- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
လာမည့် ၃/၄ လအတွင်း မြန်မာလူထု ၃ သန်းခွဲအထိ အငတ်ဘေး ကြုံရဖွယ်ရှိဟု ကုလပြော
မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာများနှင့်အတူ ငွေကြေးအကျပ်အတည်းများ ပိုမိုဆိုးဝါးလားမှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုများ မြင့်တက်လာနေပြီး မြန်မာလူထု သန်းနှင့်ချီ အငတ်ဘေးရင်ဆိုင်ရဖွယ် ရှိနေကြောင်း ကုလသမဂ္ဂက ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
22 Apr 2021

DMG ၊ ဧပြီ ၂၂
မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာများနှင့်အတူ ငွေကြေးအကျပ်အတည်းများ ပိုမိုဆိုးဝါးလားမှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုများ မြင့်တက်လာနေပြီး မြန်မာလူထု သန်းနှင့်ချီ အငတ်ဘေးရင်ဆိုင်ရဖွယ် ရှိနေကြောင်း ကုလသမဂ္ဂက ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
နောင်လာမည့် ၃ လ မှ ၆ လတာ ကာလအတွင်း မြန်မာလူထု ၃.၄ သန်း အထိ စားနပ်ရိက္ခာ မဝယ်ခြမ်းနိုင်သည့်ဘေးကို ရင်ဆိုင်ရမည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ လေ့လာသုံးသပ်ချက်တွင် ဖော်ပြထားသည်။ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုပိုင်းတွင် အလုပ်အကိုင် ဆုံးရှုံးမှုများ မြင့်တက်လာပြီး စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ မြို့ပြဒေသများတွင် အဆိုးဆုံးရင်ဆိုင်ရမည်ဟု WFP က ဆိုသည်။
အလုပ်လက်မဲ့ဖြစ်ပြီး စားနပ်ရိက္ခာ မဝယ်ခြမ်းနိုင်သူများ တိုးသထက်တိုးလာနေကြောင်း WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ စတီဖင်အန်ဒါဆင်က ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
လက်ရှိပြဿနာများ ပြေလည်အောင် ဆောင်ရွက်ရန်နှင့် နောင်ဖြစ်လာမည့် စားနပ်ရိက္ခာဖူလုံမှု ယိုယွင်းလာသည့် အန္တရာယ်ကို ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို ယခု လိုအပ်နေပြီဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ လကုန်ပိုင်းမှ စတင်၍ ဆန်ဈေး ၅ ရာခိုင်နှုန်း၊ စားသုံးဆီဈေး ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်ဟု WFP က ပြောသည်။ စီးပွားရေးမြို့တော် ရန်ကုန်တွင်လည်း ထမင်းနပ်မမှန်သည့် မိသားစုများရှိသလို အာဟာရပြည့်ဝစွာ မစားသောက်နိုင်ဘဲ ကြွေးမြီများနှင့် ရင်ဆိုင်နေရသည်ဟု WFP က ပြောသည်။
WFP အနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၆ သန်းအထိ တောင်းခံထားပြီး အကူအညီများကို လူဦးရေ ၃.၃ သန်းအထိ တိုးမြှင့်ကူညီနိုင်ရေး စီစဉ်နေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချခဲ့ပြီးနောက် ဘဏ်စနစ်များ ရပ်တည်ရန် ခက်ခဲလာပြီး ဘဏ်ခွဲအများအပြားကို ပိတ်ထားခဲ့ရသည်။ နောက်ဆက်တွဲအဖြစ် စီးပွားရေးလုပ်ငန်းများသည် ငွေကြေးမလည်ပတ်နိုင် ဖြစ်နေပြီး ပြည်သူများသည်လည်း ဘဏ်မှ ငွေသားထုတ်ယူရန် အခက်အခဲမျိုးစုံ ကြုံနေရသည်။
မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်သည် ၂၀၂၁ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။