- အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်တွင် လူစုနေ
- ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
- စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
- ရေကြည်တွင် ရခိုင်စစ်ရှောင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
- မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအား အကြမ်းဖက်ဖမ်းဆီးနေခြင်းအား ရပ်တန့်ရန် မလေးရှားအစိုးရကို တောင်းဆို
အိန္ဒိယဘက် ထွက်ပြေးသွားသည့် ပလက်ဝဒေသခံများအတွက် ငွေကျပ်သိန်း(၈၀)လှူဒါန်း
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုယမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည့် ပလက်ဝမြို့မှ စစ်ဘေးရှောင် ၆၀၀ ကျော်အတွက် ရခိုင်အရပ်ဖက်အဖွဲအစည်းများစုပေါင်းကာ ငွေကျပ်သိန်း ၈၀ ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
06 Sep 2022

DMG ၊ စက်တင်ဘာ ၆
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုယမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည့် ပလက်ဝမြို့မှ စစ်ဘေးရှောင် ၆၀၀ ကျော်အတွက် ရခိုင်အရပ်ဖက်အဖွဲအစည်းများစုပေါင်းကာ ငွေကျပ်သိန်း ၈၀ ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေဟင်အောင်ပရဟိတအဖွဲ့မှ ကျပ်သိန်း(၃၀)၊ ရက္ခိုင်ပြည်အရေးပေါ်ကူညီကယ်ဆယ်ရေးပူးပေါင်းအဖွဲ့(ARE)မှ ငွေကျပ် (၁၅)သိန်းနှင့် ပြည်တွင်းပြည်ပအလှူရှင်များထံမှ အလှူငွေကျပ် (၃၅)သိန်းတို့ကို အဆိုပါစစ်ဘေးရှောင်များထံသို့ စက်တင်ဘာလ(၄)ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း ARE မှ ကိုရဲဝင်းကပြောသည်။
"အဓိကတော့ အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီပေးချင်တဲ့စေတနာပေါ့။ ရခိုင်လူမျိုးမှမဟုတ်၊ စစ်ဘေးရှောင်ဆိုရင် ဘယ်သူ့ကိုမဆို စေတနာထားပြီးကူညီချင်တယ်။ အကုန်လုံးတသွေးတသားတည်းရှိနေတယ်ဆိုတဲ့ စိတ်ဓာတ်ကိုပြချင်လို့ အခုလိုအခက်အခဲတွေရင်ဆိုင်နေရတဲ့အချိန်မှာ တက်နိုင်သလောက် ကူညီဖြစ်တာပါ”ဟု ၎င်းကဆိုသည်။
အဆိုပါစစ်ဘေးရှောင်များမှာ မီဇိုယမ်ပြည်နယ်ရှိ ရွာသစ်၊ ရွာသာယာ၊ နိုင်တလင်ကျေးရွာနှင့် သစ်ပုတ်ချေကျေးရွာတို့တွင် ခိုလှုံနေထိုင်နေကြပြီး စားဝတ်နေရေးအခက်အခဲများ ရှိနေကြကြောင်းသိရသည်။
"ခရီးကအရမ်းဝေးပြီး သွားလာရေးခက်ခဲတော့ ကိုယ်တိုင်ကိုယ်ကျ သွားလှူဖို့အတွက်ခဲယဉ်းတယ်။ ကျနော်တို့လှူဖြစ်တာကလည်း သူတို့တွေ ထွက်ပြေးလာကြရတယ်။ စားဝတ်နေရေးအခက်ခဲတွေဖြစ်နေတယ်ဆိုပြီး ဗွီဒီယိုဖိုင်တွေတက်လာတာကိုမြင်ပြီးလှူဖြစ်တာ။ လှူတာတောင် ကျနော်တို့ဆီကနေ အိန္ဒိယဖက်နဲ့အဆက်သွယ်ရှိတဲ့လူဆီကို ငွေအပ်လိုက်တယ်။ သူကတဆင့် အိန္ဒိယဖက်ကိုဆက်သွယ်ပြီးတော့မှ စစ်ဘေးရှောင်တွေဆီရောက်တာ"ဟု ကိုရဲဝင်းကဆက်ပြောသည်။
ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့်သြဂုတ်လအတွင်းက စတင်ကာ နှစ်ဖက်စစ်ရေးပြင်းထန်မှုများရှိလာခဲ့ပြီး မြန်မာစစ်တပ်က လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ၁၂၅၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သွားကြခြင်းဖြစ်သည်။