- ရခိုင်အတွက် ကော်ရီဒိုဟာ ဘင်္ဂလားဒေ့ရှ်အတွက် လောင်းကြေးလား
- AA ထိန်းချုပ်နယ်မြေထဲ ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိလာ
- မေလအတွင်း လှေနစ်သေဆုံးသူ မွတ်ဆလင်ဒုက္ခသည် ၄၀၀ ကျော်အထိ ရှိနိုင်ကြောင်း ကုလပြော
- လေယာဉ်အန္တရာယ်ကြောင့် နေရာရွှေ့ပြောင်းနေရသည့် ကျောက်တော် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
- AA ၏ ရခိုင်ပြည် ပြင်ပထွက်ခွာခွင့် တားမြစ်ချက်အပေါ် အမြင် (Vox Pop)
အစ္စရေး-ဟားမားစ် ပဋိပက္ခ ပြင်းထန်နေချိန် သမ္မတဘိုင်ဒန် အစ္စရေးသို့ သွားမည်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တဲလ်အဗစ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ယနေ့ပြောကြားလိုက်သည်။
17 Oct 2023

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တဲလ်အဗစ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ယနေ့ပြောကြားလိုက်သည်။
အစ္စရေး-ဟားမားစ်ပဋိပက္ခက ဒေသတွင်း ပိုမိုကြီးမားကျယ်ပြန့်လာမည်ကို အများက စိုးရိမ်နေကြချိန်၌ ယခုကဲ့သို့ သမ္မတဘိုင်ဒန်၏ ခရီးစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ဘိုင်ဒန်သည် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှတစ်ဆင့် ဂျော်ဒန်နိုင်ငံသို့ ဆက်လက်သွားမည်ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ ဂျွန်ကာဘီ၏ ပြောကြားချက်အရ သိရသည်။ ဂျော်ဒန်၌ သမ္မတဘိုင်ဒန်သည် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ ၂၊ ပါလက်စတိုင်း ခေါင်းဆောင်း မာမွတ်အာဘက်စ်၊ အီဂျစ်သမ္မတ အဗ္ဗဒဲလ်ဖာတားအဲလ်ဆီဆီတို့နှင့် တွေ့ဆုံမည်ဖြစ်သည်။
အစ္စရေးသည် လက်ရှိအချိန်အထိ ဂါဇာကို အကြီးအကျယ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ဂါဇာမြို့ရှိ အရပ်သားများအားလုံး မြို့မှ ထွက်ခွာကြရန်လည်း အစ္စရေးက ပြီးခဲ့သောရက်ပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
အစ္စရေးသည် ဂါဇာကို မြေပြင်မှ ဝင်ရောက်ထိုးစစ်ဆင်ရန် အကြီးအကျယ် ပြင်ဆင်နေပြီး အစ္စရေးတို့သာ ဂါဇာကို ဝင်ရောက်သိမ်းပိုက်ခဲ့မည်ဆိုပါက အကြီးအကျယ် မှားယွင်းမှုတစ်ရပ် ဖြစ်လိမ့်မည်ဟု သမ္မတဘိုင်ဒန်က အကြိမ်ကြိမ် သတိပေးလျက်ရှိသည်။
အခြားတစ်ဘက်တွင်လည်း အမေရိကန်သည် အစ္စရေးကို အားပေးထောက်ခံသည့် သဘောကို ပြသသည့်အနေဖြင့် အမေရိကန် လေယာဉ်တင်စစ်သင်္ဘော နှစ်စီးအထိ အဆိုပါဒေသတွင် နေရာချထားသည်။