- ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
- စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
- ရေကြည်တွင် ရခိုင်စစ်ရှောင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
- မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအား အကြမ်းဖက်ဖမ်းဆီးနေခြင်းအား ရပ်တန့်ရန် မလေးရှားအစိုးရကို တောင်းဆို
- မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ပြန်ဖွင့်ရန် ညီနောင်(၃)ဖွဲ့ ပြင်ဆင်လာ
PDF များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော်လည်း လူမှုရေးကိစ္စရပ်များကို ကူညီနေဟု အေအေဆို
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေခြင်းမရှိသော်လည်း လူမှုရေးကိစ္စရပ်များတွင် ကူညီဆောင်ရွက်မှုများရှိကြောင်း ယနေ့ပြုလုပ်သည့် ရက္ခိုင့်တပ်တော်(AA) သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။
19 Sep 2022

DMG ၊ စက်တင်ဘာ ၁၉
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေခြင်းမရှိသော်လည်း လူမှုရေးကိစ္စရပ်များတွင် ကူညီဆောင်ရွက်မှုများရှိကြောင်း ယနေ့ပြုလုပ်သည့် ရက္ခိုင့်တပ်တော်(AA) သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။
ရခိုင်ပြည်နယ်တွင် PDF တပ်ဖွဲ့ဝင်များမရှိသော်လည်း AA နှင့်ဆက်စပ်သည့် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသတို့တွင် PDF တပ်ဖွဲ့များ လှုပ်ရှားမှုများရှိကြောင်း ဦးခိုင်သုခကဆိုသည်။
“ကျနော်တို့ ရခိုင်ပြည်ထဲမှာတော့ PDF တွေမရှိဘူး။ ဒါပေမယ့် ကျနော်တို့နဲ့ဆက်စပ်နေတဲ့ ချင်းပြည်ဖက်၊ မကွေးဖက်တွေမှာတော့ Local PDF တွေတော့ သူ့ဟာနဲ့သူ လှုပ်ရှားနေတာတွေတော့ရှိတယ်။ တချို့နေရာတွေမှာတော့ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေကိုတော့ ကျနော်တို့ အကူအညီပေးတာတွေရှိတယ်။ စစ်ရေးအကူအညီပေးတာတွေ သိပ်မရှိဘူး”ဟု ၎င်းကဆိုသည်။
မြောက်ဦးမြို့နယ် လေးမြို့ချောင်းတွင်ရှိသည့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသော်လည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း ဦးခိုင်သုခကဆက်ပြောသည်။
“လေးမြို့ချောင်းဖက်မှာရှိတဲ့ ချင်း PDF တပ်တွေနဲ့တော့ ရင်းနှီးတဲ့ဆက်ဆံမှုတွေရှိတယ်။ ဒါပေမယ့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တဲ့အဆင်မရှိဘူး”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ တိုက်ခိုက်ရေးစွမ်းရည်ကို ချီးကျူးကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယခင်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကို လက်မခံသဖြင့် လူငယ်များမှာ မြို့နယ်အလိုက် ကာကွယ်ရေးတပ်များဖွဲ့စည်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိကြသည်။