- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မြန်မာတက်ရောက်နိုင်မည်မဟုတ်
ကြာသပတေးနေ့စတင်ကျင်းပမည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ တက်ရောက်မည်မဟုတ်ကြောင်း မြန်မာအာဏာပိုင်များက ကမ္ဘောဒီးယားနိုင်ငံအား အကြောင်းကြားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်ဟု ကျိုဒို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Nov 2021

DMG ၊ နိုဝင်ဘာ ၂၅
ကြာသပတေးနေ့စတင်ကျင်းပမည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ တက်ရောက်မည်မဟုတ်ကြောင်း မြန်မာအာဏာပိုင်များက ကမ္ဘောဒီးယားနိုင်ငံအား အကြောင်းကြားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်ဟု ကျိုဒို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစည်းအဝေး လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံ ကမ္ဘောဒီးယားသို့ မြန်မာဘက်မှ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ဗီဒီယိုကွန်ဖရင့်ဖြင့် နှစ်ရက်ကြာကျင်းပမည့် အဆိုပါအစည်းအဝေးသို့ အာရှနှင့် ဥရောပနိုင်ငံ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်။
ASEM အစည်းအဝေးတွင် တက်ရောက်မည့်နိုင်ငံ ၅၁ နိုင်ငံရှိပြီး ဥရောပနိုင်ငံ ၃၀ နှင့် အာရှနိုင်ငံ ၂၁ နိုင်ငံတို့ပါဝင်သည်။
မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီးနောက်တွင် ယခုကျင်းပမည့် ASEM ခေါ် အာရှ-ဥရောပအစည်းအဝေး (Asia-Europe Meeting) သို့လည်း ‘နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်သာ စေလွှတ်ခွင့်ရမည်’ ဖြစ်ကြောင်း မြန်မာအား အသိပေးခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရကြောင်း ကျိုဒိုသတင်းက ဖော်ပြသည်။
အစည်းအဝေး လေ့လာရေး နည်းပညာအဖွဲ့တစ်ဖွဲ့သာ စေလွှတ်ကောင်းစေလွှတ်မည်ဟု မြန်မာဘက်မှ အကြောင်းပြန်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
မြန်မာသည် ယခုအစည်းအဝေးနှင့်ပါ ဆိုလျှင် အာဆီယံနှင့် ဆက်နွယ်သည့် ထိပ်သီးအစည်းအဝေးများမှ ချန်လှပ်ခံရသည်မှာ သုံးကြိမ်ရှိပြီဖြစ်သည်။
ပြီးခဲ့သည်လတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် လွန်ခဲ့သည့် တနင်္လာနေ့က ကျင်းပသည့် အာဆီယံ-တရုတ် ဆက်ဆံရေး နှစ်ပတ်လည်အစည်းအဝေးများသို့ မြန်မာဘက်မှ တက်ရောက်ခွင့် မရခဲ့ပေ။