- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ပုလောတွင် ခရီးသည်တင်ယာဉ်နှစ်စီး ပစ်ခတ်ခံရ၍ ခရီးသွားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့
တနင်္သာရီတိုင်း မြိတ်-ထားဝယ်ကားလမ်းမရှိ ပုလောမြို့အနီးတွင် ခရီးသည်ယာဉ်နှစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ခရီးသွားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
29 Apr 2022
DMG ၊ ဧပြီ ၂၉
တနင်္သာရီတိုင်း မြိတ်-ထားဝယ်ကားလမ်းမရှိ ပုလောမြို့အနီးတွင် ခရီးသည်ယာဉ်နှစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ခရီးသွားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့(ဧပြီ ၂၈ ရက်)ညနေပိုင်းက ပုလောမြို့နယ်၊ သစ်လှတောရွာအနီး၌ ခရီးသည်ယာဉ်နှစ်စီး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပုလောမြို့ဒေသခံတစ်ဦးမှပြောသည်။
“မနေ့ညနေ ၅ နာရီလောက်က ရတနာတိုးနဲ့ ရွှေလီရတနာ ယာဉ်လိုင်းနှစ်ခုက ကားနှစ်စီး ပစ်ခတ်ခံခဲ့ရပါတယ်။ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိရသေးပါဘူး”ဟု ၎င်းမှပြောသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ခရီးသွား(၃)ဦးသေဆုံးခဲ့ကာ (၁၈)ဦး ထိခိုက်ခဲ့ကြောင်း ပုလောမြို့နယ် လူမှုကူညီရေးအသင်းများမှ သိရသည်။
ထိခိုက်သေဆုံးသူများတွင် ပုလောမြို့ခံတစ်ဦး၊ ရန်ကုန်မြို့ခံတစ်ဦးနှင့် ပဲခူးမြို့ခံတစ်ဦးတို့ပါဝင်ခဲ့ကြောင်း အမည်မဖော်လိုသည့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးမှဆိုသည်။
“ပုလောကိုပြန်လာတဲ့ မလေးရှားပြန်တစ်ဦး၊ ရန်ကုန်ကလာတဲ့သူတစ်ဦးရယ်နဲ့ ပဲခူးမြို့ကလာတဲ့သူရယ် သုံးဦးသေဆုံးပါတယ်။ ၁၈ ဦးလောက် ထိခိုက်ဒဏ်ရာရပါတယ်”ဟု ၎င်းမှဆိုသည်။
ခရီးသည်ယာဉ်နှစ်စီး ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ မည်သည့်အဖွဲ့မှ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဧပြီလတတိယအပတ်အတွင်းက မြိတ်-ပုလော-ထားဝယ်ကားလမ်းမပေါ်တွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံများ ယာဉ်သွားလာရာတွင် သတိထားမောင်းနှင်ကြရန် KNDO နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များမှ သတိပေးထုတ်ပြန်ထားသည်။