- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
တပ်မတော်အာဏာရယူမှုကို ကန့်ကွက်ဆန္ဒပြသည့် တောင်ကုတ်က မိသားစု ရှေ့နေငှားရန် ငွေကြေးခက်ခဲ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူသိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က တပ်မတော်အာဏာရယူမှုကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
06 Mar 2021
DMG ၊ မတ် ၆
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူသိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က တပ်မတော်အာဏာရယူမှုကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သည့် ဦးချစ်မောင်မောင်မှာ ဘေးစီမံဥပဒေပုဒ်မ (၂၅)နှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) တို့ဖြင့် ဖမ်းဆီးတရားစွဲခံရပြီး သူ့မှာ အမှုကိုရင်ဆိုင်ရန် ရှေ့နေငှမ်းရမ်းခ ငွေကြေးအခက်အခဲဖြစ်နေကြောင်း ဇနီးဖြစ်သူ ဒေါ်ချစ်မိုးခိုင်က ပြောသည်။
“ရှေ့နေငှားရမ်းမယ်ဆိုရင် အမှုတစ်ခုကို ငွေကျပ် သိန်း ၁၀ ခန့်အထိ ငှားရမ်းခ ပေးရမယ်။ ကျမတို့မှာ ငွေကြေးအခက်အခဲရှိနေတဲ့အတွက် အကူအညီပေးဖို့ တောင်းဆိုချင်ပါတယ် ” ဟု သူမက ဆိုသည်။
ထိုအမှုကို မတ်လ ၂ ရက်နေ့က ZOOM APP ဖြင့် ပထမအကြိမ် ရုံးထုတ်စစ်ဆဲခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အခုလာမည့် မတ်လ ၁၀ ရက်နေ့တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း ဇနီးဖြစ်သူ မချစ်မိုးခိုင်ကပြောဆိုသည်။
"အခုလာမည့် ၁၀ ရက်နေ့မှာ ရုံးထုတ်မယ် ထပ်ပြီးတော့ ပထမဆုံးအကြိမ်တော့ ဖုန်းနှင့်ရုံးထုတ်တယ်ပြောတယ်။ သူတို့က ရှေ့နေတွေ ဘာတွေ ငှားရမ်းဖို့ပြောတယ်။ ကျမတို့မှာ ရှေ့နေငှားဖို့ ငွေမရှိဘူး အဲဒါကြောင့် ရှေ့နေမငှားရသေးဘူး"
တောင်ကုတ်မြို့နယ်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာရယူသိမ်းပိုက်မှုကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်၍ အမှုဖွင့်ခံထားရသူ ၆ ဦးထိရှိပြီး ယင်းအထဲမှ ALD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းကိုလည်း ယခုလာမည့် မတ်လ ၁၅ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ALD ပါတီမှ ပါတီဗဟိုအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
"ကျနော်တို့ဖက်ကတော့ အခုအတည်းကပင် ပြင်ဆင်ထားတယ်။ ရှေ့နေတွေ အကြံပေးတွေ အမှုစစ်တွေနဲ့လည်း တွေ့နေတယ် "ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်းမှ အာဏာရှင်စနစ် အလိုမရှိကြောင်းဆန္ဒဖော်ထုတ်ခဲ့သဖြင့် အမ်းမြို့နယ်မှ (၇)ဦး၊ တောင်ကုတ်မှ (၉)ဦး၊ မာန်အောင်မှ (၂)ဦးနှင့် သံတွဲမှ (၄) ဦး စုစုပေါင်း ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
ယင်းအထဲမှ အမ်းမြို့နယ်မှ ၇ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ၊ ငြိမ်းစုစီဥပဒေတို့ဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် အမ်းမြို့နယ်တရားရုံးမှ တစ်ဦးလျှင် ငွေဒဏ်ရှစ်သောင်းကျပ်စီ အမိန့် ချမှတ်ခဲ့သည်။
အမ်းမြို့တွင် ဆန္ဒပြရာ၌ပါဝင်ခဲ့သည့် ခေါင်းဆောင်တစ်ချို့အား ဖမ်းဝရမ်းထုတ်ထားသည့်အတွက် ရှောင်တိမ်းနေကြကြောင်း အမ်းဒေသခံများထံမှ သိရသည်။