- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု ယနေ့စတင်
ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေကြသော မွတ်ဆလင်ဒုက္ခသည်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်များ သြဂုတ်လ ၁၀ ရက်နေ့တွင် စတင်နေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Aug 2021

DMG ၊ သြဂုတ် ၁၀
ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေကြသော မွတ်ဆလင်ဒုက္ခသည်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်များ သြဂုတ်လ ၁၀ ရက်နေ့တွင် စတင်နေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းရှိ ဒုက္ခသည်စခန်းများတွင် မွတ်လဆင်ဒုက္ခသည် စုစုပေါင်း ၈ သိန်းခွဲခန့် ရှိနေပြီး လက်ရှိအချိန်အထိ တရားဝင် အတည်ပြုထားသော ကိုဗစ်ကူးစက်မှု ၂၆၀၀၊ သေဆုံးသူ ၂၉ ဦး ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။
ကနဦးအဆင့်အဖြစ် လာမည့် ၃ ရက်အတွင်း အသက် ၅၅ နှစ်အထက် ဒုက္ခသည် ၄၈၀၀၀ ခန့်အား တရုတ်လုပ် ဆီနိုဖမ်းဆေး ထိုးနှံပေးမည် ဖြစ်ကြောင်း ဒေသခံ ကျန်းမာရေးအရာရှိ မာဘူဘာရာမန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
ဘာဆန်ချာကျွန်းရှိ မွတ်လဆင် ဒုက္ခသည် ၁၈၀၀၀ ကိုလည်း ယခုသီတင်းပတ်တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ လက်ထောက်ကော်မရှင်နာ ရှမ်းအူဒိုဇာ (Shams ud Douza) က အေအက်ဖ်ပီသို့ ဖြေကြားသည်။
ဘင်္ဂလားဒေ့ရှ်တွင် ပြီးခဲ့သောလများအတွက် ကူးစက်မှု အမြောက်အများ မြင့်တက်ခဲ့သဖြင့် နိုင်ငံတစ်ဝန်း၌ ဒုက္ခသည်စခန်းများ အပါအဝင် နေရာအများအပြားကို လော့ဒေါင်း ချမှတ်ထားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်ကူးစက်မှုစုစုပေါင်း ၁.၄ သန်းရှိကာ သေဆုံးသူ ၂၃၀၀၀ နီးပါးရှိသည်။ အများစုမှာ ပြီးခဲ့သောလများအတွင်း ကူးစက်ခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ကူးစက်မှုများအနက် ၉၈ ရာခိုင်နှုန်းခန့်သည် အိန္ဒိယတွင် အကြီးအကျယ် ပျံ့နှံ့ခဲ့သည် ဒဲလ်တာကိုဗစ်မျိုးကွဲ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေကြသော မွတ်ဆလင်ဒုက္ခသည် အများစုမှာ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံဘက်တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်များကြောင့် ထွက်ပြေးခဲ့ရသူများ ဖြစ်သည်။