၍ ကျိုက်ထီးရိုးတောင်ပေါ်မှ အထမ်းသမားများ အခက်အခဲဖြလာ

Admin 11 Nov 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားဒေသ၌ နယ်မြေမတည်ငြိမ်မှုကြောင့် ဘုရားဖူးခရီးသည် လာရောက်မှုနည်းပါးလာသည့်အတွက် တောင်ပေါ်သို့ ပစ္စည်းထမ်းပိုးပေးသည့် ဒေသခံများမှာ အလုပ်အကိုင်ရှားပါးလာပြီး အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်းသိရသည်။

မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည့် ပုဏ္ဏားကျွန်းဒေသခံ ၇ ဦးပြန်လွတ်လာ

Admin 11 Nov 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသော ဒေသခံ ၇ ဦးမှာ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) နံနက် ၁၁ နာရီအချိန်က ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များထံမှသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံး

Admin 11 Nov 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာတွင် ယနေ့(နိုဝင်ဘာလ ၁၁ ရက်) နံနက် ၇ နာရီခွဲခန့်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံနှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ရေးမတည်ငြိမ်မှုကြောင့် ပုဏ္ဏားကျွန်းကားလမ်းမကြီးတွင် ကားအစီးရေ ၂၀၀ ခန့် ပိတ်မိနေ

Admin 11 Nov 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် ခရီးသည်တင်ကားများ အပါအဝင် ကားအစီးရေ ၂၀၀ ခန့်အထိ ပိတ်မိလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Showing 2,681-2,700 of 8,660 items.