- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
မွတ်ဆလင်များ အမျက်ထွက်နေကြသဖြင့် ပြင်သစ်နိုင်ငံသားများ သတိထားရန် အစိုးရထုတ်ပြန်
တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းအပေါ် မကျေနပ်မှုများ တိုးပွားလာနေသဖြင့် မွတ်ဆလင်အများစုရှိရာ နိုင်ငံများတွင် ရောက်ရှိနေကြသော ပြင်သစ်နိုင်ငံသားများ အနေဖြင့် လုံခြုံရေးကို အထူးသတိထား ကြရန် ပြင်သစ်အစိုးရက အင်္ဂါနေ့တွင် သတိပေးလိုက်သည်။
29 Oct 2020

တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းအပေါ် မကျေနပ်မှုများ တိုးပွားလာနေသဖြင့် မွတ်ဆလင်အများစုရှိရာ နိုင်ငံများတွင် ရောက်ရှိနေကြသော ပြင်သစ်နိုင်ငံသားများ အနေဖြင့် လုံခြုံရေးကို အထူးသတိထား ကြရန် ပြင်သစ်အစိုးရက အင်္ဂါနေ့တွင် သတိပေးလိုက်သည်။
ပြင်သစ်ရှိ စာသင်ကျောင်းတစ်ခုတွင် အောက်တိုဘာလ ၁၆ ရက်နေ့က ကျောင်းဆရာတစ်ဦး ခေါင်းဖြတ် အသတ်ခံခဲ့ရသည်။ အဆိုပါ ကျောင်းဆရာသည် လွတ်လပ်စွာပြောရေးဆိုခွင့် ပြည်သူ့နိတိသင်ခန်းစာများ ပို့ချချိန်၌ တပည့်များအား တမန်တော်မိုဟာမက် ကာတွန်းရုပ်ပြောင်များကို ပြသခဲ့သည်။
ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်နှင့် မော်ရီတေးနီးယား နိုင်ငံများတွင် ရောက်ရှိနေသော ပြင်သစ်နိုင်ငံသားများ အတွက် လုံခြုံရေးအကြံပေးချက် တစ်ရပ်အား အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။
“သတိဝီရိယဖြင့် နေထိုင်ကြရန်၊ အထူးသဖြင့် ခရီးသွားချိန်၊ ကမ္ဘာလှည့်ခရီးသည်များ ပြည်ပနိုင်ငံသားများ အသွားအလာများသည့် နေရာများတွင် သတိဖြင့်သွားလာကြရန်” တိုက်တွန်းချက်တွင် ထည့်သွင်းဖော်ပြထားသည်။
တူရကီရှိ ပြင်သစ်သံရုံးကလည်း အလားတူသတိပေးချက် ထုတ်ပြန်ခဲ့သည်။ ပြင်သစ်သည် အင်ကာရာရှိ ပြင်သစ်သံအမတ်ကိုလည်း ပြည်လည်ခေါ်ယူထားသည်။
ပါကစ္စတန်နိုင်ငံကလည်း တနင်္လာနေ့တွင် ပါကစ္စတန်သံအဖွဲ့ကို ပြင်သစ်မှ ပြန်လည်ခေါ်ယူရန် အဆိုတစ်ရပ်ကို ပါလီမန်တွင် တင်သွင်းခဲ့သည်။
မိုဟာမက်ကာတွန်းအပေါ် မွတ်ဆလင်နိုင်ငံ အများအပြားက ကန့်ကွက်ပြစ်တင်လျက်ရှိသော်လည်း အချို့နိုင်ငံများတွင် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်လာစေရန်အတွက် ထိန်းသိမ်းမှုများလည်း ရှိနေသည်။
ဆော်ဒီဆိုလျှင် ကာတွန်းကို ရှုတ်ချသော်လည်း အခြား မွတ်ဆလင်နိုင်ငံများ ပူးပေါင်းပြီး ပြင်သစ်ထုတ်ကုန်များနှင့် လုပ်ငန်းများကို သပိတ်မှောက်မည့် အရေးတွင် မပါဝင်ဘဲ ကျန်နေခဲ့သည်။
မိုဟာမက်ကယ်ရီကေးချား ရုပ်ပြောင်များအား မွတ်ဆလင်ဘာသာဝင်များသည် စော်ကားမှုတစ်ခုအဖြစ် မှတ်ယူကြသည်။