- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
- ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ
- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
ဂွမြို့နယ် ကြွေဂျိုင်ကမ်းခြေတွင် ရေဆင်းကစားသူ ၃ ဦး ရေနစ်သေဆုံး
ဂွမြို့နယ် ကြွေဂျိုင်ကမ်းခြေတွင် ရေဆင်းကစားသူ ၃ ဦး မနေ့ညနေက ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဂွမြို့နယ်နာရေးကူညီမှုအသင်းထံမှ သိရသည်။
15 May 2021

DMG ၊ မေ ၁၅
ဂွမြို့နယ် ကြွေဂျိုင်ကမ်းခြေတွင် ရေဆင်းကစားသူ ၃ ဦး မနေ့ညနေက ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဂွမြို့နယ်နာရေးကူညီမှုအသင်းထံမှ သိရသည်။
သေဆုံးသူများမှာ ဒေါက်တာ ဦးအောင်ဇော်လတ် (၄၆) နှစ်၊ ဦးဇော်မျိုးမြင့် (၃၄) နှစ်၊ မထက်ရီလင်း (၁၉) နှစ် တို့ဖြစ်ကြပြီး ၎င်းတို့မှာ ရန်ကုန်မြို့မှလာရောက်လည်ပတ်ကြသူများဖြစ်သည်ဟု ဂွမြို့နယ်နာရေးကူညီမှုအသင်းမှ ကိုကျော်မြင့်မောင်က ပြောသည်။
"ဒီကြွေဂျိုင်ကျေးရွာက လို့သိရတယ်။ ဒါပေမဲ့ ရန်ကုန်မှာနေတာ။ တစ်နှစ်ကို တစ်ခေါက်လောက် လာကြတယ်ပြောတယ်။ ရေကူးတာကတော့ သူတို့ ၃ ယောက်တည်းမဟုတ်ဘူး။ လူတွေအများကြီးပါတယ်။ ကောင်မလေးက ရေစီးနှင့်ပါသွားတာကို ကျန်တဲ့သူနှစ်ဦးက လိုက်ဆယ်ရင်း အခုလိုတွေ ဖြစ်သွားတာ။ သူတို့တွေက မိသားစုဝင်တွေလို့ သိရတယ်” ဟု ပြောသည်။
လက်ရှိ အလောင်းမျာကို ကြွေဂျိုင်ကျေးရွာမှ သူတို့ပိုင်ဆိုင်သော နေအိမ်တွင်ထားရှိလျက်ရှိသည်။
ကြွေဂျိုင်းကမ်းခြေမှ ယခုကဲ့သို့ ရာသီဥတု အပြောင်းအလဲ ဖြစ်မည့်အချိန်တွင် ပင်လယ်ရေအောက်ကြမ်းခင်း မညီမညာခြင်းကြောင့် ရေလှိုင်းကြီးခြင်းများဖြစ်ပေါ်လာနေပြီး ရေဆင်းကစားသူများအနေဖြင့် အထူးသတိထားဖို့ရန် လိုအပ်ကြောင်း ဒေသခံများကပြောသည်။