- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
အနောက်ဘက်ကမ်းတွင် အခြေချနေအိမ်သစ် ၁၃၀၀ ကျော် အစ္စရေး တည်ဆောက်မည်
အစ္စရေးတို့ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေတွင် ဂျူးအခြေချနေထိုင်သူ များအတွက် နေအိမ်များ ထပ်မံဆောက်လုပ်မည့် အစီအစဉ်များကို အစ္စရေးနိုင်ငံက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။ ထိုကြေညာချက်ကို ပါလက်စတိုင်းလူမျိုးများ၊ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများနှင့် အိမ်နီးချင်းဂျော်ဒန်နိုင်ငံတို့က ချက်ချင်း ပြစ်တင်ရှုတ်ချခဲ့ကြသည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
26 Oct 2021

DMG ၊ အောက်တိုဘာ ၂၇
အစ္စရေးတို့ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေတွင် ဂျူးအခြေချနေထိုင်သူ များအတွက် နေအိမ်များ ထပ်မံဆောက်လုပ်မည့် အစီအစဉ်များကို အစ္စရေးနိုင်ငံက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။ ထိုကြေညာချက်ကို ပါလက်စတိုင်းလူမျိုးများ၊ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများနှင့် အိမ်နီးချင်းဂျော်ဒန်နိုင်ငံတို့က ချက်ချင်း ပြစ်တင်ရှုတ်ချခဲ့ကြသည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၁၉၆၇ ခုနှစ် ခြောက်ရက်ကြာစစ်ပွဲကတည်းက အစ္စရေးတို့ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ၌ နေအိမ်ပေါင်း ၁၃၅၅ လုံး ဆောက်လုပ်ရန် တင်ဒါများ ကြေညာခေါ်ယူထားပြီးဖြစ်သည်ဟု လက်ယာယိမ်း ဝန်ကြီးချုပ် နက်တလီဘန်းနတ် အစိုးရ၏ အိမ်ရာနှင့်ဆောက်လုပ်ရေး ဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းအိမ်ခြေသစ်များကို ကာကွယ်ရေး သတင်းရင်းမြစ်များက သြဂုတ်လတွင် ထုတ်ပြန်ပြောကြားထားသည့် နေအိမ် အလုံး ၂၀၀၀ ကျော်နှင့် ထပ်တိုးပေါင်းကာ အနောက်ဘက်ကမ်းရှိ အခြေချနေထိုင်သူများအတွက် တရားဝင်ခွင့်ပြုမည်ဟု အေအက်ဖ်ပီ သတင်းအရ သိရသည်။
ထိုနေအိမ်များအတွက် အပြီးသတ်အတည်ပြုချက်ကို ကာကွယ်ရေးဝန်ကြီးဌာနထံမှ ယခုအပတ်တွင် ရရှိမည်ဟု မျှော်လင့်ရကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
အစိုးရအဖွဲ့၏ အပတ်စဉ် အစည်းအဝေး၌ ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက်ရှတေးယတ် ပြောကြားရာတွင် အစ္စရေး၏ အခြေချအိမ်ရာများ တည်ဆောက်မှုသည် ပါလက်စတိုင်းပြည်သူများအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်စေခဲ့ပြီး အစ္စရေး၏ “ကျူးကျော်ရန်စမှု” ကို “ထိပ်တိုက်ရင်ဆိုင်ဖြေရှင်း” ရန်အတွက် ကမ္ဘာ့နိုင်ငံများနှင့် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတို့အား မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။
ဒေသခံ ပါလက်စတိုင်းလူမျိုးများက သူတို့၏ အနာဂတ်နိုင်ငံတော် တစ်စိတ်တစ်ပိုင်းအဖြစ် အခိုင်အမာ ပြောကြားထားကြသော အနောက်ဘက်ကမ်းခြေတွင် အစ္စရေးနိုင်ငံသား ဂျူးလူမျိုး ၄၇၅,၀၀၀ ခန့် အခြေချနေထိုင်ကြပြီး အစ္စရေးတို့၏ အခြေချမှုသည် တရားမဝင်ကြောင်း နိုင်ငံတကာဥပဒေအရ ယူဆကြသည်။