- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ဘရာဇီးမိုးကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၈ ဦးအထိ ရှိလာပြီး ၃ သောင်းကျော် တိမ်းရှောင်နေရ
ဘရာဇီးနိုင်ငံ ဘာဟီအာပြည်နယ်တွင် နိုဝင်ဘာလတည်းက အဆက်မပြတ် ရွာသွန်းနေသည့် မိုးကြောင့် ရေကြီးမှုများ ဖြစ်ကာ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း ၁၈ ဦး ရှိသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၇
ဘရာဇီးနိုင်ငံ ဘာဟီအာပြည်နယ်တွင် နိုဝင်ဘာလတည်းက အဆက်မပြတ် ရွာသွန်းနေသည့် မိုးကြောင့် ရေကြီးမှုများ ဖြစ်ကာ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း ၁၈ ဦး ရှိသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နေအိမ်စွန့်ခွာ တိမ်းရှောင်နေရသူ အရေအတွက်သည်လည်း လက်ရှိအထိ ၃ သောင်းခွဲ ရှိနေပြီဖြစ်ကြောင်း ဘရာဇီး ပြည်သူ့ကာကွယ်ရေး အေဂျင်စီ ဆူဒက်က ပြောကြားသည်။
ဒဏ်ရာရသူ အရေအတွက်သည်လည်း ၂၈၆ ဦး ရှိနေပြီဟု ဆူဒက်က ပြောကြားသည်။
ရေကြီးမှု၏ အကျိုးသက်ရောက်မှုကို ခံရသူအရေအတွက် ၄ သိန်းကျော်ရှိကာ ယခုရက်ပိုင်းအတွက် အခြေအနေမှာ ပိုဆိုးလာလျက်ရှိသည်။
တနင်္ဂနွေနေ့အထိ အရေးပေါ်အခြေအနေ ကြေညာထားသော စီရင်စု ရ၂ နေရာ ရှိပြီး ၎င်းတို့အနက် ၅၈ နေရာမှာ ရေကြီးမှုကြောင့် ဒုက္ခရောက်နေသည့် နေရာများ ဖြစ်ကြောင်း ဆူဒက်က ပြောသည်။
ဘာဟီအာရှိ ရေကာတာနှစ်ခုတွင်လည်း ရေများ လျှံထွက်နေပြီဖြစ်ကာ မြစ်ရေမြင့်တက်ပြီး ဒေသတစ်ဝိုက်ရှိ မြို့များ ရေလွှမ်းမိုးခံနေရကြောင်းလည်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
ဘာဟီအာ တောင်ပိုင်းရှိ အီဂွါရေကာတာသည် စနေနေ့ညတွင် ဆည်ကျိုးခဲ့ပြီး နောက်ထပ်ရေကာတာ တစ်ခုမှာ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ရေအမြင့်ပေ မြင့်တက်လာပြီး ဒေသခံများသည် ပိုမိုလုံခြုံသည့် နေရာများကို ရွေ့ပြောင်းခဲ့ရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။