- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
ကော့ကရိတ်တွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးပစ်ခတ်တို့ကြောင့် ဒေသခံများထွက်ပြေးနေရ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကေအန်ယူလက်အောက်ခံ KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
12 Jan 2022

DMG ၊ ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကေအန်ယူလက်အောက်ခံ KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ကော့ကရိတ်မြို့ဟောင်းနှင့် မိဂသိန်ကျေးရွာအနီး ကေအန်ယူတပ်မဟာ(၆)နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ဇန်နဝါရီ ၁၀ ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ကြောင်း KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးမှပြောသည်။
"စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်ပေါ့။ အဓိက စစ်ကြောင်းထိုးတဲ့အချိန်မှာ အကျများသွားတယ်။ အဲတာကို ပြန်ပြီးတုံ့ပြန်တဲ့အနေနဲ့ အခုလိုပြန်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်"ဟု ၎င်းမှပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့မှုကြောင့် မိဂသိန်ကျေးရွာရှိအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ခဲ့ကာ နေအိမ်(၁၀)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု အမည်မဖော်လိုသည့်ဒေသခံတစ်ဦးမှပြောသည်။ မိဂသိန်ကျေးရွာသားများမှာ ထိုင်းနိုင်ငံနယ်စပ်ရှိ သောင်ရင်းမြစ်အနီးသို့ တိမ်းရှောင်နေခဲ့ရကြောင်းလည်း သိရသည်။
"တိုက်ပွဲဖြစ်ပြီးတော့မကြာဘူး ရဟတ်ယာဉ်တွေနဲ့ပစ်တော့တာပဲ။ အဲဒါလည်းပြီးရော အမြှောက်ပစ်သံတွေကြားရတယ်။ နောက်တော့ အိမ်တွေထိကုန်တာမနည်းဘူး။ အဲဒါတွေမီးလောင်ကုန်ပြီ"ဟု ၎င်းမှဆိုသည်။
ထိုသို့ပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုထားသည်ကို မတွေ့ရှိရသေးပေ။
ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူလက်အောက်ခံ KNLA ပူးပေါင်းအဖွဲ့ကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၁၁ ဦးထိခိုက်ခဲ့ကာ အဘွားအိုတစ်ဦးသေဆုံးခဲ့သည်။
ထိုသို့တိုက်ပွဲများပြင်းထန်မှုကြောင့် ကော့ကရိတ်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်အထိရှိလာနေကာ ဆေးဝါးများအပါအဝင်စားနပ်ရိက္ခာများလည်း လိုအပ်မှုရှိနေကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။
# F004