- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
ဗြိတိန်သို့ တရားမဝင် ဝင်ရောက်လာသည့်လှေ တိမ်းမှောက်ပြီး ၃၁ ဦးထက်မနည်း သေဆုံး
ပြင်သစ်မှ ဗြိတိန်သို့ တရားမဝင် ဝင်ရောက်လာသူများ လိုက်ပါလာသည့် လှေတစ်စီး ဗုဒ္ဓဟူးနေ့က အင်္ဂလိပ်ရေလက်ကြားတွင် တိမ်းမှောက်ခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၃၁ ဦးရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Nov 2021

DMG ၊ နိုဝင်ဘာ ၂၅
ပြင်သစ်မှ ဗြိတိန်သို့ တရားမဝင် ဝင်ရောက်လာသူများ လိုက်ပါလာသည့် လှေတစ်စီး ဗုဒ္ဓဟူးနေ့က အင်္ဂလိပ်ရေလက်ကြားတွင် တိမ်းမှောက်ခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၃၁ ဦးရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လှေပေါ်လိုက်ပါလာသူ ၃၄ ဦးရှိမည်ဟု ယူဆရပြီး လက်ရှိအချိန်အထိ အာဏာပိုင်များ ရှာတွေ့ထားသော အလောင်းစုစုပေါင်း ၃၁ လောင်းရှိကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျရတ်ဒါမေနင်က ပြောကြားသည်။
သေဆုံးသူများတွင် အမျိုးသမီးငါးဦးနှင့် ကလေးငယ်နှစ်ဦး ပါဝင်သည်။ အသက်ရှင်ကျန်ရစ်သူ နှစ်ဦးရှိပြီး တစ်ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသဆိုင်ရာ အာဏာပိုင်များက နောက်ပိုင်း ထုတ်ပြန်ရာတွင် အလောင်း ၂၇ လောင်းတွေ့ရပြီး၊ နှစ်ဦးအသက်ရှင်ကာ လေးဦး ပျောက်ဆုံးနေကြောင်း ပြောကြားသည်။ နှစ်ဘက် အရေအတွက် ကွဲပြားမှုနှင့် ပတ်သက်၍ တိတိပပ ရှင်းပြချက် မသိရပေ။
လှေနစ်မြုပ်မှုနှင့် ပတ်သက်သည်ဟု သံသယရှိသူ လူမှောင်ခိုသမား လေးဦးကို ဖမ်းဆီးထားကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။
အာဖဂန်နစ္စတန်၊ ဆူဒန်၊ အီရတ်၊ အီရီထရီးယားနှင့် အခြားနေရာများတွင် ပဋိပက္ခများနှင့်အတူ ဆင်းရဲမွဲတေမှုများ မြင့်တက်လာနေသဖြင့် လူအများအပြားသည် အင်္ဂလန်၌ ခိုလှုံခွင့်ရရှိရေး မျှော်လင့်ချက်ဖြင့် ပြင်သစ်မှတစ်ဆင့် အင်္ဂလန်သို့ ဝင်ရောက်မှုများ မြင့်တက်လျက်ရှိသည်။
၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ဗြိတိန်သို့ ဝင်ရောက်မှုမှာ သုံးဆအထိ တိုးလာပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ တစ်ရက်တည်း၌ ပြင်သစ်ရေပြင်မှ ကယ်ဆယ်ခဲ့ရသူ စုစုပေါင်း ၁၀၆ ဦးအထိ ရှိခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။