- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ဖိလစ်ပိုင်က မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၅ သန်း ပေးမည်
ဖိလစ်ပိုင်သည် မြန်မာနိုင်ငံကို သက်တမ်းကုန်ခါနီး Sputnik V ကိုဗစ်ထိုးဆေး ငါးသန်း ပေးလှူရန် စဉ်းစားနေသည်ဟု ဖိလစ်ပိုင် ကျန်းမာရေး အကြီးတန်းတာဝန်ရှိသူတစ်ဦးက မေလ ၂ ရက်နေ့က ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 May 2022

DMG ၊ မေ ၄
ဖိလစ်ပိုင်သည် မြန်မာနိုင်ငံကို သက်တမ်းကုန်ခါနီး Sputnik V ကိုဗစ်ထိုးဆေး ငါးသန်း ပေးလှူရန် စဉ်းစားနေသည်ဟု ဖိလစ်ပိုင် ကျန်းမာရေး အကြီးတန်းတာဝန်ရှိသူတစ်ဦးက မေလ ၂ ရက်နေ့က ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်သည် ပြီးခဲ့သည့်နှစ်က ပြည်သူ သန်း ၁၁၀ အတွက် ကိုဗစ်ထိုးဆေးရရှိရန် ရုန်းကန်နေခဲ့ရသည်။ ယခုလှူဒါန်းမှုသည် ပြည်ပနိုင်ငံတစ်ခုသို့ ပထမဆုံးအကြိမ် လှူဒါန်းမှုဖြစ်သည်။
လက်ရှိတွင် ဖိလစ်ပိုင်အတွက် ထိုးဆေး လုံလောက်စွာ ရရှိထားပြီဟုလည်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
Sputnik V သည် ရုရှားက ထုတ်လုပ်သည့် ကိုဗစ်ထိုးဆေး ဖြစ်သည်။ အာဏာပိုင်များသည် အဆိုပါဆေးများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှတစ်ဆင့် လှူဒါန်းနိုင်ရန် စီစဉ်နေကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာန အတွင်းဝန် မာရီယာ ရိုဆာရီယို ဗာဂေရီက ပုံမှန် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသည်။
လူဦးရေ ၅၃ သန်းရှိသည့် မြန်မာနိုင်ငံတွင် ၂၀၂၁ အာဏာသိမ်းချိန်နောက်ပိုင်း၌ ကိုဗစ်ထိုးဆေး နှစ်ကြိမ်လုံး ထိုးနှံပြီးသူ အရေအတွက်သည် ထက်ဝက်မရှိသေးကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
အာရှတွင် ကိုဗစ်ကပ်ဘေးကို အပြင်းထန်ဆုံး ရင်ဆိုင်ခဲ့ရသော နိုင်ငံများအနက် တစ်ခုဖြစ်သည့် ဖိလစ်ပိုင်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ အရေအတွက်သည် ၆၇.၉ သန်းနီးပါး ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုအရေအတွက်သည် ၆ သိန်းကျော်ရှိကာ သေဆုံးသူစုစုပေါင်းမှာ ၂ သောင်းနီးပါးရှိသည်ဟု မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အစောပိုင်း ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ရ၆၀၀ ကျော်စစ်ဆေးခဲ့ရာတွင် ကိုဗစ်ပိုးတွေ့သူ လူနာသစ် ၁၄ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ မေလ ၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။