- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
စင်္ကာပူတွင် ဘိန်းဖြူသယ်ဆောင်မှုကြောင့် သေဒဏ်ချမှတ်ထားသူကို ကွပ်မျက်
ကာလကြာရှည်စွာ တရားရေးတိုက်ပွဲကို ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံတကာ၏ဝေဖန်မှုများနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုမှုများရှိနေသော်လည်း စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူ မလေးရှားနိုင်ငံသားတစ်ဦးကို ဗုဒ္ဓဟူးနေ့က စင်္ကာပူတွင် ကွပ်မျက်လိုက်ကြောင်း ၎င်း၏ မိသားစုက ပြောကြားသည်။
28 Apr 2022

DMG ၊ ဧပြီ ၂၈
ကာလကြာရှည်စွာ တရားရေးတိုက်ပွဲကို ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံတကာ၏ဝေဖန်မှုများနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုမှုများရှိနေသော်လည်း စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူ မလေးရှားနိုင်ငံသားတစ်ဦးကို ဗုဒ္ဓဟူးနေ့က စင်္ကာပူတွင် ကွပ်မျက်လိုက်ကြောင်း ၎င်း၏ မိသားစုက ပြောကြားသည်။
အချို့သောကမ္ဘာ့အပြင်းထန်ဆုံး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကမ္ဘာ့အပြင်းထန်ဆုံး ဥပဒေများရှိသည့် စင်္ကာပူနိုင်ငံတွင် နဂအင်ဒရန်ကေဒါမလင်ဂန်သည် ၂၀၀၉ ခုနှစ်က ဘိန်းဖြူ အနည်းငယ် (စားပွဲတင်ဇွန် ၃ဇွန်းစာခန့်) မှောင်ခိုကူးမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး နောက်နှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်။
နဂအင်ဒရန်အား ကြိုးဆွဲချ ကွပ်မျက်မည့်အစီအစဉ်သည် သူ၏ဉာဏ်ရည်ဉာဏ်သွေး မသန်စွမ်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် ဗြိတိန် ဘီလျံနာ ရစ်ချက်ဘရန်ဆန်တို့က အဆိုပါအစီအစဉ်အား ပြစ်တင်ရှုတ်ချခဲ့ကြသည်။
နဂအင်ဒရန်သည် တရားရေးဆိုင်ရာ စိန်ခေါ်မှုများကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့ကို စင်ကာပူတရားရုံးများက ပယ်ချခဲ့သည်။ ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုမှုကိုလည်း စင်္ကာပူသမ္မတက ပယ်ချခဲ့သည်။
အသက် ၃၄ နှစ်အရွယ် အဆိုပါအမျိုးသားသည် မကြာသေးမီနာရီပိုင်းအတွင်း ကွပ်မျက်ခံခဲ့ရကြောင်း ၎င်း၏ညီမ ဆာမီလာဒါမလင်ဂန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
“သူ့အသက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေပေမယ့် စင်ကာပူက သေဒဏ်ပေးခဲ့တာ မယုံနိုင်စရာပါပဲ” ဟု မလေးရှားနိုင်ငံမှ သူမက ပြောသည်။
မိသားစုသည် အလွန်ဝမ်းနည်းကြေကွဲခဲ့ရပြီး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။
သေဒဏ်ကို ဆန့်ကျင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) ဖြစ်သည့် Reprieve က နဂအင်ဒရန် သည် "ကြေကွဲဖွယ် မှားယွင်းစီရင်ခြင်း၏ သားကောင်ဖြစ်သည်" ဟု ပြောကြားခဲ့သည်။
“ဉာဏ်ရည်မသန်စွမ်းသူ၊ စိတ်ကျန်းမာရေးမကောင်းသူ တစ်ဦးကို ကြိုးဆွဲချကွပ်မျက်ခြင်းဟာ တရားမျှတမှုမရှိသလို စင်ကာပူက လက်မှတ်ရေးထိုးဖို့ ရွေးချယ်ထားတဲ့ နိုင်ငံတကာ ဥပဒေတွေကို ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်တယ်” ဟု အဖွဲ့၏ဒါရိုက်တာ မာရာဖိုရာက ပြောကြားသည်။