မြောက်ဦးကိုတော့ ချမ်းသာပေးကြပါ
07 Sep 2022
ရှေးဟောင်းအငွေ့အသက်တွေနဲ့ တည်ရှိနေတဲ့ မြောက်ဦးမြို့အတွင်းကို စက်တင်ဘာ ၄ ရက်နေ့က မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ သေနတ်တွေပစ်ဖောက် ဝင်ရောက်လာတာကြောင့် မြို့သူမြို့သားတွေဟာ အလန့်တကြားနဲ့ ကျီးလန့်စာစားဖြစ်ခဲ့ရပါတယ်။ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ “စစ်ကောင်စီရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေကြောင့် မြောက်ဦးမြို့ဟာ ဓားစာခံဖြစ်နေရတယ်”လို့ သူ့ရဲ့ လူမှုကွန်ယက်တွစ်တာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။