- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
မြန်မာကို လက်နက်ရောင်းချမှု တားမြစ်ရေး ကုလ အထွေထွေညီလာခံတွင် ဆွေးနွေးမည်
မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှုကို “ချက်ချင်း ဆိုင်းငံ့ရေး” မူကြမ်းတစ်ရပ်အား မေလ ၁၈ ရက်နေ့ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် ထည့်သွင်းစဉ်းစားရန် စီစဉ်ထားကြောင်း ကုလအရာရှိတစ်ဦးက မေလ ၁၆ ရက်နေ့က ပြောကြားလိုက်သည်။
18 May 2021

DMG | မေ ၁၈
မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှုကို “ချက်ချင်း ဆိုင်းငံ့ရေး” မူကြမ်းတစ်ရပ်အား မေလ ၁၈ ရက်နေ့ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် ထည့်သွင်းစဉ်းစားရန် စီစဉ်ထားကြောင်း ကုလအရာရှိတစ်ဦးက မေလ ၁၆ ရက်နေ့က ပြောကြားလိုက်သည်။
အထွေထွေညီလာခံသို့ တင်သွင်းမည့် မူကြမ်း၌ “လက်နက်၊ ခဲယမ်းမီးကျောက်နှင့် အခြားသော စစ်ဘက်ဆိုင်ရာ ပစ္စည်းများအား မြန်မာနိုင်ငံသို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းလမ်းများဖြင့် ထောက်ပံ့ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်းများကို ချက်ချင်း ဆိုင်းငံ့ရန်” ထည့်သွင်းဖော်ပြထားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်သော စည်းကမ်းများအား အဖွဲ့ဝင်နိုင်ငံတိုင်း လိုက်နာရသော်လည်း အထွေထွေညီခံလာခံက ချမှတ်သော စည်းကမ်းများကိုမူ မဖြစ်မနေလိုက်နာရန် မလိုအပ်ပေ။
အထွေထွေညီလာခံတွင် တညီတညွတ်တည်း ဆုံးဖြတ်ချက် မကျနိုင်ပါက အဖွဲ့ဝင် ၁၉၃ နိုင်ငံသည် မဲခွဲဆုံးဖြတ်ကြမည် ဖြစ်သည်။
ယခုညီလာခံသည် လူကိုယ်တိုင် တက်ရောက်ကျင်းပကြမည် ဖြစ်ကြောင်း ကုလ ပြောခွင့်ရပုဂ္ဂိုလ်က AFP သို့ ပြောကြားသည်။