- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသဖြင့် မြို့နေလူထု နှစ်သန်းခွဲအား အိမ်တွင်း၌နေရန် ဒယ်ဂုမြို့တော်ဝန် တိုက်တွန်း
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂုမြို့၌ မြို့တော်ဝန်သည် မြို့နေလူထု ၂.၅ သန်းအား ပြင်ပသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ဘဲ အိမ်တွင်း၌သာ နေထိုင်ပေးကြရန် ကြာသပတေးနေ့တွင် တိုက်တွန်းလိုက်သည်။
21 Feb 2020

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂုမြို့၌ မြို့တော်ဝန်သည် မြို့နေလူထု ၂.၅ သန်းအား ပြင်ပသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ဘဲ အိမ်တွင်း၌သာ နေထိုင်ပေးကြရန် ကြာသပတေးနေ့တွင် တိုက်တွန်းလိုက်သည်။
ဒယ်ဂုအပါအဝင် အနီးတစ်ဝိုက်ရှိ မြို့များ၌ ကြာသပတေးနေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် မြို့တော်ဝန် ကွန်ယုံဂျင်က ပြည်သူများအား တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
မြို့တော်ဝန်သည် ရုပ်မြင်သံကြား သတင်းဆွေးနွေးပွဲ တစ်ခု၌ အထက်ပါအတိုင်း ပြောကြားကာ ဗဟိုအစိုးရထံမှ အကူအညီလည်း တောင်းခံလိုက်သည်။
ဒေသတွင်း မြင့်တက်လာသော ကူးစက်မှုများမှတစ်ဆင့် မြို့၏ ကျန်းမာရေး စောင့်ရှောက်မှုအစီအမံများအား ထိခိုက်လာမည်ကိုလည်း မြို့တော်ဝန်က စိုးရိမ်မှုများ ပြသခဲ့ပြီး ဆိုးလ်မြို့တော်ရှိ ဗဟိုအစိုးရအားလည်း အရေးအပါ်အကူအညီများ စီမံဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
ဖြစ်နိုင်ပါက အိမ်ထဲတွင်ပါ မျက်နှာဖုံးများ အသုံးပြုပေးကြရန် ဒယ်ဂုမြို့တော်သားများအား မြို့တော်ဝန်က ထပ်လောင်း ပြောကြားခဲ့သည်။
လူနာ ၃၅ ဦးအနက် ၂၈ ဦးသည် ဗိုင်းရပ်ကူးစက်ခံထားရကြောင်း အတည်ပြုထားသည့် လူနာနှင့် ဘုရားကျောင်းအတူ တက်ခဲ့သူများဖြစ်ကြောင်း တောင်ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက သတင်းထုတ်ပြန်ထားသည်။ အဆိုပါလူနာသည် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး လတ်တလော နိုင်ငံရပ်ခြား ခရီးသွားလာထားသော မှတ်တမ်းများ မတွေ့ရှိရကြောင်း စင်တာ အရာရှိများက ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၉ ရက် ဗုဒ္ဓဟူးနေ့၌ ဒယ်ဂုတွင် တွေ့ရှိခဲ့သည့် ကူးစက်ခံထားရသူ ၁၃ ဦးအနက် ၁၁ ဦးမှာလည်း အဆိုပါအမျိုးသမီးနှင့် ဘုရားကျောင်း အတူတက်ခဲ့သူများ သို့မဟုတ် ဆေးရုံ၌ အမျိုးသမီးနှင့် အနီးကပ်ရှိခဲ့သူများ ဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးစင်တာ၏ ပြောကြားချက်များအရ သိရသည်။
ဒယ်ဂုမြို့တော်အပါအဝင် အနီးတစ်ဝိုက်ရှိမြို့များနှင့် ဆိုးလ်မြို့တွင်း ဧရိယာတစ်ဝိုက်၌ ရောဂါကူးစက်မှု များပြားလာသော်လည်း စတင်ပျံ့နှံ့သည့် မူလအကြောင်းရင်းကို ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ထို့အတွက် နိုင်ငံတွင်း၌ ကျန်းမာရေးအာဏာပိုင်များ ခြေရာမခံမိသော ရောဂါကူးစက်ခံထားရသူ အများအပြား ရှိနေနိုင်ကြောင်း စိုးရိမ်ပူပန်မှုများလည်း လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်။
COVID-19 ဟု တရားဝင်အမည်ပေးထားသည့် ကိုရိုနာဗိုင်းရပ်သစ်ကူးစက်သူ စုစုပေါင်းသည် တောင်ကိုရီးယားတွင် ၈၂ ဦးရှိသွားပြီ ဖြစ်သည်။