- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ဗန်နူအာတူနိုင်ငံ ဥတုရာသီဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာ
မြေနိမ့်ပိုင်းပစိဖိတ်ကျွန်းနိုင်ငံဖြစ်သော ဗန်နူအာတူနိုင်ငံ၏ ဝန်ကြီးချုပ်သည် နိုင်ငံကို ဥတုရာသီဖောက်ပြန်မှု သက်ရောက်မှုများမှ ကာကွယ်ရန် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း အကူအညီတောင်းခံမှုပြုခြင်းနှင့်အတူ ဗန်နူအာတူ ပါလီမန်က ဥတုရာသီဆိုင်ရာ အရေးပေါ်အခြေအနေကို ကြေညာလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 May 2022

DMG ၊ မေ ၃၀
မြေနိမ့်ပိုင်းပစိဖိတ်ကျွန်းနိုင်ငံဖြစ်သော ဗန်နူအာတူနိုင်ငံ၏ ဝန်ကြီးချုပ်သည် နိုင်ငံကို ဥတုရာသီဖောက်ပြန်မှု သက်ရောက်မှုများမှ ကာကွယ်ရန် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း အကူအညီတောင်းခံမှုပြုခြင်းနှင့်အတူ ဗန်နူအာတူ ပါလီမန်က ဥတုရာသီဆိုင်ရာ အရေးပေါ်အခြေအနေကို ကြေညာလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်ဘော့လော့ဖ်မန်က သောကြာနေ့တွင် မြို့တော်ပေါ့ဗီလာရှိ ပါလီမန်၌ စကားပြောကြားရာတွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှင့် ပြင်းထန်သောရာသီဥတုသည် ပစိဖိတ်သမုဒ္ဒရာကို အချိုးမညီမျှစွာ အကျိုးသက်ရောက်နေခဲ့ကြောင်းကို ပြီးခဲ့သောဆယ်စုနှစ်များအတွင်း ပြင်းထန်သော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း နှစ်ခုနှင့် ပြင်းထန်သောမိုးခေါင်မှုကို မီးမောင်းထိုးပြ၍ ပြောကြားခဲ့သည်။
“ကမ္ဘာကြီးက အရမ်းပူနေပြီး မလုံခြုံတော့ဘူး။ ကျွန်တော်တို့တွေက အနာဂတ်မှာမှမဟုတ်ဘူး၊ ခုတည်းက အန္တရာယ်ရှိနေပြီ" ဟု ဝန်ကြီးချုပ်ကပြောသည်။
ပါလီမန်သည် ယင်းအဆိုကို တညီတညွတ်တည်း ထောက်ခံခဲ့ပြီး ဗြိတိန်၊ ကနေဒါနှင့် တောင်ပစိဖိတ် အိမ်နီးချင်းဖီဂျီနိုင်ငံ အပါအဝင် ဒါဇင်ပေါင်းများစွာသော အခြားနိုင်ငံများကလည်း အလားတူ တရားဝင် ကြေညာချက်များကို ထုတ်ပြန်ခဲ့ကြသည်။
"ဗန်နူအာတူ၏တာဝန်မှာ တာဝန်ရှိသောနိုင်ငံများကို အကျပ်အတည်း၏ အရေးပေါ်အခြေအနေနှင့် ကိုက်ညီသော လုပ်ဆောင်မှုများ လုပ်ဆောင်ကြဖို့ တွန်းအားပေးရန်ဖြစ်သည်" ဟု ဝန်ကြီးချုပ်ကပြောကြားသည်။
"အရေးပေါ် ဟူသော ဝေါဟာရကို အသုံးပြုခြင်းသည် ပုံမှန်အတိုင်း ပြုပြင်ပြောင်းလဲရေးကို ကျော်လွန်၍ လိုအပ်လျက်ရှိကြောင်း အချက်ပြသည့် နည်းလမ်းတစ်ခု ဖြစ်သည်" ဟုလည်း ဝန်ကြီးချုပ်က ပြောကြားသည်။
ယခုကြေညာချက်သည် အားနည်းသောနိုင်ငံများကို ဥတုရာသီဖောက်ပြန်မှုဒဏ်မှ ကာကွယ်ရန်အတွက် ၎င်း၏အစိုးရ၏ လျှောက်ထားချက်အား ICJ နိုင်ငံတကာတရားရုံးသို့ ရောက်ရှိစေရန်အတွက် ကုလသမဂ္ဂ၏မဲခွဲမှုမတိုင်မီ “ဥတုရာသီဆိုင်ရာသံတမန်ရေးရာတွန်းအားပေးမှု” ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ဥတုရာသီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာ့အမြင့်ဆုံး တရားရေးအာဏာပိုင်များထံမှ တရားရေးဆိုင်ရာ သဘောထားကို တောင်းခံသွားမည်ဟု လူဦးရေ ၃ဝဝ,ဝဝဝ ခန့်ရှိသော ဗန်နူအာတူနိုင်ငံက ပြီးခဲ့သောနှစ်တွင် ပြောကြားခဲ့သည်။