- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
တရုတ်တွင် နှင်းမုန်တိုင်းကြောင့် စာသင်ကျောင်းများနှင့် လမ်းများ ပိတ်ထားရ
တရုတ်ပြည် အရှေ့မြောက်ပိုင်းတွင် ရက်ပေါင်းများစွာကြာအောင် တိုက်ခတ်လျက်ရှိသော နှင်းမုန်တိုင်းတစ်ရပ်ကြောင့် စာသင်ကျောင်းများ ပိတ်ထားရသလို ယာဉ်များ ပြေးဆွဲမှုလည်း ဆိုင်းငံ့ထားရပြီး မှန်လုံအိမ်များ အက်ကွဲမှုများလည်း ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11 Nov 2021

DMG ၊ နိုဝင်ဘာ ၁၁
တရုတ်ပြည် အရှေ့မြောက်ပိုင်းတွင် ရက်ပေါင်းများစွာကြာအောင် တိုက်ခတ်လျက်ရှိသော နှင်းမုန်တိုင်းတစ်ရပ်ကြောင့် စာသင်ကျောင်းများ ပိတ်ထားရသလို ယာဉ်များ ပြေးဆွဲမှုလည်း ဆိုင်းငံ့ထားရပြီး မှန်လုံအိမ်များ အက်ကွဲမှုများလည်း ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မွန်ဂိုးလီးယားအလယ်ပိုင်း လျောင်နင်ခရိုင်ရှိ အချို့မြို့များတွင် နှင်းများသည် အမြင့်ပေ ၂၀ ခန့်အထိ ရှိနေကြောင်း သတင်းပေးပို့ချက်များအရ သိရသည်ဟု အေပီသတင်းက ဖော်ပြသည်။
တုံလျောင်မြို့တွင် သေဆုံးသူ ၁ ဦးရှိသည်ဟု တရုတ်အစိုးရပိုင် မီဒီယာက ဖော်ပြသည်။ သို့သော်လည်း အသေးစိတ် ကြေညာခြင်းမရှိပေ။ အဆိုပါမြို့တွင် နှင်းကျနေသည်မှာ ၄၆ နာရီအထိ ကြာမြင့်ခဲ့ပြီး ၁၉၅၁ ခုနှစ်နောက်ပိုင်းတွင် အကြာမြင့်ဆုံးအချိန် ဖြစ်ကြောင်း စီစီတီဗီ သတင်းဌာနက ကြေညာသည်။
ဂျီလင်ခရိုင်ရှိ အဝေးပြေးလမ်းမ၌ ဆိုင်အချို့တွင် လူ ၁၀၀၀ ခန့် ညလုံးပေါက် ပိတ်မိနေခဲ့ကြကြောင်း လူမှုကွန်ရက်ပေါ်၌ အာဏာပိုင်များ ကြေညာချက်တွင် ဖော်ပြထားသည်။
အချို့သော အဝေးပြေးလမ်းများသည် ပိတ်ဆို့လျက်ရှိပြီး ရထားပြေးဆွဲမှုများကိုလည်း ရပ်ဆိုင်းထားသည်ဟု သတင်းတွင် ဖော်ပြသည်။