- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ဘရာဇီးတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် အနည်းဆုံး ၄၄ ဦး သေဆုံးပြီး ၅၆ ဦး ပျောက်ဆုံး
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၄၄ ဦးထက်မနည်း သေဆုံးကာ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးသမားများကလည်း မိုးစဲချိန်ကို အခွင့်ကောင်းယူ၍ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေလျက်ရှိကြောင်း အစိုးရက မေလ ၂၉ ရက်နေ့တွင် ပြောကြားသည်။
31 May 2022

DMG ၊ မေ ၃၁
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၄၄ ဦးထက်မနည်း သေဆုံးကာ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးသမားများကလည်း မိုးစဲချိန်ကို အခွင့်ကောင်းယူ၍ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေလျက်ရှိကြောင်း အစိုးရက မေလ ၂၉ ရက်နေ့တွင် ပြောကြားသည်။
"သေဆုံးသူ ၄၄ ဦး၊ ပျောက်ဆုံးနေသူ ၅၆ ဦး၊ ဒဏ်ရာရသူ ၂၅ ဦး၊ ခိုလှုံစရာနေရာမရရှိသေးသူ ၃၉၅၇ ဦးနဲ့ ၅၃၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်” ဟု ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဒန်နီရယ်ဖယ်ရယ်ရာ က ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သော အရှေ့မြောက်ပိုင်းပါနမ်ဘူကိုပြည်နယ်၏ မြို့တော်ရီဆီဖီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်သည် မကြာမီအချိန်အတွင်းက ဘရာဇီးတွင် ပြင်းထန်သော ရာသီဥတုကြောင့် ဖြစ်ပွားခဲ့သည့် မြေပြိုမှုများနှင့် ရေကြီးမှုများ၏ လက်ရှိနောက်ဆုံးဖြစ်ရပ်ဖြစ်သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေများ လျှံတက်ကာ ရွှံ့နွံများဒလဟောတိုက်စားမှုကြောင့် ဖြစ်ပေါ်လာသော မြေပြိုမှုတွင် အနည်းဆုံး ၂၈ ဦး သေဆုံးခဲ့ပြီး စနေနေ့မှ စတင်ကာ သေဆုံးသူဦးရေ ၃၄ ဦးအထိ မြင့်တက်လာခဲ့သည်။
ဖေဖော်ဝါရီလတွင် ရီယိုဒီဂျနေရိုပြည်နယ်အတွင်းရှိ ၁၉ ရာစု ဘရာဇီးခေတ်အင်ပါယာ၏ အုပ်ချုပ်ရေးမြို့တော် ပီထရိုပိုလစ်မြို့တွင် လူဦးရေ ၂၃ဝ ကျော် သေဆုံးခဲ့သည်။
ပြီးခဲ့သောလအစောပိုင်းတွင်လည်း အဆိုပါပြည်နယ်အတွင်း ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ၁၄ ဦး သေဆုံးခဲ့သည်။
ဘရာဇီးနိုင်ငံ၏ မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုများသည် ပစိဖိတ်သမုဒ္ဒရာ၏ အအေးစက်ဝန်း လာနီလာနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် ပိုမိုအားကောင်းလာသည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။
ပိုမိုပူပြင်းသောလေထုသည် ရေပမာဏပိုမိုသိုလှောင်ထားနိုင်သည့်အတွက် ကမ္ဘာကြီးပူနွေးလာမှုသည်လည်း အလွန်အမင်း မိုးရွာသွန်းမှုမှ ဖြစ်ပေါ်လာသော ရေလွှမ်းမိုးမှုအန္တရာယ်ကို တိုးပွားစေလျက်ရှိသည်။