ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ တရားစွဲခံရခြင်းက လွတ်နိုင်မလား

Admin 19 Feb 2025

မွတ်ဆလင် (ရိုဟင်ဂျာ) များကို လူလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ အာဂျင်တီးနား တရားရုံးက ဝရမ်းထုတ်ခဲ့သည့်အထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ ပါဝင်ခြင်းကို ဖယ်ရှားပေးရန် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန် တောင်းဆိုခဲ့သည်။

ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးရှောင်များ ဆန်နှင့် ရေပြဿနာ ဆိုးရွားစွာကြုံတွေ့နေရ

Admin 19 Feb 2025

စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ဆန်ပြုတ် ကြိုသောက်ရသည်အထိ အခက်အခဲဖြစ်ပေါ်နေကြောင်း ပင်လယ်ကွေ့ စစ်ဘေးရှောင်စခန်းမှ ဒေါ်သန်းသန်းအေးက ပြောသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များအပေါ် မွတ်ဆလင်လက်နက်ကိုင်အုပ်စု ချယ်လှယ်နေ

Admin 19 Feb 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ARSA၊ RSO၊ ARA စသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ဒုက္ခသည်များကို ဖမ်းဆီးငွေညှစ်ခြင်း၊ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ တပ်သားသစ်စုဆောင်ခြင်းစသည်ဖြင့် အကြောက်တရားသွင်းပြီး ကြီးစိုးချယ်လှယ်နေ‌ကြောင်း သိရသည်။

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ကျောက်ဖြူဒေသခံ ဆေးကုသခွင့် မရ

Admin 18 Feb 2025

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည့် ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှ ဦးသန်းမြင့်မှာ ဆေးရုံတွင် ဆေးကုသခွင့်မရဘဲ အမှတ် ၃၄ တပ်ရင်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

တပ်သား အင်အားဖြည့်နေသည့် စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၀ ရောက်ရှိ

Admin 18 Feb 2025

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေပြီး  ယခု ဖေဖော်ဝါရီလတွင် အမှတ်စဉ် (၁၀) အထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ 

နတ်ရေကန် ကာကင်းစခန်းများကို AA နှင့် ပူးပေါင်းတပ်များ ဆက်လက်ထိုးစစ်ဆင်

Admin 18 Feb 2025

နတ်ရေကန်စခန်းအနီးတွင် မထုံး၊ လင်းတဲ၊ စွန်တက် ကာကင်းစခန်းသုံးခုရှိသည့်အနက် မထုံးကာကင်းစခန်းကို AA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဖေဖော်ဝါရီ ၁၆ ရက်သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် ကာကင်းစခန်းများအား ထိုးစစ်ဆင်နေ၍ တိုက်ပွဲများဖြစ်ပွားနေသည်။
 

လေကြောင်းဖြင့် ပစ်ကူပေးရသည်အထိ စစ်တွေတိုက်ပွဲ ပြင်းထန်လာ

Admin 18 Feb 2025

စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)၊ အမြင့်ကျွန်း ကျားမသောက်၊ ရွှေမင်းဂံ ရေတပ်အပါအဝင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၄ ခုထက်မနည်းကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ 
 

ကျောက်တော် - မြောက်ဦး ကားလမ်းမတွင် ဓားပြတိုက်မှုများ ရှိလာနေ

Admin 18 Feb 2025

အဆိုပါ လမ်းမတစ်လျှောက်ရှိ လူပြတ်သည့်နေရာများ၊ ခြုံနွယ်ထူထပ်သည့် နေရာများတွင် မျက်နှာဖုံးစွပ်ထားသည့် လူသုံးဦးထက်မနည်းသည် ဓားများကိုင်ဆောင်ကာ သွားလာနေသည့် ဒေသခံများကို တားဆီးပြီး ရွှေ၊ ငွေ၊ ဖုန်းစသည့်ပစ္စည်းများကို ဓားပြတိုက်လုယက်မှုများ ရှိနေခြင်းဖြစ်သည်။ 

စစ်ကောင်စီနှင့် TNLA တို့ ဆွေးနွေးရင်း တိုက်နေကြ

Admin 17 Feb 2025

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် စစ်ကောင်စီနှင့် တအာင်းတပ် TNLA တို့ တွေ့ဆုံဆွေးနွေးနေပြီး မြေပြင်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

ရေကြည် အမြောက်တပ် ၃၄၄ ကို AA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်

Admin 17 Feb 2025

လက်ရှိ ထိုတပ်ရင်း၏ ကာကင်းစခန်းများနှင့် တပ်ရင်းထဲကို အာရက္ခတပ်တော်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ကူအပြင် စက်တပ်လေထီးများဖြင့်လည်း ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အင်းစိန်ထောင်မှ မွတ်ဆလင် ၁,၀၀၀ ခန့်ကို တိုက်ပွဲဖြစ်နေသည့် စစ်တွေသို့ ရွှေ့ပြောင်း

Admin 17 Feb 2025

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)၊ နံနက် ၆ နာရီခန့်က အင်းစိန်ထောင်မှ ချုပ်ရက်စေ့သူများအပါအဝင် ကလေးသူငယ်များ၊ အမျိုးသား၊ အမျိုးသမီး မွတ်ဆလင် ၉၃၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက Express (ခရီးသည်တင်ယာဉ်)များဖြင့် ခေါ်‌ထုတ်ကာ စစ်တွေသို့ ရေကြောင်းဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။ 

ပန်းကန်ကွဲစခန်းကျပြီးနောက် စစ်ကောင်စီက ညောင်ကျိုးတွင် ခံစစ်ပြင်

Admin 17 Feb 2025

ရခိုင် - ပဲခူးနယ်စပ်၊ တောင်ကုတ် - ပန်းတောင်းလမ်းရှိ ပုဂံကွဲစခန်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ပြီးနောက် ညောင်ကျိုးကျေးရွာတွင် စစ်ကောင်စီက ခံစစ်ပြင်နေကြောင်း သိရသည်။

ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ

Admin 16 Feb 2025

တရုတ်- မြန်မာ နယ်စပ်ဂိတ်များတွင် ထောက်ခံစာပါမှ နယ်စပ်ဖြတ်ကျော်ခွင့်ပေးမည်ဟု မြန်မာ အာဏာပိုင်များက တင်းကျပ်လိုက်သဖြင့် တရုတ်နိုင်ငံကို အလုပ်သွားလုပ်မည့် မြန်မာနိုင်ငံသား အများအပြား အခက်အခဲဖြစ်နေကြောင်း သိရသည်။

တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်

Admin 15 Feb 2025

ကံပိုင်ရပ်ကွက်မှ အသက် ၂၉ နှစ်အရွယ် ကိုမင်းဝေသည် ယခင် စစ်ကောင်စီ၏ တပ်မဌာနချုပ် စကခ (၅) တပ်ဦးဘုန်းတော်ကြီးကျောင်းအနီး ဝါးခုတ်သွားစဉ် မိုင်းနင်းမိ၍ ညာဖက်ခြေထောက် ပြတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ

Admin 15 Feb 2025

အာရက္ခတပ်တော် (AA)၏ ထိုးစစ်ကို ခုခံရန် စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများကြောင့် စစ်တွေမြို့နယ်မှ ကျေးရွာပေါင်း ၂၀ ခန့်က နှင်ထုတ်ခံလိုက်ရသည့် ဒေသခံများမှာ စားဝတ်နေရေးအပါအဝင် အခြားအခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ကလေး စွန့်ပစ်ပေးကမ်းမှု ကင်းမဲ့စေရန် ပုဏ္ဏားကျွန်းတွင် ကလေးသူငယ်ဂေဟာ ဖွင့်မည်

Admin 15 Feb 2025

ကလေးငယ်များကို စွန့်ပစ်မှုများ၊ မွေးစားရန် လိုက်လံပေးကမ်းမှုများ ကင်းမဲ့စေရန်နှင့် ကလေးတိုင်း ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေရန်၊ အပ်နှံထားသည့် ကလေးကို ပြုစုစောင့်ရှောက်နိုင်ချိန်တွင် ပြန်လာယူ၍ မိဘနှင့် ကလေး ပြန်လည် ပေါင်းစပ်နိုင်ရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု PYA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရေကြည် အမြောက်တပ်အနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

Admin 15 Feb 2025

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်ရင်းအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

မြောက်ဦးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲမှုကြောင့် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးခဲ့ရ

Admin 15 Feb 2025

စစ်ကောင်စီသည် မြောက်ဦးရှေးဟောင်း ခံတပ်၊ ဘုရားပုထိုးများနှင့် အနီးတဝိုက်တွင် ကတုတ်ကျင်း တူးဖော်ခြင်း၊ ဘန်ကာများစွာ ဆောက်လုပ်ခဲ့ကြောင်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်သူများနှင့် ဘုရားဂေါပကများက DMG ကို ပြောသည်။

သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်

Admin 14 Feb 2025

ပြီးခဲ့သည့် နှစ်များက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စသည့် မြို့ နယ်များတွင် နွေစပါး စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် တောင်သူများမှာ မိုးစပါး အရောင်းမထွက်၍ နွေစပါးအတွက် သွင်းအားစုစရိတ် မထည့်သွင်းနိုင်ကြောင်း ပြောဆိုကြသည်။

တိုက်ပွဲ စလာတဲ့ စစ်တွေမှာ ဘာတွေဖြစ်နေလဲ

Admin 14 Feb 2025

စစ်ကောင်စီသည် စစ်တွေမြို့ပတ်လည်ရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီက စစ်ရေယာဉ်များ တိုးချဲ့ချထားခြင်း၊ ကမ်းနားလမ်း တစ်လျှောက်တွင် ၆ ပေ အမြင့်ရှိသည့် ခြံစည်းရိုးများ ကာရံခြင်း၊ နယ်စပ်ကျေးရွာများကို လက်နက်ကြီးဖြင့် လှမ်းပစ်ခြင်းများလည်း ဆက်တိုက်ရှိနေသည်။

Showing 261-280 of 8,739 items.