- AA ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦး ပြန်လည်လွတ်မြောက်
- ဂွတွင် စစ်ကောင်စီက လက်နက်အင်အား ဆက်တိုက်ဖြည့်တင်းနေ
- အမ်းမြို့နယ်ရှိ အမြောက်တပ်နှင့် ဆက်သွယ်ရေးတပ်တို့ကို AA ထပ်သိမ်း
- ညီနောင်သုံးဖွဲ့က ငြိမ်းချမ်းရေး လိုလားကြောင်းပြမှ ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်ပြော
- သံတွဲနှင့် တောင်ကုတ်ရှိ ကျေးရွာသုံးရွာ လေကြောင်းဗုံးကြဲခံရ
မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းကို ယူကေ ပိတ်ဆို့အရေးယူ
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (MGE) ကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ဗြိတိန်က မေလ ၁၇ ရက်တွင် ကြေညာလိုက်သည်။
19 May 2021
DMG ၊ မေ ၁၉
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (MGE) ကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ဗြိတိန်က မေလ ၁၇ ရက်တွင် ကြေညာလိုက်သည်။
ယခုပိတ်ဆို့မှုသည် စစ်တပ်ဦးဆောင်သည့် အစိုးရသို့ ဘဏ္ဍာငွေ စီးဆင်းမည့် အဓိကရင်းမြစ်ကို ဖြတ်တောက်ရန် ကြိုးပမ်းမှု တစ်ခုဖြစ်ကြောင်းလည်း ဗြိတိန်က ပြောသည်။
MGE ကို ယင်းသို့ပိတ်ဆို့ဒဏ်ခတ်ခြင်းသည် ကလေးငယ်များကို သတ်ဖြတ်ခြင်းအပါအဝင် မြန်မာ ပြည်သူများအပေါ် လူ့အခွင့်အရေး အမှန်တကယ်ချိုးဖောက်နေမှုများ၊ ပြင်းပြင်းထန်ထန် နှိမ်နင်းမှု များတွင် တာဝန်ရှိပြီး ဒီမိုကရေစီကို ဆက်လက်ဖျက်ဆီးနေဆဲဖြစ်သည့် စစ်အုပ်စုထံ စီးဝင်မည့် ဘဏ္ဍာငွေရင်းမြစ်ကို ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အနှစ်သက်ဆုံး ကျောက်မျက်ရတနာတစ်ခုဖြစ်သည့် ကျောက်စိမ်း ထွက်ရှိရာ ကမ္ဘာ့အဓိကနေရာတစ်ခုဖြစ်ပြီး ပတ္တမြားနှင့် အခြားသော ရှားပါးရတနာများ ထွက်ရှိရာနိုင်ငံ လည်းဖြစ်သည်။ အမေရိကန်နိုင်ငံသည်လည်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းကို ပြီးခဲ့သည့်ဧပြီလအတွင်း အမည်ပျက်စာရင်းသွင်းခဲ့သည်။
ဗြိတိန်နိုင်ငံသည် ဖေဖော်ဝါရီလအတွင်း အာဏာရယူခဲ့သည့် မြန်မာစစ်တပ် ခေါင်းဆောင်များ၊ ဆက်စပ်သူများနှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများကိုထိန်းချုပ်ပြီး ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကြောင်း ယခင်ကလည်း ကြေညာခဲ့ပြီးဖြစ်သည်။