- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
၁၄၅၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်သည့် ဒုံးကျည် အီရန် ထုတ်ပြ
အီရန်အစိုးရသည် ကီလိုမီတာ ၁၄၅၀ (မိုင် ၉၀၀) အထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ကြောင်း အီရန်သတင်းဌာနတစ်ခုဖြစ်သော တာ့စ်နင်က ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖော်ပြသည်။
10 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၀
အီရန်အစိုးရသည် ကီလိုမီတာ ၁၄၅၀ (မိုင် ၉၀၀) အထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ကြောင်း အီရန်သတင်းဌာနတစ်ခုဖြစ်သော တာ့စ်နင်က ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖော်ပြသည်။
ရိုက်တာသတင်းတစ်ရပ်၌လည်း တီဟရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်ရန် ဗီယင်နာမြို့တွင် တစ်ဆင့်ခံဆွေးနွေးမှုများ ရှိခဲ့ပြီး နောက်တစ်ရက်တွင် အီရန်က ယခုကဲ့သို့ ပြသလိုက်ခြင်းဟု တာ့စ်နင်၏ ဖော်ပြချက်ကို ကိုးကားရေးသားထားသည်။
အီရန်တော်လှန်ရေးအစောင့်တပ်၏ ဒုံးကျည်အခြေစိုက်စခန်းများသို့ အီရန်စစ်တပ်၏ ထိပ်တန်းခေါင်းဆောင်များ သွားရောက်လည်ပတ်စဉ် ယခုဒုံးကျည်အား ပြသခဲ့ခြင်း ဖြစ်သည်။
“ဒီ မဟာဗျူဟာမြောက် လက်နက်ဟာ တော်လှန်ရေးအစောင့်တပ်က တီထွင်ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေရဲ့ တတိယမျိုးဆက် ဖန်တီးမှုဖြစ်ပြီး ဒုံးပျံကာကွယ်ရေးစနစ်တွေကိုပါ လှည့်စားပြီး ထိုးဖောက်နိုင်စွမ်းရှိပါတယ်” ဟု တာ့စ်နင် သတင်းဌာနက ဖော်ပြသည်။
အီရန်၏ နျူကလီးယားဆိုင်ရာ တိုးတက်မှုများသည် ၂၀၁၅ တွင် သဘောတူညီခဲ့သည့် ကန့်သတ်မှုသို့ အချိန်အနည်းငယ်အတွင်း ရောက်ရှိသွားနိုင်ကြောင်း အနောက်အင်အားစုများက ပြောကြားထားသည်။
အီရန်၏ ထိပ်တန်းလုံခြုံရေးအရာရှိ အာလီရှမ်ခါနီကမူ အမေရိကန်၏ ချဉ်းကပ်မှုပုံစံကို ဝေဖန်ထားသည်။
“ဗီယင်နာဆွေးနွေးမှုတွေကို ပိုမိုတိုးတက်စေမယ့် လမ်းကြောင်းပေါ် ရောက်ဖို့အတွက် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ သူတို့နိုင်ငံအနေနဲ့ ကျိုးကြောင်းဆီလျော်စွာ ဆောင်ရွက်နိုင်စွမ်း မရှိကြောင်း အမေရိကန်အစိုးရရဲ့ ပြောကြားချက်တွေက ပြသနေပါတယ်” ဟု အာလီရှမ်ခါနီက တွစ်တာပေါ်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့၌ ရေးသားထားသည်။
အီရန် နျူကလီးယားအရေး ဆွေးနွေးမှုများသည် ၂၀၂၁ နိုဝင်ဘာတွင် ပြန်လည်စတင်ခဲ့ပြီးနောက်ပြီး တိုးတက်မှု အနည်းအကျဉ်းသာ ရှိခဲ့ကြောင်း ဗီယင်နာဆွေးနွေးပွဲတွင် ကိုယ်စားလှယ်များက ပြောကြားသည်။